Food & Livestock



မလေးရှားနိုင်ငံ ပြည်နယ် ၂ ခုတွင် တင်သွင်းသော ဆန်များအတွက် အစိုးရ ထောက်ပံ့ကြေး ပေးမည်

မလေးရှားနိုင်ငံ ပြည်နယ် ၂ ခုတွင် တင်သွင်းသော ဆန်များအတွက် အစိုးရ ထောက်ပံ့ကြေး ပေးမည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

မလေးရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဝန်ကြီးဌာနက ဆာဘတ်သ်ပြည်နယ် နှင့် စာရာဝပ် ပြည်နယ်တို့တွင် အောက်တိုဘာလ ၅ ရက်မှစ၍ ပြည်ပမှ တင်သွင်းသော ဆန်ဖြူတစ်တန်လျှင် ရင်းဂစ် ၉၅၀ ထောက်ပံ့မည်ဟု တနင်္လာနေ့(အောက်တိုဘာ ၂)တွင် ပြောကြားခဲ့သည်။

ပြည်တွင်းဆန်ဖြူများကို ကျေးလက်ဒေသများသို့ တိုးမြှင့်ဖြန့်ဖြူးပေးရန် ပြည်ထောင်စု စိုက်ပျိုးရေး ထုတ်ကုန် စျေးကွက်ဆိုက်ရာ အာဏာပိုင်ကို ဝန်ကြီးဌာနက တောင်းဆိုထားသည်။

 

မလေးရှား စိုက်ပျိုးရေးဝန်ကြီး မိုဟာမက်ဆာဘူက ဆန်ဈေးကြီးမြင့်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် ထောက်ပံ့ကြေးအစီအမံများကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစကြောင်း ပြောကြားသည်။

 

ဒေသတွင်း ဆန်စပါး ထောက်ပံ့ရေးကွင်းဆက်များကို စစ်ဆေးရန် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်းလည်း ၎င်းက ကြေညာသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 03 October 2023 10:44
Rate this item
(0 votes)