Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်အကောင်ရေများများ မွေးမြူထားတဲ့အတွက် ပြည်တွင်းတွင်စားသုံးမှုဖူလုံ

ကြက်အကောင်ရေများများ မွေးမြူထားတဲ့အတွက် ပြည်တွင်းတွင်စားသုံးမှုဖူလုံ


ရန်ကုန်တိုင်းဒေသကြီးတွင် ကြက်အကောင်ရေ သိန်း ၆၀ ခန့် မွေးမြူထားတဲ့အတွက် ပြည်တွင်းစားသုံးမှု ဖူလုံပြီး ဈေးနှုန်းမှာလည်း  အနိမ့်ဆုံးဖြစ်ကြောင်း  မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်  ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါက်တာကျော်ထင် ၏ပြောပြချက်အရ သိရပါတယ်။

 

“ရန်ကုန်တိုင်းဒေသကြီးမှာ အကြမ်းဖျင်းအားဖြင့်   ဥစားကြက်အကောင်ရေ  သိန်း ၃၀ လောက်ရှိပါတယ်။ အသားစားကြက်ရော Semi Broiler ပါ အကောင်ရေ သိန်း ၃၀ လောက်ရှိပြီး စုစုပေါင်း အကောင်ရေ သိန်း ၆၀ လောက် မွေးမြူထားပါတယ်။ အခုနောက်ပိုင်း မှာ ကြက်ဥ၊ ကြက်သားဈေးက  အနိမ့်ဆုံး အခြေအနေမှာ ရှိနေတယ်။ ပြည်ပကနေ  တင်သွင်းတာ မရှိတော့ဘူး” ဟု ဒေါက်တာကျော်ထင် က ပြောကြားခဲ့ပါတယ်။

 

Read More >>>>>  စင္ကာပူအစားအေသာက္ေတြျပဳလုပ္ေရာင္းခ်သြားမယ့္ စင္ကာပူႏိုင္ငံက World First One-Michelin Hawker, Chef Chan

 

လက်ရှိတွင်  ကြက်မွေးမြူသူများတဲ့အတွက်ကြောင့်  ပြည်တွင်းတွင် စားသုံးမှုဖူလုံလာကာ    ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ကြက်သားတင်သွင်းခြင်း မရှိတော့ကြောင်းလည်း သိရပါတယ်။

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ခန့်မှန်းတွက်ချက်မှုများအရ  မြန်မာနိုင်ငံတစ်ဝန်းတွင်  ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးလုပ်ငန်းပေါင်း ၂၀၀၀ ခန့်ရှိရာ ယင်းလုပ်ငန်းများမှ စားသုံးသူများအတွက် ကြက်ဥ၊ ကြက်သားနှင့်ငါး အစရှိတဲ့ အရည်အသွေးမြင့် အသားများ   ထုတ်ပေးလျက် ရှိကြောင်းလည်း သိရပါတယ်။

 

 

ၾကက္အေကာင္ေရမ်ားမ်ား ေမြးျမဴထားတဲ့အတြက္ ျပည္တြင္းတြင္ စားသံုးမႈဖူလံု


ရန္ကုန္တိုင္းေဒသႀကီးတြင္ ၾကက္အေကာင္ေရ သိန္း ၆၀ ခန္႔ ေမြးျမဴထားတဲ့အတြက္ ျပည္တြင္းစားသံုးမႈ ဖူလံုၿပီး ေစ်းႏႈန္းမွာလည္း  အနိမ့္ဆံုးျဖစ္ေၾကာင္း  ျမန္မာႏိုင္ငံ ေမြးျမဴေရး လုပ္ငန္းအဖြဲ႕ခ်ဳပ္  ဒုတိယ ဥကၠ႒(၁) ေဒါက္တာေက်ာ္ထင္ ၏ေျပာျပခ်က္အရ သိရပါတယ္။

 

“ရန္ကုန္တိုင္းေဒသႀကီးမွာ အၾကမ္းဖ်င္းအားျဖင့္   ဥစားၾကက္အေကာင္ေရ  သိန္း ၃၀ ေလာက္ရိွပါတယ္။ အသားစားၾကက္ေရာ Semi Broiler ပါ အေကာင္ေရ သိန္း ၃၀ ေလာက္ရွိၿပီး စုစုေပါင္း အေကာင္ေရ သိန္း ၆၀ ေလာက္ ေမြးျမဴထားပါတယ္။ အခုေနာက္ပိုင္း မွာ ၾကက္ဥ၊ ၾကက္သားေစ်းက  အနိမ့္ဆံုး အေျခအေနမွာ ရွိေနတယ္။ ျပည္ပကေန  တင္သြင္းတာ မရိွေတာ့ဘူး” ဟု ေဒါက္တာေက်ာ္ထင္ က ေျပာၾကားခဲ့ပါတယ္။

 

လက္ရွိတြင္  ၾကက္ေမြးျမဴသူမ်ားတဲ့အတြက္ေၾကာင့္  ျပည္တြင္းတြင္ စားသံုးမႈဖူလံုလာကာ    ထိုင္းႏွင့္ တ႐ုတ္ႏုိင္ငံတို႔မွ ၾကက္သားတင္သြင္းျခင္း မရိွေတာ့ေၾကာင္းလည္း သိရပါတယ္။

 

Read More >>>>>  စင္ကာပူအစားအေသာက္ေတြျပဳလုပ္ေရာင္းခ်သြားမယ့္ စင္ကာပူႏိုင္ငံက World First One-Michelin Hawker, Chef Chan

 

ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္၏ ခန္႔မွန္းတြက္ခ်က္မႈမ်ားအရ  ျမန္မာႏိုင္ငံတစ္ဝန္းတြင္  ၾကက္ႏွင့္ငါး တြဲဖက္ေမြးျမဴေရးလုပ္ငန္းေပါင္း ၂၀၀၀ ခန္႔ရိွရာ ယင္းလုပ္ငန္းမ်ားမွ စားသံုးသူမ်ားအတြက္ ၾကက္ဥ၊ ၾကက္သားႏွင့္ငါး အစရွိတဲ့ အရည္အေသြးျမင့္ အသားမ်ား   ထုတ္ေပးလ်က္ ရိွေၾကာင္းလည္း သိရပါတယ္။

 

 

Read times Last modified on Thursday, 30 January 2020 15:18
Rate this item
(0 votes)