Food & Livestock
ရက် ၅၀ အတွင်း ကျပ် ၁၀ သိန်းအထက် ပြန်လည်မြင့်တတ်လာတဲ့ မတ်ပဲစျေးကွက်
ရန်ကုန် ပဲဈေးကွက်အတွင်း မတ်ပဲ(RC) တစ်တန် ဈေးနှုန်းသည်
ဇွန် ၁၈ ရက်တွင်ငွေကျပ် ၁၀ဝ၃၀၀၀ သို့ မြင့်တက်လာပြီး ယခုနှစ် ဧပြီ ၂၇ ရက်မှစ၍ ရက်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်ပဲ(RC) တစ်တန်ဈေးနှုန်းသည်ငွေကျပ် ၁၀ သိန်းအထက် ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် ယင်းနေ့တွင်မတ်ပဲကုန်သေတ္တာငါးလုံး (တန်ချိန် ၁၂ဝ)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ သည်။
မတ်ပဲဈေးသည်ပြီ၂၅ ရက်ကတစ်တန်လျှင် ငွေကျပ် ၁၀၀၄၀၀၀ နှုန်းဖြင့် ၁၀ သိန်းအထက်တွင် နောက်ဆုံးရှိခဲ့ပြီး ပြီ ၂၇ ရက်မှစ၍ ငွေကျပ် ၁၀ သိန်းအောက်သို့ ဈေးကျဆင်းခဲ့ကာ ယင်းနေ့တွင် ငွေကျပ် ၉၈၅ဝဝဝ နှုန်းသာ ရှိခဲ့သည်။ ထိုအချိန်မှ စ၍ ငွေကျပ် ၁၀ သိန်းအောက်တွင်သာ ရှိနေခဲ့ပြီး ဇွန် ၁၈ရက်မှ ငွေကျပ်၁၀သိန်းအထက်ပြန်ရောက် လာခြင်းဖြစ်သည်။ သို့သော် ဇွန် ၁၉ ရက်တွင် ငွေကျပ် ၁၀ သိန်းသို့ ဈေးပြန်ကျလာခဲ့ပြီး ဇွန် ၁၉ရက်တွင် ကုန်သေတ္တာ ၅၆ လုံး (တန်ချိန် ၁၃၄၄တန်) အရောင်းအဝယ်ဖြစ်ကြောင်း ရန်ကုန် | ပဲဈေးကွက် မှ သိရသည်။
မြန်မာပြည်တွင်းစားသုံးမှု နည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် အများအပြား တင်ပို့နေရသော မတ်ပဲနှင့် ပဲစင်းငုံသည်အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား အပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုများ ရှိသည်။ ၂၀၁၉ စက်တင်ဘာလဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံ အတွင်း မိုးရွာသွန်းမှုများခြင်းနှင့် ရေလွှမ်းမှုကြောင့် ကြက်သွန်နီနှင့် ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှုအပေါ် ထိခိုက်မှုရှိခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်စ တွင် မတ်ပဲတန်ချိန် တစ်သိန်းခွဲ တင်သွင်းခွင့်ပြု ခဲ့ရာမှ လိုအပ်ချက်ရှိလာသဖြင့် ထပ်မံ၍ မတ်ပဲ တန်ချိန် နှစ်သိန်းခွဲကို တင်သွင်းခွင့်ပြုခဲ့သည်။ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း မတ်ပဲတန်ချိန် လေးသိန်းကို ၂၀၂၁ မတ်လကုန် အထိ တင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယနိုင်ငံက အသိပေးထားသည်။
ယခုဘဏ္ဍာနှစ်အတွင်း အိန္ဒိယဈေးကွက်သို့မြန်မာနိုင်ငံမှ မတ်ပဲတင်ပို့နိုင်ရန် အချိန်သည် နှစ်လဝန်းကျင်သာ ကျန်ရှိတော့သည့်အတွက် အိန္ဒိယသို့ မတ်ပဲတင်ပို့နိုင်ရန် ရန်ကုန်ပဲဈေးကွက် တွင် မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံဈေးကွက်၏ဝယ်လိုအားကြောင့် မတ်ပဲဈေးနှုန်းများ ပြန်တက်လာသော်လည်း ပြည်ပဝယ်လိုအားရှိသည့်အခြား ပဲတစ်မျိုးဖြစ်သော | ပဲစင်းငုံမှာမူ မတ်ပဲကဲ့သို့ အမြင့်ဆုံးဈေးနှုန်းသို့ရောက်မလာသေးဘဲ ဇွန် ၁၈ ရက်တွင် တစ်တန် လျှင် ငွေကျပ် ၇၇၉၀၀၀ နှင့် ဇွန် ၁၉ ရက်တွင် တစ်တန်လျှင် ငွေကျပ် ၇၈၅၀၀၀ ဈေးသာရှိနေ သည်။
ဧပြီ ၂၅ ရက်ကပဲစင်းငုံနီ(RC)သည်တစ်တန် လျှင်ငွေကျပ် ၈၁၀၀၀၀အထိအမြင့်ဆုံးဈေးရောက် ခဲ့ပြီး ပြီ ၂၇ ရက်တွင် ငွေကျပ် ၈၀၀၀၀၀၊ ဇွန် ၁၃ ရက်တွင် ငွေကျပ် ၇၈၂၀၀၀ နှုန်း ရှိခဲ့ကာ လက်ရှိ အချိန်အထိ ရက် ၅၀ အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ပြန်မရောက်သေးကြောင်း သိရသည်။
Myanmar Alinn



