Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့မှုအများဆုံးဖြစ်

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့မှုက နှစ် ၂၀ အတွင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်

အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးထံမှ သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း အများဆုံး တင်ပို့နိုင်ပြီး ၀င်ငွေအများဆုံး ရရှိခဲ့ရာ ငါးတင်ပို့မှုက ၃၉၄၁၃၅ ဒသမ ၇၉၂ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၈၁၃ ဒေါ်လာ ရရှိကြောင်း၊ ပုစွန်တင်ပို့မှုအနေဖြင့် ၁၅၉၀၅ ဒသမ ၄၄၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၇၇၆ ဒေါ်လာ ရရှိကြောင်း သိရပါတယ်။

 

တခြားရေထွက်ကုန်များအနေဖြင့် မက်ထရစ်တန်ချိန် ၁၅၈၁၈၆ ဒသမ ၀၉၁ တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၆၅ ဒသမ ၁၂၈ ရရှိသည့်အတွက် ပြည်ပတင်ပို့သည့် ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန်ချိန် ၅၆၈၂၂၇ ဒသမ ၃၂၇ တန် တင်ပို့နိုင်ကာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၁၁ ဒသမ ၇၁၇ သန်း ရရှိကြောင်း သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပြည်ပတင်ပို့မှုက မက်ထရစ်တန်တိုးလာသကဲ့သို့ ၀င်ငွေလည်းတိုးလာကြောင်း ဈေးကွက်နှင့်ပတ်သက်၍ OIE ၏ Report က ပို့ကုန်မှတ်တမ်းအရ ကုန်သွယ်မှု ရပ်ဆိုင်းခံရတဲ့အထိ ဖြစ်လာသောကြောင့် OIE သတင်းပေးပို့မှုက ကုန်သွယ်မှုနှင့် စီးပွားရေးကိုပါ သတိထားရမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို အမေရိကနှင့် ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့နိုင်ပြီး တရုတ်နိုင်ငံ ဈေးကွက်က အကြီးမားဆုံးဖြစ်ကြောင်း စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အီရတ်၊ ကူဝိတ် နှင့် ဆော်ဒီအာရေဗျ စတဲ့ နိုင်ငံပေါင်း ၄၀ ခန့်ကို တင်ပို့နေရပြီး Normal Trade နှင့် တင်ပို့သကဲ့သို့ Border Trade ဖြင့်လည်း တင်ပို့ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 14:31
Rate this item
(1 Vote)