Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စင်ကာပူအစားအသောက်တွေပြုလုပ်ရောင်းချသွားမယ့် စင်ကာပူနိုင်ငံက World First One-Michelin Hawker, Chef Chan

Unicode

ရန်ကုန်တွင် မကြာခင် ပြုလုပ်သွားမည့် Singapore Festival 2020 အကြောင်းကို စိတ်ဝင်စားမှုများရှိနေပါသည်။ ၂၀၁၈ တွင် ပြုလုပ်ခဲ့သော Singapore Festival ကို Street Party အဖြစ် ကျင်းပခဲ့ပြီး ဘိုကလေးဈေးလမ်းအတွင်း လူပေါင်း တစ်သိန်းကျော်လာရောက်ဆင်နွှဲခဲ့ကြသဖြင့် လူအများအကြားတွင် အမှတ်တရအဖြစ် ထင်ကျန်ခဲ့သည်။

 

ထို့ကြောင့် တစ်နှစ်ကျော်ခန့်ကြာပြီးနောက် Singapore Tourism Board က ထပ်မံကျင်းပသွားမည်ဟု ကြေညာလိုက်သောအခါတွင် ၂၀၂၀ တွင် ပြုလုပ်သွားမည့် ထိုပွဲအကြောင်း သတင်းများကို စိတ်ဝင်တစားစောင့်မျှော်နေသူအများအပြားရှိနေပါသည်။


၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင်ကျင်းပမည့် Singapore Festival 2020 ၏ အဓိက ဆွဲဆောင်မှုများမှာ ချင်းချောင်းနန်းတော်၏ ပရဝုဏ်အတွင်းမြက်ခင်းပြင်ပေါ်မှ နှစ်လိုဖွယ်ဂီတနှင့် ပျော်ပွဲစားသဖွယ် အစားအသောက်စုံလင်စွာဖြင့် စိတ်အပန်းပြေစေမည့် Garden Party အပြင်အဆင်များဖြစ်သည်။

 

ချင်းချောင်းနန်းတော်သည် ထူးခြားသော သမိုင်းကြောင်းအစဉ်အလာရှိပြီး ခန့်ညားထည်ဝါသော နေရာတစ်ခုလည်းဖြစ်သည်။ နောက်ထပ် ဆွဲဆောင်မှုအနေဖြင့် Art Walk ၊ Designers’ Market နှင့် စွဲမက်ဖွယ်ရာ အစားအသောက်များကို စီစဉ်ထားသည်။


ဤတစ်ကြိမ်တွင် စင်ကာပူသည် ၎င်း၏အကောင်းတကာ့အကောင်းဆုံးများကို ယူဆောင်လာမည်ဖြစ်သည်။ ရန်ကုန်၏ နာမည်ကျော်များဖြစ်သည့် Rangoon Tea House ၊ The Pansodan နှင့် Shwe Sa Bwe တို့က အသီးသီး ပံ့ပိုးမှုဖြင့် အထင်ကရ စားတော်ကဲကြီးများဖြစ်သည့် Aaron Wong ၊ Malcolm Lee နှင့် Jeremy Cheok တို့က အထူးညစာတည်ခင်းမှုများ  ပြုလုပ်သွားမည်။ လက်မလွတ်သင့်သော အခြား စင်ကာပူ-မြန်မာ ပူးပေါင်းတင်ဆက်မှုတစ်ခုမှာ  Pan Pacific Yangon နှင့် Hawker Chan ၏လက်တွဲမှုဖြစ်သည်။


ဖောက်သည်များက Hawker Chan ဟု အမြတ်တနိုးခေါ်သော Chan Hon Meng သည် မီချယ်လင်ကြယ်ပွင့်တစ်ပွင့် ချီးမြှင့်ခြင်းခံရသည့် ကမ္ဘာ့ပထမဆုံး ပျံကျစားသောက်ဆိုင်ပိုင်ရှင် (hawker) အဖြစ် လူသိများသည်။ မီချယ်လင်ကြယ်ပွင့်ရရှိသော စားဖိုမှုးအများစုသည် အထက်တန်းလွှာစားသောက်ဆိုင်များတွင် ဈေးနှုန်းမြင့်သော ဟင်းလျာများသာ ချက်ပြုတ်တည်ခင်းကြသည်ကို တွေ့ရမည်ဖြစ်သော်လည်း Hawker Chan ကိုမူ စင်ကာပူ၏ ပကာသနမပါသော Chinatown Complex Food Centre တွင် ဟင်းလျာများကို ၅ ဒေါ်လာနှင့် ထိုထက်နိမ့်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းကို တွေ့ရှိကာ ဂုဏ်ပြုပေးခဲ့ခြင်းဖြစ်သည်။ Hawker Chan ရောင်းချပေးသော အစားအသောက်သည် ကမ္ဘာပေါ်တွင် ဈေးနှုန်းအချိုသာဆုံး မီချယ်လင်ကြယ်ပွင့်ရ ဟင်းလျာဖြစ်သည်။

 

Hawker Chan 1

 

Hawker Chan 2


ထိုသို့ဆိုလျှင် Hawker Chan သည် မည်သည့်ဟင်းလျာအတွက် နာမည်ကြီးရပါသလဲဟုမေးလာပါက Soya Sauce Chicken Rice (ပဲငံပြာရည် ကြက်ဆီထမင်း) ဟု ပြန်ဖြေရပါမည်။ မထင်မှတ်ထားလောက်အောင် ရိုးရှင်းသော ဟင်းလျာဖြစ်ပြီး ကြက်သားကို ပဲငံပြာရည်ဖြင့်နှပ်ချက်ချက်ကာ အနေတော်အတုံးများ တုံးသည်။ ဆီထမင်းအတွက် ဆန်ကို ကြက်သားမှရသော အဆီဖြင့် ချက်ပြီး ကြက်သားနှင့်အတူ တည်ခင်းပေးခြင်းဖြစ်သည်။ ထူးခြားသည့် လက်ရာကြောင့် ကမ္ဘာပေါ်တွင် အရသာအရှိဆုံးအစားအစာတစ်ခုဖြစ်အောင် သူက စွမ်းဆောင်နိုင်ပါသည်။


“ကြက်သားကို နေရာတိုင်းမှာ စားကြတယ်။ ကမ္ဘာပေါ်က အစားအသောက်ယဉ်ကျေးမှုတိုင်းမှာ တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ ယဉ်ကျေးမှုကိုလိုက်ပြီး ကြက်သားကို ချက်ပြုတ်ပုံတော့ ကွာခြားကြတယ်။  Soya Sauce Chicken Rice ကနေတစ်ဆင့် စင်ကာပူက ကြက်သားကို ဘယ်လိုချက်ပြုတ်တည်ခင်းလဲဆိုတာကို မြန်မာကို ပြသလိုပါတယ်။ ၂၀၁၈ ပွဲတုန်းက ရန်ကုန်ကိုရောက်ဖူးခဲ့ပြီး ဒီက မြန်မာလူမျိုးတွေကို ကျွန်တော့်ရဲ့ ကြက်ဆီထမင်း တည်ခင်းကျွေးမွေးနိုင်ခဲ့တယ်။ နောက်တစ်ကြိမ်ပြန်တွေ့ရဖို့အတွက် မျှော်လင့်နေပါတယ်။ ကျွန်တော့်ရဲ့  Soya Sauce Chicken Rice ကို လူတွေအများကြီး လာရောက်မြည်းစမ်းကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု Hawker Chan က ပြောကြားသည်။


ဤပွဲတော်တွင် Hawker Chan သည် Soya Sauce Chicken Rice ကို တည်ခင်းရောင်းချသွားမည်ဖြစ်သည်။ ကြက်ဆီထမင်းကို ကြိုက်နှစ်သက်ပြီး ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက် Singapore Festival မတိုင်ခင်အတွင်း Hawker Chan နှင့် တွေ့ဆုံလိုပါက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အထူးအစီအစဉ်တစ်ခုရှိနေပါသည်။ Pan Pacific Yangon မှ စီစဉ်သော နှစ်ဦးတွဲ ညစာတည်ခင်းမှုအဖြစ် Hawker Chan နှင့် Pan Pacific Yangon မှ စားဖိုမှုးများ တွဲဖက်ပြင်ဆင်မည့် နာမည်ကျော် Soya Sauce Chicken Rice နှင့် အခြားဟင်းလျာများကို ဖိတ်ကြားထားသောဧည့်သည်တော်များအနေဖြင့် အရသာခံစားနိုင်မည့် ညစာစားပွဲကို ထိုညတစ်ညတည်းတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

Read More >>>>>   ဒုတိယအႀကိမ္ေျမာက္ ေသြးခ်င္းတို႔ပြဲေတာ္ဆီ စာနယ္ဇင္းမိတ္ဆက္ပြဲ


ဤကဲ့သို့ တမူထူးခြားသည့် အစားအသောက်အခင်းအကျင်းများမှတစ်ဆင့် မြန်မာနိုင်ငံမှ အစားအသောက်နှင့်ချက်ပြုတ်မှု ဝါသနာရှင်များသည် စင်ကာပူ၏ ထူးခြားစုံလင်သော အစားအသောက်ကဏ္ဍကို လေ့လာအကဲခတ်နိုင်ပါမည်။ Hawker Chan ၏ ဟင်းလျာများကဲ့သို့သော ဈေးနှုန်းသင့်တင့်ပြီး ယဉ်ကျေးမှုနောက်ခံကောင်းသည့် သမရိုးကျစားသောက်ဆိုင်မျိုးမှစ၍ မီချယ်လင်ကြယ် ၃ ပွင့်ရ အထက်တန်းလွှာ စားတော်ဆက်ကြီးများအထိ မည်သည့်အရသာနှင့် ချက်ပြုတ်မှု ပုံစံမျိုးကို ကြိုက်နှစ်သက်သည်ဖြစ်ပါစေ စင်ကာပူတွင် စိတ်ကျေနပ်မှု ရရှိပါလိမ့်မည်။

Hawker Chan 3

 

Hawker Chan 4


Singapore Festival 2020 တွင် Hawker Chan ၏ Soya Sauce Chicken Rice အပါအဝင် စင်ကာပူနှင့် မြန်မာမှ ထိပ်တန်းစားတော်ကဲကြီးများ၏ အခြားဟင်းလျာအများအပြားကို မြည်းစမ်းလိုသူများအနေဖြင့် https://www.facebook.com/events/444349939827796/ တွင် ဆက်လက်လေ့လာနိုင်ပါသည်။ http://bit.ly/SingFest2020 တွင်လည်း လက်မှတ်များကို ဝယ်ယူနိုင်ပါပြီ။

#Myanmar Food Industry

 

ရန္ကုန္တြင္ မၾကာခင္ ျပဳလုပ္သြားမည့္ Singapore Festival 2020 အေၾကာင္းကို စိတ္ဝင္စားမႈမ်ားရွိေနပါသည္။ ၂၀၁၈ တြင္ ျပဳလုပ္ခဲ့ေသာ Singapore Festival ကို Street Party အျဖစ္ က်င္းပခဲ့ၿပီး ဘိုကေလးေစ်းလမ္းအတြင္း လူေပါင္း တစ္သိန္းေက်ာ္လာေရာက္ဆင္ႏႊဲခဲ့ၾကသျဖင့္ လူအမ်ားအၾကားတြင္ အမွတ္တရအျဖစ္ ထင္က်န္ခဲ့သည္။

 

ထို႔ေၾကာင့္ တစ္ႏွစ္ေက်ာ္ခန႔္ၾကာၿပီးေနာက္ Singapore Tourism Board က ထပ္မံက်င္းပသြားမည္ဟု ေၾကညာလိုက္ေသာအခါတြင္ ၂၀၂၀ တြင္ ျပဳလုပ္သြားမည့္ ထိုပြဲအေၾကာင္း သတင္းမ်ားကို စိတ္ဝင္တစားေစာင့္ေမွ်ာ္ေနသူအမ်ားအျပားရွိေနပါသည္။


၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ႏွင့္ ၂ ရက္ေန႔မ်ားတြင္က်င္းပမည့္ Singapore Festival 2020 ၏ အဓိက ဆြဲေဆာင္မႈမ်ားမွာ ခ်င္းေခ်ာင္းနန္းေတာ္၏ ပရဝုဏ္အတြင္းျမက္ခင္းျပင္ေပၚမွ ႏွစ္လိုဖြယ္ဂီတႏွင့္ ေပ်ာ္ပြဲစားသဖြယ္ အစားအေသာက္စုံလင္စြာျဖင့္ စိတ္အပန္းေျပေစမည့္ Garden Party အျပင္အဆင္မ်ားျဖစ္သည္။ ခ်င္းေခ်ာင္းနန္းေတာ္သည္ ထူးျခားေသာ သမိုင္းေၾကာင္းအစဥ္အလာရွိၿပီး ခန႔္ညားထည္ဝါေသာ ေနရာတစ္ခုလည္းျဖစ္သည္။ ေနာက္ထပ္ ဆြဲေဆာင္မႈအေနျဖင့္ Art Walk ၊ Designers’ Market ႏွင့္ စြဲမက္ဖြယ္ရာ အစားအေသာက္မ်ားကို စီစဥ္ထားသည္။


ဤတစ္ႀကိမ္တြင္ စင္ကာပူသည္ ၎၏အေကာင္းတကာ့အေကာင္းဆုံးမ်ားကို ယူေဆာင္လာမည္ျဖစ္သည္။ ရန္ကုန္၏ နာမည္ေက်ာ္မ်ားျဖစ္သည့္ Rangoon Tea House ၊ The Pansodan ႏွင့္ Shwe Sa Bwe တို႔က အသီးသီး ပံ့ပိုးမႈျဖင့္ အထင္ကရ စားေတာ္ကဲႀကီးမ်ားျဖစ္သည့္ Aaron Wong ၊ Malcolm Lee ႏွင့္ Jeremy Cheok တို႔က အထူးညစာတည္ခင္းမႈမ်ား  ျပဳလုပ္သြားမည္။ လက္မလြတ္သင့္ေသာ အျခား စင္ကာပူ-ျမန္မာ ပူးေပါင္းတင္ဆက္မႈတစ္ခုမွာ  Pan Pacific Yangon ႏွင့္ Hawker Chan ၏လက္တြဲမႈျဖစ္သည္။


ေဖာက္သည္မ်ားက Hawker Chan ဟု အျမတ္တႏိုးေခၚေသာ Chan Hon Meng သည္ မီခ်ယ္လင္ၾကယ္ပြင့္တစ္ပြင့္ ခ်ီးျမႇင့္ျခင္းခံရသည့္ ကမာၻ႔ပထမဆုံး ပ်ံက်စားေသာက္ဆိုင္ပိုင္ရွင္ (hawker) အျဖစ္ လူသိမ်ားသည္။ မီခ်ယ္လင္ၾကယ္ပြင့္ရရွိေသာ စားဖိုမႈးအမ်ားစုသည္ အထက္တန္းလႊာစားေသာက္ဆိုင္မ်ားတြင္ ေစ်းႏႈန္းျမင့္ေသာ ဟင္းလ်ာမ်ားသာ ခ်က္ျပဳတ္တည္ခင္းၾကသည္ကို ေတြ႕ရမည္ျဖစ္ေသာ္လည္း Hawker Chan ကိုမူ စင္ကာပူ၏ ပကာသနမပါေသာ Chinatown Complex Food Centre တြင္ ဟင္းလ်ာမ်ားကို ၅ ေဒၚလာႏွင့္ ထိုထက္နိမ့္ေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးေနျခင္းကို ေတြ႕ရွိကာ ဂုဏ္ျပဳေပးခဲ့ျခင္းျဖစ္သည္။ Hawker Chan ေရာင္းခ်ေပးေသာ အစားအေသာက္သည္ ကမာၻေပၚတြင္ ေစ်းႏႈန္းအခ်ိဳသာဆုံး မီခ်ယ္လင္ၾကယ္ပြင့္ရ ဟင္းလ်ာျဖစ္သည္။


ထိုသို႔ဆိုလွ်င္ Hawker Chan သည္ မည္သည့္ဟင္းလ်ာအတြက္ နာမည္ႀကီးရပါသလဲဟုေမးလာပါက Soya Sauce Chicken Rice (ပဲငံျပာရည္ ၾကက္ဆီထမင္း) ဟု ျပန္ေျဖရပါမည္။ မထင္မွတ္ထားေလာက္ေအာင္ ႐ိုးရွင္းေသာ ဟင္းလ်ာျဖစ္ၿပီး ၾကက္သားကို ပဲငံျပာရည္ျဖင့္ႏွပ္ခ်က္ခ်က္ကာ အေနေတာ္အတုံးမ်ား တုံးသည္။ ဆီထမင္းအတြက္ ဆန္ကို ၾကက္သားမွရေသာ အဆီျဖင့္ ခ်က္ၿပီး ၾကက္သားႏွင့္အတူ တည္ခင္းေပးျခင္းျဖစ္သည္။ ထူးျခားသည့္ လက္ရာေၾကာင့္ ကမာၻေပၚတြင္ အရသာအရွိဆုံးအစားအစာတစ္ခုျဖစ္ေအာင္ သူက စြမ္းေဆာင္ႏိုင္ပါသည္။


“ၾကက္သားကို ေနရာတိုင္းမွာ စားၾကတယ္။ ကမာၻေပၚက အစားအေသာက္ယဥ္ေက်းမႈတိုင္းမွာ ေတြ႕ရပါတယ္။ ဒါေပမဲ့ ႏိုင္ငံနဲ႔ ယဥ္ေက်းမႈကိုလိုက္ၿပီး ၾကက္သားကို ခ်က္ျပဳတ္ပုံေတာ့ ကြာျခားၾကတယ္။  Soya Sauce Chicken Rice ကေနတစ္ဆင့္ စင္ကာပူက ၾကက္သားကို ဘယ္လိုခ်က္ျပဳတ္တည္ခင္းလဲဆိုတာကို ျမန္မာကို ျပသလိုပါတယ္။ ၂၀၁၈ ပြဲတုန္းက ရန္ကုန္ကိုေရာက္ဖူးခဲ့ၿပီး ဒီက ျမန္မာလူမ်ိဳးေတြကို ကြၽန္ေတာ့္ရဲ႕ ၾကက္ဆီထမင္း တည္ခင္းေကြၽးေမြးႏိုင္ခဲ့တယ္။ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ရဖို႔အတြက္ ေမွ်ာ္လင့္ေနပါတယ္။ ကြၽန္ေတာ့္ရဲ႕  Soya Sauce Chicken Rice ကို လူေတြအမ်ားႀကီး လာေရာက္ျမည္းစမ္းၾကလိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္။” ဟု Hawker Chan က ေျပာၾကားသည္။


ဤပြဲေတာ္တြင္ Hawker Chan သည္ Soya Sauce Chicken Rice ကို တည္ခင္းေရာင္းခ်သြားမည္ျဖစ္သည္။ ၾကက္ဆီထမင္းကို ႀကိဳက္ႏွစ္သက္ၿပီး ေဖေဖာ္ဝါရီ ၁ ရက္ႏွင့္ ၂ ရက္ Singapore Festival မတိုင္ခင္အတြင္း Hawker Chan ႏွင့္ ေတြ႕ဆုံလိုပါက ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ အထူးအစီအစဥ္တစ္ခုရွိေနပါသည္။ Pan Pacific Yangon မွ စီစဥ္ေသာ ႏွစ္ဦးတြဲ ညစာတည္ခင္းမႈအျဖစ္ Hawker Chan ႏွင့္ Pan Pacific Yangon မွ စားဖိုမႈးမ်ား တြဲဖက္ျပင္ဆင္မည့္ နာမည္ေက်ာ္ Soya Sauce Chicken Rice ႏွင့္ အျခားဟင္းလ်ာမ်ားကို ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ားအေနျဖင့္ အရသာခံစားႏိုင္မည့္ ညစာစားပြဲကို ထိုညတစ္ညတည္းတြင္ ျပဳလုပ္သြားမည္ျဖစ္ပါသည္။

 

Read More >>>>>   ဒုတိယအႀကိမ္ေျမာက္ ေသြးခ်င္းတို႔ပြဲေတာ္ဆီ စာနယ္ဇင္းမိတ္ဆက္ပြဲ


ဤကဲ့သို႔ တမူထူးျခားသည့္ အစားအေသာက္အခင္းအက်င္းမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံမွ အစားအေသာက္ႏွင့္ခ်က္ျပဳတ္မႈ ဝါသနာရွင္မ်ားသည္ စင္ကာပူ၏ ထူးျခားစုံလင္ေသာ အစားအေသာက္က႑ကို ေလ့လာအကဲခတ္ႏိုင္ပါမည္။ Hawker Chan ၏ ဟင္းလ်ာမ်ားကဲ့သို႔ေသာ ေစ်းႏႈန္းသင့္တင့္ၿပီး ယဥ္ေက်းမႈေနာက္ခံေကာင္းသည့္ သမ႐ိုးက်စားေသာက္ဆိုင္မ်ိဳးမွစ၍ မီခ်ယ္လင္ၾကယ္ ၃ ပြင့္ရ အထက္တန္းလႊာ စားေတာ္ဆက္ႀကီးမ်ားအထိ မည္သည့္အရသာႏွင့္ ခ်က္ျပဳတ္မႈ ပုံစံမ်ိဳးကို ႀကိဳက္ႏွစ္သက္သည္ျဖစ္ပါေစ စင္ကာပူတြင္ စိတ္ေက်နပ္မႈ ရရွိပါလိမ့္မည္။


Singapore Festival 2020 တြင္ Hawker Chan ၏ Soya Sauce Chicken Rice အပါအဝင္ စင္ကာပူႏွင့္ ျမန္မာမွ ထိပ္တန္းစားေတာ္ကဲႀကီးမ်ား၏ အျခားဟင္းလ်ာအမ်ားအျပားကို ျမည္းစမ္းလိုသူမ်ားအေနျဖင့္ https://www.facebook.com/events/444349939827796/ တြင္ ဆက္လက္ေလ့လာႏိုင္ပါသည္။ http://bit.ly/SingFest2020 တြင္လည္း လက္မွတ္မ်ားကို ဝယ္ယူႏိုင္ပါၿပီ။

 

#Myanmar Food Industry

Read times Last modified on Thursday, 30 January 2020 15:22
Rate this item
(0 votes)