Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဆန်ဈေးကွက် ပြန်ဖွင့်ချိန်တွင် အဝယ်အေးနေသော်လည်း ဆန်ကွဲ အရောင်းသွက်နေ

သင်္ကြန်ကာလအပြီး ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ဈေးကွက်ပြန်ဖွင့်ချိန်တွင် ဆန်အဝယ် အေးနေသော်လည်း ဆန်ကွဲအရောင်းသွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း(ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။

 

ယနေ့တွင် ဈေးကွက်အတွင်းသို့  ဆန်အိတ် နှစ်သောင်းဝန်းကျင် ဝင်ရောက်ခဲ့ပြီး ဆန်ကွဲအိတ်ရေ ငါးထောင်ဝန်းကျင် ဝင်ရောက်ကြောင်း သိရသည်။

 

ထို့ပြင်   ယနေ့တွင်  ၂၅  မှတ်ဆန်တစ်အိတ်လျှင်  ငွေကျပ် ၁၇၅ဝဝ၊  ဆန်ကွဲတစ်အိတ်လျှင်  ငွေကျပ် ၁၅၅ဝဝ မှ  ၁၆၂ဝဝ  ဝန်းကျင်ဖြင့်    အရောင်းအဝယ်ဖြစ်နေကြောင်း၊  ပြီးခဲ့သည့်လအတွင်း ဝယ်လက်  ပျောက်ခဲ့သည့်အတွက် အခြေခံဈေးတစ်အိတ်လျှင်  ငွေကျပ် ၁၉၅ဝဝ ဖြင့်  ဝယ်ယူရန် သတ်မှတ်ခဲ့သော ရက် ၉ဝ ဆန်မှာ သင်္ကြန် မတိုင်မီက ဈေးကွက်ပြန်လည် လှုပ်ခတ်ခဲ့ရာ ငွေကျပ် ၂ဝ၅ဝဝ   ဝန်းကျင်ဖြင့်  အရောင်းအဝယ်  ပြန်လည်ဖြစ်ခဲ့သော်လည်း လတ်တလောတွင်   အဝယ်မလိုက်သေးကြောင်း သိရသည်။

 

''လောလောဆယ်  အဝယ်မရှိသေးဘူး။ အဝယ်သမားတွေကတော့  စောင့်ကြည့်နေတုန်းပဲ။ သင်္ကြန်မတိုင်မီကတည်းက အမြင့်ဈေးနဲ့ မျှောဝယ်ထားတာတွေတော့ ရှိတယ်။

 

Read More>>>>>>  တရုတ်ဖရဲသီးပေါ်တဲ့ ရာသီဖြစ်တာကြောင့် မူဆယ်ဖရဲဈေးနှုန်းများ ကျဆင်းလာ

 

ဈေးကွက်ကလည်း ဒီနေ့မှစဖွင့်တာ ဆိုတော့ ဈေးကွက်အခြေအနေ မတည်ငြိမ်သေးတော့ မပို့ရဲသေးဘူး။ နယ်ဘက်ကလည်း  မပို့ရဲသေးဘူး။ ဒီဘက်ကလည်း  မဝယ်ရဲသေးဘူး'' ဟု ဦးသန်းဦးကပြောသည်။

 

ရက်  ၉ဝ  ဆန်မှာ  သက်တမ်းတို စပါးများဖြစ်ကာ   ဈေးကွက်ရှိသောကြောင့်   လယ်သမားများမှ  အားထားစိုက်ပျိုးခဲ့ရာ    ယခုနှစ် နွေစပါးပေါ်ချိန်တွင်  အထွက်နှုန်း  ကောင်းမွန်သော်လည်း ဝယ်လိုအားနည်းပါး၍  ဈေးကွက် အတွင်း   ဈေးကျနေခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂအပြင်  တရုတ်နယ်စပ်မှလည်း ယင်းဆန်များအား   ပိုမို ဝယ်ယူခဲ့ပြီး ယခုနှစ်တွင် တရုတ်နယ်စပ် ထွက်ပေါက်များ ပိတ်ထားသည့်အတွက်  ဝယ်လိုအား နည်းပါးနေခြင်း ဖြစ်ကြောင်း    သိရသည်။

 

Source: Myawaddy

Read times Last modified on Monday, 22 April 2019 12:21
Rate this item
(1 Vote)