Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအတွက် ပြည်ပဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာ့မွေးမြူရေးနဲ့ လယ်ယာထွက်ကုန်များအတွက် ပြည်ပဈေးကွက်အခိုင်အမာရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ ဇွန်လ (၂၉) ရက်က UMFCCI မှာ ပြုလုပ်တဲ့ ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။


ဦးဖြိုးမင်းသိန်းက ''ကျွန်တော်တို့နိုင်ငံရဲ့ GDP ကို ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေကပဲ အမြန်ဆုံး မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ Good Agricultural Practices (GAP) လက်မှတ်တွေ ထုတ်ပေးနေပါပြီ။ ဒါက ကျွန်တော်တို့ နိုင်ငံကပို့တဲ့ စိုက်ပျိုးရေးသီးနှံတွေကို နိုင်ငံတကာက လက်ခံနိုင်ဖို့ စတင်ပြင်ဆင်တာပဲ ဖြစ်ပါတယ်'' လို့ ပြောပါတယ်။

 


လက်ရှိအစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧက (၄ဝဝဝ) ကို ကျပ် (၈) ဘီလီယံ အကုန်ကျခံကာ အဆင့်မြင့်လယ်ယာမြေများအဖြစ် ပြုပြင်ပေးထားနိုင်ခဲ့ကြောင်း သိရပါတယ်။

 


ဒါ့ပြင် အစိုးရအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိတဲ့ ထုတ်ကုန်များအတွက် ခိုင်မာတဲ့ နိုင်ငံတကာဈေးကွက်များရရှိစေဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး လက်တလောမှာတော့ မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ထွက်ရှိတဲ့ ထုတ်ကုန်များကို တင်ပို့နိုင်ဖို့ ယူနန်ပြည်နယ်အစိုးရ၊ ဘေကျင်းအစိုးရတို့နဲ့ ဆွေးနွေးလျက်ရှိတယ်လို့ ပြောပါတယ်။

 


လယ်ယာထွက်ကုန်များ ပြည်ပမှ တင်သွင်းခြင်းကို လျော့ချပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်တို့မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။

 


ဒါ့ပြင် လယ်ယာသီးနှံစိုက်ပျိုးမှုများမှာ အသုံးပြုလျက်ရှိတဲ့ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကိုလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းများနဲ့ ညီညွတ်စွာ တင်သွင်းခြင်းရှိ၊ မရှိ စစ်ဆေးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုးဝင်းက ပြောပါတယ်။

 


Read More >>>>>  ကနေဒါမှ စားတော်ပဲ တန်ချိန် ငါးသောင်းကို စမ်းသပ်တင်သွင်းမည်

 


၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၉ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေပေါ် အခြေခံတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ( ၄၅၃၈ ) ဦးအတွက် မြို့နယ်ပေါင်း (၁ဝ၇) ခုမှာ ချေးငွေ ကျပ် (၉၃ဝ၃၁) သန်းကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

Source: Myanmar Business Today

Read times Last modified on Monday, 08 July 2019 16:57
Rate this item
(1 Vote)