Food & Livestock



ဗီယက်နမ်ဆန် အများဆုံး ဝယ်ယူသည့် အရှေ့တောင်အာရှနိုင်ငံများ တိုးမြှင့်ဝယ်ယူ

ဗီယက်နမ်ဆန် အများဆုံး ဝယ်ယူသည့် အရှေ့တောင်အာရှနိုင်ငံများ တိုးမြှင့်ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှား အမျိုးသား ကုန်စည်ပို့ဆောင်ရေး အေဂျင်စီ National Logistics Agency က တင်သွင်းတဲ့ ဆန်တန်ချိန် ၅၀၀,၀၀၀ ကို တင်ဒါ‌ေခါ်မယ်လို့ ကြေညာလိုက်ပါတယ်။

ဗီယက်နမ်မှ ဆန်တန်ချိန် ၃ သိန်း၊ ထိုင်း၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့မှ စုစုပေါင်း ဆန်တန်ချိန် ၂ သိန်း ဝယ်ယူမှာ ဖြစ်ပါတယ်။

တင်ဒါအောင်တဲ့သူတွေက ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ် မတိုင်ခင် ဆန်များကို အင်ဒိုနီးရှားသို့ ပေးပို့ ရမှာ ဖြစ်ပါတယ်။

 

ဗီယက်နမ်ဆန်ကို အင်ဒိုနီးရှားက ဆက်တိုက်ဝယ်ယူ နေတာကြောင့်  တရုတ်နိုင်ငံကို ကျော်တက်ကာ ဗီယက်နမ်ဆန် ဒုတိယအများဆုံး ဝယ်ယူသူ ဖြစ်လာပါတယ်။

 

 အင်ဒိုနီးရှားက ယခုနှစ် ပထမ ကိုးလအတွင်း ဗီယက်နမ်ဆန် တန်ချိန် ၈၇၁,၀၀၀ တင်သွင်းခဲ့ပါတယ်။

 

ဗီယက်နမ်ဆန် အများဆုံးတင်သွင်းတဲ့ ဖိလစ်ပိုင်ကလည်း ဝယ်ယူမှုများ ပြန်လည်တိုးမြှင့်ခဲ့ပါတယ်။

 

ဖိလစ်ပိုင် အစိုးရက ပြည်တွင်း ဆန်ဈေးနှုန်းများကို ပများဆုံးဈေးနှုန်း တလဝန်းကျင် ပြဋ္ဌာန်းထားချိန်မှာ ၎င်းဈေးနှုန်းများက ပြည်ပမှ ဆန်တင်သွင်းသူများအတွက် တွက်ခြေမကိုက်တာကြောင့် ဗီယက်နမ်ဆန် အပါအဝင် ပြည်ပမှ ဆန်ဝယ်ယူမှုအတွက် စာချုပ်အသစ် ချုပ်ဆိုမှုများ ရပ်ဆိုင်းသွားပါတယ်။ 

အောက်တိုဘာလ ၄ ရက်တွင် ဖိလစ်ပိုင် အစိုးရက ဆန်ကြမ်းနှင့် ဆန်ချော ၂ မျိုးစလုံးအပေါ် ပြဋ္ဌာန်းထားတဲ့ အများဆုံးဈေးနှုန်း သတ်မှတ်ချက်များကို  ရုတ်သိမ်းခဲ့ပါတယ်။ 

 

ယခုနှစ် ပထမကိုးလအတွင်း ဖိလစ်ပိုင်သို့ ဗီယက်နမ်ဆန် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါး တန်ဖိုးရှိ ဆန်တန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့ခဲ့ပါတယ်။

 

ဗီယက်နမ်ဆန် တတိယအများဆုံး ဝယ်ယူသည့် တရုတ်နိုင်ငံကလည်း ဝယ်ယူမှုများ တိုးမြှင့်လျက်ရှိပါတယ်။

 

တရုတ်နိုင်ငံက ယခုနှစ် ပထမ ၉ လအတွင်း ဗီယက်နမ်ဆန် တန်ချိန် ၈၅၀,၀၀၀ တင်သွင်းခဲ့ပါတယ်။ 

 

ဗီယက်နမ်ဆန်ကို ဂါနာ၊ တူရကီနှင့် ချီလီတို့ထံ နင်ပို့မှုများလည်း ပိုများခဲ့ပါတယ်။

 

အောက်တိုဘာလ ၉ မှာ ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းများမှာ

• ၅% ဆန်ကွဲပါ ဆန် တတန်  $600-613

• ဆန်မွှေး တတန် $640-650

ဖြစ်ပါတယ်။ 

ထိုင်းဆန်ထက် $30 ဈေးပိုမြင့်ပြီး ပါကစ္စတန်ဆန်ထက် $65 ဈေးပိုများပါတယ်။

 

ဗီယက်နမ်ဆန် ပထမ ကိုးလအတွင်း ဆန်တန်ချိန် ၆ ဒသမ ၃၅ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး ရှိပါတယ်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 12 October 2023 22:32
Rate this item
(0 votes)