Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်ပြင်တွင် ငါးမဖမ်းရကာလ ပိတ်ပင်ထားမှုကို ဖြေလျှော့ ငါးဖမ်းရေယာဉ်၏ ၂၀ ရာခိုင်နှုန်း ဖမ်းဆီးခွင့်ပြု

ပင်လယ်ပြင်တွင် ငါးမ ဖမ်းရကာလအတွင်း ငါးဖမ်းခွင့် လုံးဝပိတ်ပင်ထားရာမှ ရေလုပ် သားများနှင့် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့်

အစိုးရက ငါးဖမ်းရေယာဉ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဖမ်းဆီးခွင့်ပြုခဲ့ ကြောင်း မြန်မာနိုင်ငံပင်လယ်ငါး ဖမ်းလုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဦးကျော်နိုင်က ပြော သည်။

 

ငါး၊ ပုစွန်သားပေါက် ရာ သီချိန်တွင် ငါးနှင့်သက်ရှိသယံ ဇာတများ ထိန်းသိမ်းရေး မြန်မာ့ ပင်လယ်ရှိ ငါးဖမ်းကွက် ၁၄၀ ၌ ငါးမဖမ်းရ ကာလအဖြစ် မေလ ၁၆ ရက်မှ သြဂုတ် ၁၅ ရက်အ ထိ သတ်မှတ်ထားသည်။ ယင်း သတ်မှတ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ် ပြန်ခဲ့သော်လည်း ဧပြီ ၂၀ ရက်က ငါးဖမ်းရေယာဉ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ငါးဖမ်းခွင့်ပြုကြောင်း ထပ်မံကြေညာသည်။

 

‘‘ဧပြီ ၂၀ က တရားဝင်စာ ထွက်ပြီ။ အခုကတော့ ရေလုပ်ငန်းလုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေ အဆင်ပြေသွားတာပေါ့။ နို့မို့ရင် အဲဒီကာလတစ်လျှောက်လုံး အ လုပ်မရှိ၊ ဝင်ငွေမရှိဖြစ်ပြီး လုပ် သားတွေ အခက်အခဲကြုံနိုင်ပါ တယ်’’ ဟု ဦးကျော်နိုင်က ပြော သည်။

 

ငါးမဖမ်းရ  ကာလအတွင်း ငါးဖမ်းဆီးခွင့် လုံးဝပိတ်သိမ်းပါ က ဖြစ်ပေါ်လာမည့် အခက်အခဲ များကို ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မတ်လ ဒုတိယပတ်အတွင်း တင်ပြမည် ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်မောင်စိုးက ပြောကြား သည်။

 

ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်းကို ၂၀၁၃ တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ တွင် ငါးဖမ်းဆီးခွင့်ကို ငါး ဖမ်းရေယာဉ်အားလုံး၏ ၅၀ ရာခိုင်နှုန်းနှင့် ငါးမဖမ်းကာလ ရက် ၉၀ ရှိခဲ့သည်။ ၂၀၁၆ တွင် ငါးဖမ်းဆီးခွင့်ကို ငါးဖမ်းရေယာဉ်အားလုံး၏ ၁၀ ရာခိုင်နှုန်းနှင့် ငါးမဖမ်းကာလ ရက် ၉၀  သတ်မှတ်ပြီး ၂၀၁၇ တွင် ငါးဖမ်းဆီးခွင့် သည် ငါးဖမ်းရေယာဉ်အားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ငါးမဖမ်းကာလ ရက် ၉၀ သတ်မှတ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကမ်းဝေး ငါးဖမ်းရေယာဉ် အစီးရေ သုံး ထောင်ခန့်ရှိပြီး အအေးခန်းစက်ရုံ ၂၀၀ ခန့်ရှိကာ ငါးလုပ်ငန်းမှ ရရှိ သည့် ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်း သည် ပင်လယ်ငါးဖမ်းလုပ်ငန်းမှ ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များအသင်း စာရင်းများတွင် ဖော်ပြထားသည်။

 

ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် လုပ်သားဦးရေ မှာ ငါးဖမ်းစက်လှေ လုပ်သား ခြောက်သောင်းခန့်၊ ရေခဲစက်လုပ် သား လေးထောင်ခန့်၊ ငါးတင် ငါးချ ဆိပ်ကမ်းလုပ်သား သုံး ထောင်ခန့်၊ အအေးခန်းလုပ်သား ငါးထောင်ခန့်နှင့်ငါးပိ၊ ငါးခြောက် လုပ်သား ငါးထောင်ခန့် စုစုပေါင်း ခုနစ်သောင်း ခုနစ်ထောင်ခန့်ရှိသည်။ ထို့အပြင် ငါးတင် ငါးချဆိပ်ကမ်း တံတားများတွင် ဝယ်ယူရောင်းချနေသည့် လက်လီဈေးသည်များရှိသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:27
Rate this item
(0 votes)