Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာ တာယာကုမ္ပဏီကြီးများ၏ ကန့်သတ်ချက်ကြောင့် ရော်ဘာတိုးချဲ့စိုက်ပျိုးရန် ခက်ခဲလာ

သစ်တောမြေတွင် စိုက်ပျိုးထုတ် လုပ်သည့် ရော်ဘာကုန်ကြမ်းကို နိုင်ငံတကာ တာယာကုမ္ပဏီကြီး များက

မဝယ်ယူခြင်းကြောင့် မြန် မာနိုင်ငံ၌ ရော်ဘာစိုက်ဧက တိုးချဲ့ရန်ခက်ခဲလာကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း အတွင်းရေးမှူး ဦး မြင့်ခိုင်က ပြောသည်။

 

၂၀၁၆ နောက်ပိုင်းက စတင် ၍ သဘာဝပတ်ဝန်းကျင်နှင့် ရာသီ ဥတုပြောင်းလဲပြီး ကမ္ဘာကြီးပူနွေး လာမှုကို ကာကွယ်ရန်နိုင်ငံတကာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ က သစ်တောမြေတွင် စိုက်ပျိုး ထုတ်လုပ်သည့် ရော်ဘာကုန် ကြမ်းများကို နိုင်ငံတကာတာယာ ကုမ္ပဏီကြီးများက မဝယ်ယူရန် စီစဉ်ခဲ့ကြောင်း ၎င်းကဆိုသည်။

 

‘‘တာယာကုမ္ပဏီကြီးတွေက မလိုက်နာရင် သုံးစွဲသူတွေကသူတို့ ထုတ်ကုန်တွေ ဝယ်မသုံးဘူးဆိုတဲ့ တားမြစ်ချက်တွေ ထုတ်ထား တယ်’’ ဟု ဦးခိုင်မြင့်ကပြောသည်။

 

ရော်ဘာစိုက်ဧက ၁ ဒသမ၆၅ သန်းရှိသော မြန်မာနိုင်ငံအနေ ဖြင့် ရော်ဘာကို မြေလွတ်မြေရိုင်းများတွင် အများဆုံးစိုက်ပျိုးသော် လည်း သစ်တောမြေ၌ စိုက်ပျိုးမှုလည်းရှိသည်ဟု ဘီးလင်းမြို့နယ်နေ ရော်ဘာခြံရှင်တစ်ဦးကဆို သည်။

နိုင်ငံတကာရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များက သဘာဝရော် ဘာ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင် ရန် အချက်ငါးချက်ကို ထုတ်ပြန် ထားသည်။

 

အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရန်၊ အရည်အသွေး ကောင်းသည့် ရော်ဘာကုန်ကြမ်း များ ထုတ်လုပ်ရန်၊ ၂၀၁၆ နောက် ပိုင်းကစ၍ သစ်တောမြေတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်ခြင်း မပြုလုပ် ရန် ရော်ဘာလုပ်ငန်း၌ ရေအလွန် အကျွံ သုံးစွဲခြင်းနှင့် သဘာဝပတ် ဝန်းကျင် ထိခိုက်စေမည့် ရေဆိုး များ စွန့်ထုတ်ခြင်း မပြုလုပ်ရန် ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းတွင် အဓမ္မအလုပ်ခိုင်းစေ မှုနှင့် ကလေးသူငယ်များအလုပ် ခိုင်းစေမှုတို့ မပြုလုပ်ရန် ထုတ် ပြန်ထားသည်။

 

ထုတ်ပြန်ချက်ငါးချက်တွင် ပါဝင်သည့် သစ်တောမြေ၌ ရော် ဘာမစိုက်ပျိုးနိုင်ရန် သတ်မှတ် ချက်နှင့် ဆက်စပ်၍ ဆောင်ရွက် ချက်များကို ဗီယက်နမ်နိုင်ငံက စတင်ကြုံတွေ့ခဲ့ရသည်ဟု မြန်မာ နိုင်ငံရှိ ရော်ဘာလုပ်ငန်းရှင် အချို့ က ပြောသည်။ ဗီယက်နမ်နိုင်ငံ တွင် ရော်ဘာများကိုသစ်တော မြေဧရိယာ၌ အများဆုံးစိုက်ပျိုးပြီး ပြင်သစ်တာယာ ကုမ္ပဏီ တစ်ခုက ဗီယက်နမ်မှ ရော်ဘာကုန်ကြမ်း ဝယ်ယူမှုကိုရပ်နားသည်ဟု ၎င်း တို့က ရှင်းပြသည်။

 

သစ်တောမြေတွင် ရော်ဘာ စိုက်ပျိုးမှု မပြုလုပ်ရန် ကန့်သတ် ချက်သည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ ဖြိုးမှုအားနည်းသည့် နိုင်ငံများအ တွက် စိန်ခေါ်မှုဖြစ်လာကြောင်း ဘီးလင်းမြို့နယ်နေ ရော်ဘာခြံပိုင် ရှင်တစ်ဦးကပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:43
Rate this item
(1 Vote)