Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ပဲဝယ်ယူရေးကို သီးသန့်ကိုတာသတ်မှတ်ပေးရန် အိန္ဒိယအစိုးရသို့တင်ပြထား

အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲတင်ပို့ရောင်းချမှုတွင် သီးသန့်ကိုတာသတ်မှတ်ပေးရန်

အိန္ဒိယအစိုးရသို့ တင်ပြထားပြီး လက်ရှိအချိန်ထိ ကြေညာချက်မထွက်ရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံမှ ပဲဝယ်ယူရေးအတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်ညှိနှိုင်းခဲ့ရာတွင် မြန်မာနိုင်ငံဘက်မှ ကန့်သတ်ခြင်း ခံထားရတဲ့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများ ရောင်းလိုသော တန်ချိန်ပမာဏ Proposal ကို အိန္ဒိယအစိုးရဘက်သို့ တင်ပေးရန်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ထုတ်လုပ်သူနှင့် စားသုံးသူ တိုက်ရိုက်ရောင်း ၀ယ်ခြင်း စနစ်ကို ရေရှည်တွင် တည်ဆောက်သွားရန်နှင့် နှစ်နိုင်ငံအစိုးရချင်း G to G အရောင်းအ၀ယ်ပုံစံဖြင့် ပြုလုပ်ဖြစ်ပါက ငွေပေးငွေယူပိုင်းကို အကြွေးစနစ်ဖြင့်သွားရန်တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံ၏ ပဲဝယ်ယူရေးပေါ်လစီသည် ယခုနှစ် မတ်လကုန်ပါက သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ယင်းကာလ မပြည့်မီ ကန့်သတ်ထားသည့် ပဲဝယ်ယူရေးကိစ္စပြန်ဖွင့်ခြင်း၊ မဖွင့်ခြင်းဆိုသည်ကို အိန္ဒိယနိုင်ငံမှ မတ် ၃၁ ရက် မတိုင်မီ ထုတ်ပြန်ကြေငြာပေးမည်ဟု ပြောထားသော်လည်း လက်ရှိအချိန်ထိ ကြေညာချက်တစ်စုံတစ်ရာ မထွက်ရှိသေးကြောင်း သိရပါတယ်။

 

လက်ရှိတွင် ကိုတာသတ်မှတ်စနစ်ဖြင့် မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန်သုံးသိန်း၊ ပဲစင်းငုံကို တန်ချိန်နှစ်သိန်းဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံအတွက် သီးသန်ကိုတာအဖြစ် မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန်လေးသိန်း၊ ပဲစင်းငုံကို တန်ချိန်နှစ်သိန်း သတ်မှတ်ပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(1 Vote)