Food & Livestock



မလေးရှား ဆန်စပါးလုပ်ငန်းများအဖွဲ့ချုပ်က သွင်းကုန်ဆန် ဈေးတက်ကြောင်း ကြေညာ

မလေးရှား ဆန်စပါးလုပ်ငန်းများအဖွဲ့ချုပ်က သွင်းကုန်ဆန် ဈေးတက်ကြောင်း ကြေညာ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ပြည်ပမှ တင်သွင်းသည့် ဆန်ဖြူတစ်တန်လျှင် ယခင် ရင်းဂစ် ၂,၃၅၀ မှ ယခု ရင်းဂစ်  ၃,၂၀၀ သို့ တိုးမြှင့်ကြောင်း မလေးရှား ဆန်စပါးအဖွဲ့ချုပ် Bernas က စက်တင်ဘာလ ၁ ရက်တွင် ကြေညာသည်။ ကြေညာသည့်အချိန်မှစ၍ ဈေးနှုန်းအသစ် သက်ရောက်ပါသည်။

 

မလေးရှားနိုင်ငံ ဆန်စပါးလုပ်ငန်းကဏ္ဍတွင် နိုင်ငံအဆင့် မိတ်ဖက်များအဖြစ် ဖွဲ့စည်းထားသည့် Padiberas Nasional Bhd (Bernas) နှင့် ၎င်း၏ ကုမ္ပဏီစုသည် စပါး ဝယ်ယူခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်ပမှ ဆန်တင်သွင်းခြင်း၊ ဆန်စပါး သိုလှောင်ခြင်း၊ ဆန်ဖြန့်ဖြူးခြင်းနှင့် ဈေးကွက်တင်ခြင်းတို့ကို လုပ်ဆောင်ပါသည်။

 

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တင်သွင်းသည့်ဆန်စျေးနှုန်းများ မြင့်တက်မှုကို Bernas မှ အကုန်အကျ ခံခဲ့ကြောင်း၊ ယခု ဈေးနှုန်း ချိန်ညှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

လက်ရှိဖြစ်ပေါ်နေသော မသေချာမရေရာမှု မြင့်မားမှုနှင့် လုပ်ငန်းတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ရေရှည်ရှင်သန်နိုင်စွမ်းရှိစေရေး အရေးကြီးခြင်းတို့ကြောင့် ဈေးနှုန်းချိန်ညှိမှုများကို ရှောင်လွှဲ၍ မရနိုင်ကြောင်း ပြောကြားသည်။

 

မလေးရှား၏ ဆန်ထောက်ပံ့မှု တည်ငြိမ်ပြီး နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက် ရရှိစေရန် အစိုးရနှင့် ကမ္ဘာ့ဆန်စပါးလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

“အခြေအနေ ပုံမှန်ပြန်ဖြစ်ပြီ ဆိုတာနဲ့ Bernas က နိုင်ငံတကာဈေးကွက် ပေါက်ဈေးတွေကို အနီးကပ်စောင့်ကြည့်ပြီး ဈေးနှုန်းတွေကို ချိန်ညှိပေးမှာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ မလေးရှားက တင်သွင်းတဲ့ ဆန်ဈေးက အရှေ့တောင်အာရှမှာ အနိမ့်ဆုံး‌ဈေးနှုန်းများထဲမှ တစ်ခု ဖြစ်နေပါသေးတယ်” ဟု ၎င်းကဆိုသည်။

 

Bernas သည် နိုင်ငံတကာ ဆန်စပါးဈေးကွက် အတက်အကျ၏ ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် ကြားခံအဖြစ် ဆောင်ရွက်ကာ နိုင်ငံအတွင်း ဆန်ပြတ်လပ်မှု မရှိ တစ်သမတ်တည်း ဖြစ်နေအောင် လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Source FMT


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 September 2023 23:23
Rate this item
(0 votes)