Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံဈေးကွက်သို့ ရေထွက်ပစ္စည်းများ ပြန်လည်တင်ပို့လျက်ရှိ

Unicode >>>>>

တရုတ်နိုင်ငံဈေးကွက်သို့ ရေထွက်ပစ္စည်းများ ပြန်လည်တင်ပို့လျက်ရှိ


တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


Foodstuffs ရေထွက်ပစ္စည်းများ ၁၁၁၈ ခုကို ရှာရန်နှိပ်ပါ။


တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ်တန် စုစုပေါင်း (၁၃၇၂၅၉ ဒသမ ၅၇၂) တန် တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ (၂၀၅) သန်း ရရှိခဲ့သည်။


တရုတ်နိုင်ငံသည် မြန်မာ့ရေထွက်ကုန်ပစ္စည်းကို ထိုင်းနိုင်ငံ ပြီးနောက် ဒုတိယအများဆုံးတင်ပို့ရောင်းချသည့် ဈေးကွက်ကြီးဖြစ်သည်။


မူဆယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ငါးရှဉ့်နှင့် ကဏန်းအရှင်များကို တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငါးရှဉ့် (၈၆၁၆ ဒသမ ၂၁၃) မတ်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ (၃၀ ဒသမ ၈၅၈) သန်းရရှိခဲ့ပြီး ကဏန်း (၁၀ဝ၈၃ ဒသမ ဝ၈၄) မတ်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၉ ဒသမ ၆၉၁) သန်းရရှိခဲ့သည်။


Read More >>>>>   MYANMAR PLAS PRINT PACKAGROTEK FOODTEK


ဝူဟန်ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ ဈေးများပိတ်ခြင်း၊ လူများ၏ စားသုံးမှုပုံစံ တုံ့ဆိုင်းသွားခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ ရပ်တန့်ခြင်း၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်လိုက်ခြင်း စသည့် အခက်အခဲများကြောင့် ငါးရှဉ့်၊ ကဏန်း ကုန်သွယ်မှုအားလုံး တစ်လနီးပါး ခန့် ရပ်တန့်ကာ ငါးရှဉ့်နှင့် ကဏန်းဈေးနှုန်းများ ကျဆင်းခဲ့သဖြင့် ရေလုပ်သားများ၊ ဝယ်ရောင်းလုပ်ကိုင်သူများ အဆင်မပြေမှုများ၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။


Source: Ministry Of Commerce

 

Home Page Food

Zawgyi >>>>>

 

တ႐ုတ္ႏိုင္ငံေဈးကြက္သို႔ ေရထြက္ပစၥည္းမ်ား ျပန္လည္တင္ပို႔လ်က္ရွိ

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ ဝူဟန္ဗိုင္းရပ္စ္ေရာဂါေၾကာင့္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းကို ပိတ္ပင္ထားခဲ့ရာမွ ယခုအခ်ိန္တြင္ ျပန္လည္ ဖြင့္လွစ္လိုက္ၿပီျဖစ္သည့္အတြက္ ေရထြက္ကုန္ပစၥည္းမ်ား ျပန္လည္တင္ပို႔ေရာင္းခ်မႈမ်ား စတင္ေဆာင္႐ြက္လ်က္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

 

Foodstuffs ေရထြက္ပစၥည္းမ်ား ၁၁၁၈ ခုကို ရွာရန္ႏွိပ္ပါ။

 

တ႐ုတ္ႏိုင္ငံသို႔ ေရထြက္ကုန္ပစၥည္းမ်ားကို ေရေၾကာင္းကုန္သြယ္ေရး၊ နယ္စပ္ကုန္သြယ္ေရး၊ ေလေၾကာင္းကုန္သြယ္ေရး စသည့္ နည္းလမ္းသုံးမ်ိဳးျဖင့္ တင္ပို႔ေရာင္းခ်ရာတြင္ ၂၀၁၈-၂၀၁၉ ခုႏွစ္ဘ႑ာႏွစ္တြင္ ေရထြက္ပစၥည္းမက္ထရစ္တန္ စုစုေပါင္း (၁၃၇၂၅၉ ဒသမ ၅၇၂) တန္ တင္ပို႔ႏိုင္ခဲ့ၿပီ ဝင္ေငြအားျဖင့္ အေမရိကန္ေဒၚလာ (၂၀၅) သန္း ရရွိခဲ့သည္။

 

တ႐ုတ္ႏိုင္ငံသည္ ျမန္မာ့ေရထြက္ကုန္ပစၥည္းကို ထိုင္းႏိုင္ငံ ၿပီးေနာက္ ဒုတိယအမ်ားဆုံးတင္ပို႔ေရာင္းခ်သည့္ ေဈးကြက္ႀကီးျဖစ္သည္။

 

မူဆယ္အပါအဝင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွ ငါးရွဥ့္ႏွင့္ ကဏန္းအရွင္မ်ားကို တင္ပို႔ေရာင္းခ်ရာတြင္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ငါးရွဥ့္ (၈၆၁၆ ဒသမ ၂၁၃) မတ္ထရစ္တန္ တင္ပို႔ႏိုင္ခဲ့ၿပီး ဝင္ေငြအေမရိကန္ေဒၚလာ (၃၀ ဒသမ ၈၅၈) သန္းရရွိခဲ့ၿပီး ကဏန္း (၁၀ဝ၈၃ ဒသမ ဝ၈၄) မတ္ထရစ္တန္ တင္ပို႔ႏိုင္ခဲ့ၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ (၂၉ ဒသမ ၆၉၁) သန္းရရွိခဲ့သည္။

 

Read More >>>>>   MYANMAR PLAS PRINT PACKAGROTEK FOODTEK

 

ဝူဟန္ဗိုင္းရပ္စ္ကူးစက္ေရာဂါ ျဖစ္ပြားစဥ္ကာလအတြင္း တ႐ုတ္ႏိုင္ငံတြင္ စားေသာက္ဆိုင္မ်ား၊ ေဈးမ်ားပိတ္ျခင္း၊ လူမ်ား၏ စားသုံးမႈပုံစံ တုံ႔ဆိုင္းသြားျခင္း၊ ကုန္စည္ကူးသန္း ေရာင္းဝယ္မႈမ်ား ရပ္တန္႔ျခင္း၊ တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္း ပိတ္ပင္လိုက္ျခင္း စသည့္ အခက္အခဲမ်ားေၾကာင့္ ငါးရွဥ့္၊ ကဏန္း ကုန္သြယ္မႈအားလုံး တစ္လနီးပါး ခန္႔ ရပ္တန္႔ကာ ငါးရွဥ့္ႏွင့္ ကဏန္းေဈးႏႈန္းမ်ား က်ဆင္းခဲ့သျဖင့္ ေရလုပ္သားမ်ား၊ ဝယ္ေရာင္းလုပ္ကိုင္သူမ်ား အဆင္မေျပမႈမ်ား၊ ဆုံးရႈံးမႈမ်ား ျဖစ္ေပၚႀကဳံေတြ႕ခဲ့ရေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ သိရသည္။

 

Source: Ministry Of Commerce

Read times
Rate this item
(0 votes)