Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲ သခွား စိုက်ပျိုး ထုတ်လုပ်မှု ပိုမိုတိုးတက်စေရေး ၂ဝ၂ဝ-၂ဝ၂၅ ပို့ကုန်မဟာဗျူဟာ ရေးဆွဲမည်

<<<< Unicode ျဖင့္ဖတ္ရန္ >>>>>

 

ဖရဲ သခွား စိုက်ပျိုး ထုတ်လုပ်မှု ပိုမိုတိုးတက်စေရေး ၂ဝ၂ဝ-၂ဝ၂၅ ပို့ကုန်မဟာဗျူဟာ ရေးဆွဲမည်

ဖရဲ၊  သခွားစိုက်ပျိုး ထုတ်လုပ်မှု   ပိုမိုတိုးတက်စေရေးအတွက်  ၂ဝ၂ဝ-၂ဝ၂၅  ပို့ကုန်မဟာဗျူဟာ ရေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) စီမံကိန်း မန်နေဂျာ ဒေါက်တာဝါဝါထွန်း၏ ပြောဆိုချက်အရ သိရသည်။


အဆိုပါပို့ကုန် မဟာဗျူဟာရေးဆွဲမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး၌ သြဂုတ် လကုန်ပိုင်းက   ကနဦးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ထပ်မံပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို  စက်တင်ဘာ ၂၅ ရက်တွင် အစိုးရမှ ဦးဆောင်ကာ နေပြည်တော်ရှိ  M  Gallery  Hotel ၌  ကျင်းပသည်။


Agar ကျောက်ကျောထုတ်လုပ်ငန်းပေါင်း ၈ ခုကိုရှာရန်နှိပ်ပါ။


''ဖရဲ၊ သခွားပို့ကုန် မဟာဗျူဟာအတွက် Winrock  International နဲ့ပူးပေါင်း လုပ်ဆောင်ဖို့ ရှိပါတယ်။  ဒါပေမဲ့  သက်ဆိုင်ရာ ပညာရှင်မရှိဘဲ သြဂုတ်လက ချိတ်ဆက်မိတဲ့အတွက် အခုလမှ  စလုပ်ဖြစ်တာပါ။  အခု  အလုပ်ရုံဆွေးနွေးပွဲက တော့ ၂ဝ၂ဝ ပြည့်နှစ်ကနေ ၂ဝ၂၅ ခုနှစ် အထိ ငါးနှစ်တာ မဟာဗျူဟာဖြစ်အောင် ရေးဆွဲမှာပါ''  ဟု ဒေါက်တာဝါဝါထွန်းက ပြောသည်။


လက်ရှိတွင် ဖရဲ၊သခွား ပို့ကုန်မဟာ ဗျူဟာရရှိလာစေရန် အစိုးရအဖွဲ့အစည်းများ၊  ပုဂ္ဂလိက အဖွဲ့အစည်းများ၊  အစိုးရ မဟုတ်သော    အကူအညီပေးရေး အဖွဲ့အစည်းများ၊  ဖရဲ၊  သခွား စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များ   ပါဝင်ဆွေးနွေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


Cashew Nuts မြေပဲသီဟိုဠ်စေ့ထုတ်လုပ်ငန်းပေါင်း ၁၆ ခုကိုရှာရန်နှိပ်ပါ။


''အရင်တုန်းကတော့  တင်ပို့မှုတွေက တစ်ယောက်ချင်းစီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတယ်။ ဒီမဟာဗျူဟာထဲမှာတော့ စိုက်ပျိုး ထုတ်လုပ်မှုကနေ တင်ပို့ရောင်းချ တဲ့အထိ အစအဆုံး ကဏ္ဍစုံကို ဆွေးနွေးပြီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချတဲ့ ကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံပြီး အကျိုးသက်ရောက်စေမှာပါ'' ဟု ဒေါက်တာဝါဝါထွန်း ကပြော သည်။


လက်ရှိရေးဆွဲမည့် ဖရဲ၊သခွားပို့ကုန် မဟာဗျူဟာတွင် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ၊ စျေးကွက်ဆိုင်ရာ၊ သွင်းအားစုကဏ္ဍ၊ ငွေကြေးကဏ္ဍ   စသည့် အခန်းကဏ္ဍများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။


Read More >>>>>   ပင်လယ်ငါး ဝင်ရောက်မှုများသည့်အတွက် ငါးခြောက်စျေးနှုန်း ပိုမိုကျဆင်း


Source: Myawady

 

 

ဖရဲ သခြား စိုက္ပ်ဳိး ထုတ္လုပ္မႈ ပိုမိုတိုးတက္ေစေရး ၂ဝ၂ဝ-၂ဝ၂၅ ပို႕ကုန္မဟာဗ်ဴဟာ ေရးဆြဲမည္

 

ဖရဲ၊  သခြားစိုက္ပ်ဳိး ထုတ္လုပ္မႈ   ပိုမိုတိုးတက္ေစေရးအတြက္  ၂ဝ၂ဝ-၂ဝ၂၅  ပို႔ကုန္မဟာဗ်ဴဟာ ေရးဆြဲမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ  သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း (MFVP) စီမံကိန္း မန္ေနဂ်ာ ေဒါက္တာဝါဝါထြန္း၏ ေျပာဆိုခ်က္အရ သိရသည္။


အဆိုပါပို႔ကုန္ မဟာဗ်ဴဟာေရးဆြဲမႈႏွင့္ ပတ္သက္၍ မႏၲေလးတိုင္း ေဒသႀကီး၌ ၾသဂုတ္ လကုန္ပိုင္းက   ကနဦးအလုပ္႐ုံ ေဆြးေႏြးပြဲ က်င္းပခဲ့ၿပီး ထပ္မံျပဳလုပ္သည့္ အလုပ္႐ုံေဆြးေႏြးပြဲကို  စက္တင္ဘာ ၂၅ ရက္တြင္ အစိုးရမွ ဦးေဆာင္ကာ ေနျပည္ေတာ္ရွိ  M  Gallery  Hotel ၌  က်င္းပသည္။

 

Agar ေက်ာက္ေက်ာထုတ္လုပ္ငန္းေပါင္း ၈ ခုကိုရွာရန္ႏွိပ္ပါ။


''ဖရဲ၊ သခြားပို႔ကုန္ မဟာဗ်ဴဟာအတြက္ Winrock  International နဲ႔ပူးေပါင္း လုပ္ေဆာင္ဖို႔ ရွိပါတယ္။  ဒါေပမဲ့  သက္ဆိုင္ရာ ပညာရွင္မရွိဘဲ ၾသဂုတ္လက ခ်ိတ္ဆက္မိတဲ့အတြက္ အခုလမွ  စလုပ္ျဖစ္တာပါ။  အခု  အလုပ္႐ုံေဆြးေႏြးပြဲက ေတာ့ ၂ဝ၂ဝ ျပည့္ႏွစ္ကေန ၂ဝ၂၅ ခုႏွစ္ အထိ ငါးႏွစ္တာ မဟာဗ်ဴဟာျဖစ္ေအာင္ ေရးဆြဲမွာပါ''  ဟု ေဒါက္တာဝါဝါထြန္းက ေျပာသည္။


လက္ရွိတြင္ ဖရဲ၊သခြား ပို႔ကုန္မဟာ ဗ်ဴဟာရရွိလာေစရန္ အစိုးရအဖြဲ႕အစည္းမ်ား၊  ပုဂၢလိက အဖြဲ႕အစည္းမ်ား၊  အစိုးရ မဟုတ္ေသာ    အကူအညီေပးေရး အဖြဲ႕အစည္းမ်ား၊  ဖရဲ၊  သခြား စိုက္ပ်ဳိးထုတ္လုပ္သည့္ ေတာင္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ား   ပါဝင္ေဆြးေႏြး လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Cashew Nuts ေျမပဲသီဟိုဠ္ေစ့ထုတ္လုပ္ငန္းေပါင္း ၁၆ ခုကိုရွာရန္ႏွိပ္ပါ။


''အရင္တုန္းကေတာ့  တင္ပို႔မႈေတြက တစ္ေယာက္ခ်င္းစီ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လုပ္ေနၾကတယ္။ ဒီမဟာဗ်ဴဟာထဲမွာေတာ့ စိုက္ပ်ဳိး ထုတ္လုပ္မႈကေန တင္ပို႔ေရာင္းခ် တဲ့အထိ အစအဆုံး က႑စုံကို ေဆြးေႏြးၿပီး စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႔ေရာင္းခ်တဲ့ က႑တစ္ခုလုံးကို လႊမ္းၿခဳံၿပီး အက်ဳိးသက္ေရာက္ေစမွာပါ'' ဟု ေဒါက္တာဝါဝါထြန္း ကေျပာ သည္။


လက္ရွိေရးဆြဲမည့္ ဖရဲ၊သခြားပို႔ကုန္ မဟာဗ်ဴဟာတြင္ စိုက္ပ်ဳိးထုတ္လုပ္မႈ နည္းပညာ၊ ေစ်းကြက္ဆိုင္ရာ၊ သြင္းအားစုက႑၊ ေငြေၾကးက႑   စသည့္ အခန္းက႑မ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

 

Read More >>>>>   ပင္လယ္ငါး ဝင္ေရာက္မႈမ်ားသည့္အတြက္ ငါးေျခာက္ေစ်းႏႈန္း ပိုမိုက်ဆင္း

 

Source: Myawady

 

 

Read times Last modified on Tuesday, 18 February 2020 10:09
Rate this item
(0 votes)