Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာမတ်ပဲခြမ်း အိန္ဒိယ ပဲဈေးကွက်မျှော်လင့်

စားသောက်ကုန် အရည်အသွေးရှိသည့် ပဲစင်းငုံဈေးသည် မဟာရပ်ရှ်တြာ (မဟာရဋ္ဌ) ပြည်နယ်မြို့တော်

လက်တာတွင် ရူပီး 97 မှ 115 ရူပီးအထိ သိသိသာသာတက်သွားသည်။ မတ်ပဲ အခြမ်းနှင့် ပဲစဉ်းငုံအခြမ်း ဈေးနှုန်းများ ပြီးခဲ့သည့် သီတင်းပတ် ၆ ပတ်အတွင်း ၁၅% ကျော် ဈေးတက်သည်။ ရေကြီးသဖြင့် ပဲခင်းများ ပျက်စီးကုန်သဖြင့် အထွက်နည်းမည်ဟု ယူဆနိုင်သောကြောင့် ဈေးတင်ထားလိုက်ကြသည်။

 

Myittar Mon


ရေကြီးခြင်းအပြင် ယခင်လက်ကျန် နည်းပါးနေခြင်း၊ စိုက်ဧကနည်းခြင်းတို့က မတ်ပဲအခြမ်းနှင့် ပဲစဉ်းငုံအခြမ်း ဈေးနှုန်းများ ဈေးတက်အောင် ဆွဲတင်ပေးသည့် အဓိကအချက်များ ဖြစ်သည်။ လက်တာမြို့တော် ပဲဈေးကွက်တွင် ပဲစဉ်းငုံအခြမ်း ပဲခွဲစက် စက်ရုံဈေး လွန်ခဲ့သည့် ၆ ပတ်က တစ်ကီလို ရူပီး 97 ရှိခဲ့ပြီး ယခု ရူပီး 115 အထိ တက်လာသည်။


စိုက်ဧကကို ကြည့်လျှင် မတ်ပဲ စိုက်ဧက ယခင်နှစ်ထက် ၄.၆% လျော့နည်းပြီး ပဲစဉ်းငုံက ၂% လျော့နည်းကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။


ထို့အပြင် ပဲစင်းငုံစိုက်ပျိုးသည့် အရေးကြီးသောဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ထွက်ပေါ်လာသည့် ရေများ တင်နေခြင်းကြောင့် သီးနှံများ ပျက်စီးမည်ကို စိုးရိမ်မှုများ မြင့်တက် လာခဲ့သည်။


"လက်ရှိတွင် ပဲစင်းငုံ ဈေးခိုင်ဖို့ အခြေခံများ အားကောင်းနေပါတယ်။ ယခင်ရာသီ လက်ကျန်ကြီးကြီးမားမား မရှိပါဘူး။ လယ်သမားတွေက ပဲပုပ်ပဲ စိုက်တဲ့ဆီကို ပြောင်းကုန်ကြလို့ ပဲစင်းငုံ စိုက်ဧက လျော့ကျတယ်" ဟု မဟာရပ်ရှ်တြာမှ ပဲအမျိုးမျိုး သွင်းကုန်လုပ်ငန်းရှင် Harsha Rai က Economic Times ကို ပြောကြားသည်။


အာဖရိကမှ အပ်နှံပို့ကုန် တန်ချိန် ၅,၀၀၀,၀၀၀ သည် ယခုဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ရောက်ရှိလာမည်ဟု သူမက မျှော်လင့်ထားကြောင်း ပြောပြသည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတ်ပဲများ ထိခိုက်မှု ပိုများနိုင်ကြောင်း၊ သို့သော် ‌ဈေးကွက်အခြေအနေ ဆိုးဝါးမည်မဟုတ်ကြောင်း၊ ပြည်ပမှ ပိုမိုတင်သွင်းပြီး ဖြည့်တင်းလိမ့်မည်ဟု သူမက ပြောကြားသည်။


"မတ်ပဲစိုက်တဲ့ မဟာရပ်ရှ်တြာ၊ ဂူဂျာရပ်၊ ကာနာတာကာ ပြည်နယ် ၃ ခုမှာ စိုက်ခင်းတွေ ပျက်စီးပေမဲ့ မတ်ပဲ အများဆုံးစိုက်တဲ့ မဒ္ဒရာ ပရာဒက်ရ်ှဥုတာ ပရာဒက်ရှ်ပြည်နယ် နှင့်ဒုတိယ အများဆုံးစိုက်တဲ့ပြည်နယ်တွေမှာ အခြေအနေတွေ ကောင်းနေပါတယ်" ဟု 4 P International မှ ညွှန်ချုပ် B Krishnamurthy က ပြောကြားသည်။


မိုးကြောင့် ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးသော်လည်း မတ်ပဲအခြမ်း ဈေးနှုန်း ဆက်လက်တည်ငြိမ်နေမည်ဟု သူက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ ပဲတင်သွင်းမှု ပိုများလာမည်ဟု သူက ယူဆထားသည်။


“ပြီးခဲ့တဲ့ လေးလတာ ကာလအတွင်း မြန်မာနိုင်ငံမှာ ငွေကြေးပြဿနာကြောင့် အိန္ဒိယက မြန်မာမတ်ပဲကို များများစားစား မရခဲ့ပါဘူး။ လစဉ် မတ်ပဲခြမ်း တင်သွင်းမှုကို ၅၀ ရာခိုင်နှုန်းကျော် လျော့ကျနေခဲ့ပါတယ်" ဟု Krishnamurthy က ပြောကြားသည်။


မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအတွက် ငွေကြေးပြဿနာ ပြေလည်သွားပြီးသည့်အခါ မြန်မာမတ်ပဲခြမ်းများ ပိုမိုတင်သွင်းဖို့ အဆင်ပြေမည်ဟု သူက ဆိုသည်။


မတ်ပဲခြမ်းနှင့် ပဲစဉ်းပုံခြမ်းတို့၏ ဈေးနှုန်းများ မြင့်တက်နေစဉ် စားသုံးသူတို့ သက်သာရာ ရသည်မှာ တစ်နှစ်ပတ်လုံး ဈေးမြင့်နေသည့် ပဲနီလေး ဈေးကျဆင်းခဲ့ခြင်း ဖြစ်သည်။ ပြည်ပမှ တင်သွင်းသည့် ပဲနီလေး တစ်ကီလို ဈေးနှုန်းသည် ဇွန်လတွင် Rs 71.50 ဖြစ်ခဲ့ပြီး ဩဂုတ်လ ၈ ရက်တွင် Rs 67 အထိ ကျဆင်းခဲ့ပါသည်။


"ကနေဒါမှာ ယခုအခါ ပဲနီလေးတွေ ရိတ်သိမ်းနေတယ်။ အထွက်နှုန်းက ယမန်နှစ်ကထက် ၄၀ % ပိုများမယ်လို့ ခန့်မှန်းထားကြတယ်။ အိန္ဒိယမှာ ပဲနီလေး တင်သွင်းတဲ့အပေါ် သွင်းကုန်က သုည။ အခွန်မကောက်ဘူး။ ကနေဒါ ပဲနီလေးတွေ ရောက်လာတော့မှာဆိုတော့ ကုန်သည်တွေက လက်ကျန်တွေ ရှင်းထုတ်နေကြရတယ်။ ဒီတော့ ဈေးကျသွားတယ်" ဟု Harsha Rai က ပြောကြားသည်။


"ပဲနီလေး ဈေးမြင့်တော့ ဝယ်လိုအား ပျောက်သွားတာ ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ ကြုံရတယ်။ တကယ်လို့ ပဲနီလေး ဈေးနှုန်းက ဆက်လက်မြင့်မားနေဦးမယ်ဆိုရင် ပဲနီလေးအစား အခြားဈေးသက်သာတဲ့ ပဲကို အတိုင်းအတာ တစ်ခုအထိ ပြောင်းသုံးကြလိမ့်မယ်။ ပဲစဉ်းငုံကို ပြောင်းသုံးကြရင် ပဲစဉ်းငုံဈေးက ဆက်ခိုင်နေအောင် ဝယ်လိုအားက အထောက်အပံ့ပြုပေးနေလိမ့်မယ်" ဟု သူမက ပြောကြားသည်။


ကုလားပဲခြမ်းနှင့် ပဲတီစိမ်း ဈေးနှုန်းတွေ တည်ငြိမ်နေပါတယ်။ အစိုးရက ကုလားပဲနှင့် ပဲတီစိမ်း နှစ်မျိုးစလုံး အရန် သိုလှောင်ပေးထားတာ အလုံအလောက် ရှိနေလို့ ဈေးမတက်အောင် ထိန်းပေးထားတယ်" ဟု ပဲအမျိုးမျိုး သွင်းကုန်လုပ်ငန်းရှင် Vivek Agarwal က ပြောကြားသည်။


#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source:economictimes.indiatimes

Read times Last modified on Tuesday, 20 September 2022 16:03
Rate this item
(1 Vote)