Food & Livestock



ကမ္ဘာ့ စားသောက်ကုန် အညွှန်းကိန်း ၂၀၂၃ခုနှစ် အဆုံးသတ်တွင် ၂၀၂၂ ခုနှစ်ထက် ၁၀% လျော့နည်း

ကမ္ဘာ့ စားသောက်ကုန် အညွှန်းကိန်း ၂၀၂၃ခုနှစ် အဆုံးသတ်တွင် ၂၀၂၂ ခုနှစ်ထက် ၁၀% လျော့နည်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ၏ ကမ္ဘာ့စျေးနှုန်းညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် ကုန်ဆုံးချိန်တွင်  ၂၀၂၂ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပါသည်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထက်လည်း လျော့နည်းခဲ့ပါသည်။ 

 

ကမ္ဘာ့စားသောက်ကုန် ကုန်ဈေးနှုန်း ကြီးမြင့်မှုသည် တနည်းတဖုံအားဖြင့် လျော့ကျခဲ့ပါသည်။ 

 

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) စျေးနှုန်းအညွှန်းကိန်းသည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှု အများဆုံး စားသောက်ကုန် ကုန်စည်အသီးသီး၏ ဈေးနှုန်းများကို မှတ်တမ်းတင်ပြီး ပျမ်းမျှတန်ဖိုးကို တွက်ချက်ကာ အညွှန်းကိန်းအဖြစ် ထုတ်ပြန်ပေးပါသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် ဈေးနှုန်း အညွှန်းကိန်းမှာ ၁၁၈.၅ ဖြစ်ပါသည်။ နိုဝင်ဘာလထက် ၁.၅% လျော့ကျသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထက် ၁၀.၁% လျော့နည်းပါသည်။

 

၂၀၂၃ ခုနှစ် တစ်နှစ်လုံးအနေဖြင့် အညွှန်းကိန်း ပျမ်းမျှတန်ဖိုးမှာ ၂၀၂၂ ခုနှစ်ထက် ၁၃.၇% လျော့နည်းပါသည်။ 

 

၂၀၂၃ ခုနှစ်တွင် သကြားဈေးနှုန်းများ မြင့်မားနေခဲ့ပါသည်။ သို့သော် ဒီဇင်ဘာလတွင် FAO သကြားအညွှန်းကိန်းသည် နိုဝင်ဘာလထက် ၁၆.၆% ကျဆင်းခဲ့ပါသည်။

သကြား ဈေးကျစေသည့် အဓိက အကြောင်း နှစ်ချက်မှာ ဘရာဇီးသကြား ထုတ်လုပ်မှု အားကောင်းနေခြင်းနှင့် အိန္ဒိယတွင် ကြံမှ အီသနောထုတ်လုပ်မှု လျှော့ချထားခြင်းတို့ ဖြစ်ပါသည်ဟု FAO အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ 

 

FAO ၏ နှံစားသီးနှံစျေးနှုန်းညွှန်းကိန်းသည် ဒီဇင်ဘာလတွင် နိုဝင်ဘာလထက် ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နှံစားသီးနှံများတွင် ဂျုံ၊ ပြောင်း၊ ဆန်နှင့် မုယောစပါး အဓိက တင်ပို့နေသည့် နိုင်ငံများမှ တင်ပို့များ နှောင့်နှေးနေသဖြင့်  ဈေးများ မြင့်တက်ခဲ့သည်။ 

သို့သော် တနှစ်လုံးအတွက် ပျမ်းမျှတန်ဖိုးသည် ၂၀၂၂ ခုနှစ် ပျမ်းမျှတန်ဖိုးထက် လျော့နည်းပါသည်။ 

ဈေးကွက်များတွင် ဆန်မှလွဲလျှင် နှံစားသီးနှံများ ရောင်းစရာ အလုံအလောက် ရှိနေခဲ့ပါသည်။

 

ဈေး အများဆုံး ကျသည်မှာ ဟင်းသီးဟင်းရွက်ဆီ ဖြစ်ပါသည်။ စျေးနှုန်းအညွှန်းကိန်းသည် ဒီဇင်ဘာလမှာ နိုဝင်ဘာလထက် ၁.၄% ကျဆင်းခဲ့သည်။ တနှစ်လုံးအနေဖြင့် ၃၂ .၇% လျော့ကျသည်။

 

FAO ၏ အသားဈေးနှုန်းညွှန်းကိန်းသည် ဒီဇင်ဘာလတွင် နိုဝင်ဘာလထက် ၁.၀% ကျဆင်းခဲ့ပြီး ယမန်နှစ်ထက် ၁.၈% ကျဆင်းခဲ့သည်။

 

ဒီဇင်ဘာ နို့ထွက်ပစ္စည်း စျေးနှုန်းအညွှန်းကိန်း ၁.၆% မြင့်တက်ခဲ့ပါသည်။ သို့သော် ယမန်နှစ်ကထက် ၁၆.၁% လျော့ကျပါသည်။

 

 Source FAO


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 05 January 2024 21:34
Rate this item
(0 votes)