Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်အတွင်း ပြောင်းဈေးနှုန်း ကျဆင်းနေသော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့နေရသည့်အတွက် တောင်သူများ အဆင်ပြေ

ယခုနှစ်အတွင်း ပြောင်းဈေးနှုန်းများ ကျဆင်းနေသော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့နေရသည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေကြောင်း Universe Livestock and Agriculture Corn Seeds Agua & Swine Feed Trading Co.,Ltd.မှ ဦးခင်စိုး၏ ပြောပြချက်အရ သိရသည်။

 

''ဈေးကမကျတော့ဘူး။ တက်လည်း မတက်ဘူး။ အခြေအနေက မှန်းလို့မရသေးဘူး။ လက်ရှိ ထိုင်းနိုင်ငံကို တင်ပို့နေရလို့ တောင်သူတွေ အဆင်ပြေတယ်'' ဟု ဦးခင်စိုးက ပြောသည်။

 

လတ်တလောတွင် ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် အစေ့ထုတ်ပြောင်းကား အစီးရေ ၇ဝ ဝန်းကျင် တင်ပို့နေပြီး တန်ချိန် ၂ဝဝဝ နီးပါး တင်ပို့နေကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

ယခင်က ပြည်တွင်းမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့သော်လည်း တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပိတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံသို့ ဈေးကွက်ပြောင်းလဲ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  သွေးတွင်းအဆီ လျော့နည်းစေတဲ့ အစားအစာ ၅ မျိုး

 

အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် တခြားပြည်နယ်တို့၌လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ လတ်တလောတွင် အစေ့ထုတ် ပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝ မှ ၄ဝဝ ကြားအထိ ဈေးနှုန်း ရရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Friday, 07 June 2019 15:27
Rate this item
(1 Vote)