Food & Livestock



ဗီယက်နမ် ပင်လယ်စာ တင်ပို့မှု လျော့ကျ

ဗီယက်နမ် ပင်လယ်စာ တင်ပို့မှု လျော့ကျ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ပုစွန်တင်ပို့မှုမှာ ဒုတိယသုံးလပတ်တွင် ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယသုံးလပတ်တွင် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း Vietnam Association of Seafood Exporters and Producers(VASEP) မှ သတင်းထုတ်ပြန်ခဲ့သည်။

 

ငါးတန် တင်ပို့မှုသည် ဒုတိယသုံးလပတ်တွင် ၄၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တတိယသုံးလပတ်တွင် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

တူးနားငါး တင်ပို့မှုသည် ဒုတိယသုံးလပတ်တွင် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယသုံးလပတ်တွင် ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

 

တတိယ သုံးလပတ်တွင် စုစုပေါင်း ၁၂% ကျဆင်းခဲ့သည်။ 

 

ဗီယက်နမ် ပင်လယ်စာ ဝယ်လိုအားသည် အရှေ့အလယ်ပိုင်းဒေသတွင် မြင့်တက်ခဲ့သော်လည်း အဓိက ဈေးကွက်များ ဖြစ်ကြသည့် အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့တွင် သိသိသာသာ ကျဆင်းနေသည်။

ဗီယပ်နမ် ပင်လယ်စာ တစ်နှစ်တာ တင်ပို့မှုအတွက် ရည်မှန်းချက်မှာ ကန်ဒေါ်လာ ၉ ဘီလီယံ ဖြစ်ပါသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 29 October 2023 23:21
Rate this item
(0 votes)