Food & Livestock



ကမ္ဘောဒီးယားဆန် ၈လတာတွင် ဒေါ်လာ သန်း ၂၇၀ ကျော်ဖိုး တင်ပို့ခဲ့

ကမ္ဘောဒီးယားဆန် ၈လတာတွင် ဒေါ်လာ သန်း ၂၇၀ ကျော်ဖိုး တင်ပို့ခဲ့

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

ယခုနှစ်  ဇန်နဝါရီမှ ဩဂုတ်လအထိ ၈ လတာ ကာလအတွင်း ကမ္ဘောဒီးယားဆန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၈ ဒသမ ၆ သန်း ရရှိခဲ့သည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း ဆန် ၄၀၁,၆၉၉ တန် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) မှ ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဆန်ကို နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ထိပ်တန်းဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေသည်။

တရုတ်နိုင်ငံသို့ ဆန် ၁၄၃,၈၁၈ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၉၁.၆ သန်း ရရှိခဲ့သည်။

 

CRF ဥက္ကဋ္ဌ Chan Sokheang က ၂၀၂၃ တစ်နှစ်တာတွင် ဆန်တန်ချိန် ၇ သိန်း တင်ပို့ရန် ရည်မှန်းထားသည်။

တရုတ်ပြည်သို့ နှစ်စဉ် ဆန်တန်ချိန် ၄ သိန်းလတက်ပို့ရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

 

 တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပန်ဆန်များ ပါဝင်သည်။  

Source  Xinhua

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 17 September 2023 20:07
Rate this item
(0 votes)