Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်းအစိုးရ စစ်ဆေးပြီးမှ ဆီအုန်းစိုက်ပျိုးမြေနေရာများ ပြန်သိမ်းနိုင်မည်ဟု MIC တာဝန်ရှိသူပြော

တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးရန် စီစဉ်ထား သည့် စီမံကိန်းငါးခုသည် သစ် တောထူထပ်သည့်

နေရာတွင် တည်ရှိနေ၍ ပြန်လည်သိမ်းယူရန်  တိုင်းဒေသကြီးအစိုးရက ပြန် လည်စစ်ဆေးနေကြောင်းမြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အ တွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

 

‘တိုင်းဒေသကြီးက ပိုသေ ချာချင်လို့ ထပ်စစ်နေတာပါ။ MIC က ပြန်သိမ်းမယ့်ပမာဏ၊ ဆက်ခွင့်ပြုမယ့်ပမာဏကို ပိုပြီး တိကျတဲ့ အဖြေရအောင်တိုင်းဒေ သကြီးက ကွင်းဆင်းစစ်ဆေးနေ ပါတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

 

ဆီအုန်းစိုက်ပျိုးရန် စီစဉ် ထားသည့် စီမံကိန်းငါးခုသည် သစ်ကြီး၊ ၀ါးကြီးများ ပေါက်ရာ ဒေသဖြစ်ပြီး ဒေသခံများ၏ မြေ ယာများ ပါဝင်နေခြင်းကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်က ဆီအုန်းစိုက်ပျိုးရန်မသင့် ကြောင်းဆုံးဖြတ်ခဲ့သည်ဟု ၎င်း ကဆက်လက်ပြောသည်။

 

‘‘တိုင်းဒေသကြီးက စစ်ဆေး ပြီးလို့ အတည်ဖြစ်ရင်တော့ ဘယ် လောက်ပြန်သိမ်းမယ်ဆိုတာကို ထုတ်ပြန်သွားပါ့မယ်’’ ဟု ဦး အောင်နိုင်ဦးက ပြောသည်။

 

ကော့သောင်းနှင့် မြိတ် ခရိုင်ရှိ ဆီအုန်း စိုက်ပျိုးရေး ကုမ္ပဏီငါးခုမှ မလေးရှားအခြေ စိုက်ကုမ္ပဏီနှစ်ခု၊ ထိုင်းကုမ္ပဏီ တစ်ခု၊ ကိုရီးယားကုမ္ပဏီတစ်ခု နှင့် ပြည်တွင်း ကုမ္ပဏီတစ်ခု တို့ဖြစ်သည်။ ယခင်အစိုးရလက် ထက်က ယင်းကုမ္ပဏီငါးခုကို ချ ပေးခဲ့သည့် မြေဧကသုံးသိန်းခန့် ရှိပြီး ဧကလေးသောင်းခန့်သာအ မှန် တကယ်စိုက်ပျိုးထားသည်။ ၂၀၁၇ အောက်တိုဘာအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်က ကွင်းဆင်းစစ်ဆေးရာ၌  ထိုသို့ တွေ့ရှိခဲ့ကြောင်းတနင်္သာ ရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဒေါက် တာထွန်းထွန်းက ပြောသည်။

 

ကုမ္ပဏီငါးခုတွင် တစ်ခုအ ပါအ၀င်ဖြစ်သည့် မြိတ်ခရိုင်ရှိ မလေးရှားအခြေစိုက် MSPP  ကုမ္ပဏီ၏ ဆီအုန်းခြံလုပ်ငန်း ကြောင့် သဘာဝပတ်ဝန်းကျင်  ပျက်စီးခဲ့ပြီး တိရစ္ဆာန်များ သေဆုံးခဲ့ကြောင်း တိုင်ကြားမှု မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ ၀င်ဦးယုလွင်အောင်က ပြော သည်။ အဆိုပါလုပ်ငန်းကြောင့်  ယင်းဒေသရှိ ဥယျာဉ်ခြံ၊ မြေများ နှင့်  သဘာဝပတ်ဝန်းကျင်ပျက်စီး ရှုံးမှုများအပါအ၀င် စိုက်ပျိုးရေး လုပ် ငန်းသုံး  ဓာတ်မြေသြဇာများ ကြောင့် ဒေသခံများ၏ ကျွဲ၊ နွား သေဆုံးမှုဖြစ်ပေါ်နေသဖြင့် ဒေသ ခံများနှင့် မြိတ်မြို့အခြေစိုက်အ ရပ်ဘက်အဖွဲ့အစည်းခုနစ်ခုက မ လေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ ၂၀၁၅ တွင်တိုင်း ကြားခဲ့သည်။

 

ယင်းသို့ တိုင်ကြားမှုကို မလေးရှားနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင် ထံ  ၂၀၁၇ ဇူလိုင်ခန့်တွင် ဆက်သွယ် အကြောင်းကြားခဲ့သည်။  ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၂၀၁၇ နိုဝင်ဘာအတွင်း သွားရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုမြေဧက၏ ဆယ်ပုံတစ်ပုံခန့်သာအမှန်တကယ်စိုက်ပျိုးထားသည်ကို စစ်ဆေးတွေ့ရှိပြီး ဒေသခံများနှင့် ကုမ္ပဏီအကြား မြေယာအငြင်းပွားမှုများ ရှိနေသည်ဟု ဦးယုလွင်အောင်ကဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:19
Rate this item
(0 votes)