Food & Livestock



အယ်နီညိုကြောင့် အင်ဒိုနီးရှား၏ စပါးထုတ်လုပ်မှု လျှော့ကျ ဆန်ဈေးနှုန်း မြင့်တက်

အယ်နီညိုကြောင့် အင်ဒိုနီးရှား၏ စပါးထုတ်လုပ်မှု လျှော့ကျ ဆန်ဈေးနှုန်း မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားတွင် ပြင်းထန်သော အယ်နီညို ဖြစ်စဉ်ကြောင့် စပါး ထုတ်လုပ်မှု ထိခိုက်ခဲ့သဖြင့် ပြည်ပမှ ဆန်များ တင်သွင်းပြီး ဖြည့်တင်းလျက် ရှိသည်။

ရှည်ကြာသော  မိုးခေါင်ရေရှားမှုကြောင့် စပါးထုတ်လုပ်မှု လျော့နည်းလာခြင်းသည် ဆန်ဈေးကို မြင့်တက်စေခဲ့သည်။

 

ဂျကာတာ အရှေ့ပိုင်းရှိ စျေးပေါသော အစားအစာမျိုးစုံ ရောင်းချသည့် အစားအသောက်ဆိုင်တစ်ခုမှ ပိုင်ရှင်ဖြစ်သူ Yanto က ၎င်း၏ ဆိုင်မှ အမြတ်ငွေမှာ ဩဂုတ်လကတည်းက သိသာစွာ ကျဆင်းလာကြောင်း ပြောကြားခဲ့သည်။

 

 သူ့ဖောက်သည်အများစုသည် အောက်ခြေလူတန်းစားများဖြစ်သောကြောင့် ရောင်းဈေးကို မတိုးနိုင်ဟု ဆိုသည်။ သို့ဖြစ်ရာ ထမင်းကို လျှော့ထည့်ပေးရသည်။

 

 “ဈေးပေါတဲ့ အစားအသောက်တွေ ရောင်းတဲ့အတွက် လာစားကြသူတွေ အများကြီးရှိတယ်။ စျေးတွေတက်ရင် သူတို့ လာစားကြတော့မှာ မဟုတ်ဘူး။ ထမင်းကို လျှော့ထည့်ပေးပေမဲ့လည်း အလုပ်မဖြစ်ပါဘူး။ ရနေကျ အမြတ်က တလကို ရူပီယာ ၁ သန်း ($64 ခန့်) ဝန်းကျင် နည်းသွားတယ်" ဟု သူက ပြောသည်။ 

 

အင်ဒိုနီးရှား ဆန်စက်နှင့် ကုန်သည်များအသင်း Rice Millers and Traders Association (Perpadi) ဥက္ကဋ္ဌ Sutarto Alimoeso က ယခုနှစ်ကုန်တွင် စပါးရနိုင်သည့် ပမာဏသည် တစ်နိုင်ငံလုံးမှ ဆန်စက်များအတွက် လိုအပ်ချက်ကို မပြည့်မီကြောင်း ပြောကြားသည်။ သို့ဖြစ်ရာ ဆန်စက်အချို့ ရပ်နားထားကြရမည်ဖြစ်ပြီး စပါး ပုံမှန် ပြန်လည်ရရှိမှ လည်ပတ်နိုင်မည်ဟု ၎င်းက ပြောကြားသည်။

 

စပါး ရှားပါးသည့်ကာလမှာလည်း ပုံမှန်ထက် ပိုရှည်မည်ဟု ခန့်မှန်းထားသည်။ ရလဒ်အနေဖြင့် ဆန်ဈေးနှုန်း ကြီးမြင့်မှုကို လူထုက ကြာရှည်ခံစားရလိမ့်မည် ဟု Alimoeso က ပြောသည်။

 

အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ National Food Agency(Bapanas) အကြီးအကဲ Arief Prasetyo Adi က အယ်နီညိုသက်ရောက်မှုကြောင့် အင်ဒိုနီးရှား၏ ဆန်ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၂ သန်း လျော့ကျခဲ့ကြောင်း အောက်တိုဘာလလယ်တွင် အတည်ပြုခဲ့သည်။

 

ဆန်ဈေးတက်သဖြင့် ကုန်ဈေးနှုန်း တက်သည်။ 

 

စာရင်းအင်း အင်ဒိုနီးရှား Statistics Indonesia (BPS) အရ စားသုံးသူ စျေးနှုန်းညွှန်းကိန်းသည် အောက်တိုဘာလတွင်  ၂.၅၆ % ဖြစ်လာသည်။ စက်တင်ဘာလတွင် ၂.၂၈% ရှိခဲ့သည်။

 

"ဩဂုတ်လမှ အောက်တိုဘာလအထိ ကုန်ဈေးနှုန်ူတွေ တက်အောင် ဆန်ဈေးနှုန်းက သက်ရောက်ခဲ့ပါတယ်" ဟု BPS မှ လက်ထောက် ညွှန်ကြားရေးမှူး Pudji Ismartini က ပြောကြားသည်။

 

အစိုးရက နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ State Logistics Agency (Bulog) ကို  ခွင့်ပြုမိန့် ပေးအပ်ထားပြီးဖြစ်သည့် ဆန်တန်ချိန် ၂ သန်းအပြင် နောက်ထပ် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကို အင်ဒိုနီးရှားမှ တင်သွင်းရန် လိုအပ်သည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာလအစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

 

“လက်ရှိ Bulog က ထိန်းချုပ်ထားတဲ့ ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း ရှိပါတယ်။ အစိုးရမှ ထပ်လောင်းခွင့်ပြုမိန့်အရ တင်သွင်းတဲ့ ဆန်တွေကိုပါ ထည့်တွက်ရင် လက်ကျန် တောင့်တောင့်တင်းတင်း ဖြစ်သွားမယ်။ ဆန်ဈေးနှုန်း တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက်  လာမည့်နှစ်မှာ ဖြန့်ဖြူးမယ့် လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်" ဟု Bulog မှ ဖြန့်ဖြူးရေး တာဝန်ခံ Mokhamad Suyamto က ပြောကြားသည်။

 

အေဂျင်စီသည်  စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဆန်ကို မည်သည့်နိုင်ငံမှမဆို ဆန်တင်သွင်းရန် ဆန္ဒရှိကြောင်း Suyamto က ပြောကြားသည်။

 

“လောလောဆယ်မှာတော့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ မြန်မာ နိုင်ငံတို့နဲ့ စာချုပ်တွေ ချုပ်ထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားသည် ကမ္ဘောဒီးယားဆန်ကို ပထမဆုံးအကြိမ် တင်သွင်းခဲ့ကြောင်း Food Industry Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/7178-asia-rice.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source thesun


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 05 November 2023 19:10
Rate this item
(0 votes)