Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ရှိ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသိပေးထုတ်ပြန်

Unicode >>>>>

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးကွက်၌ လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း ယနေ့ မတ်လ ၂၄ မှာ ထပ်မံအသိပေးထုတ်ပြန်ခဲ့ပါတယ်။

 

ပြည်သူလူထုအနေဖြင့် သတင်းမှားများ၊ ဝါဒဖြန့်မှုများကို ရှောင်ကြဉ်နိုင်ပါရန်နှင့် လိုအပ်ပါက အသင်းချုပ်နှင့်သော်လည်းကောင်း၊ အသင်းချုပ်၏ ညီနောင်အသင်းများနှင့် ကုန်စည်ဒိုင်များကို တိုက်ရိုက်ဆက်သွယ်မေးမြန်းရန် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အသင်းချုပ်အသင်းဝင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထံတွင် "ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် ဆန်ဝယ်ယူရရှိနိုင်သည်" ဆိုသည့် သတင်းကို လူမှုကွန်ယက်ကနေ တတ်နိုင်သမျှတင်ပေးပါရန်နှင့် ဆန်ရောင်းဝယ်နေပုံများကို နေ့စဉ်ဆိုသလို လူမှုကွန်ယက်တွင် တင်ပေးရန်နှင့် ကုန်စည်ဒိုင်နှင့် ဆန်အရောင်းဆိုင်များအားလုံးမှ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပါဝင်စေလိုကြောင်း ထုတ်ပြန်ထားပါတယ်။

 

Candy သၾကားလံုးထုတ္လုပ္ငန္းေပါင္း ၄၀ ခုရွာရန္ႏွိပ္ပါ။

 

ထို့ပြင် စက်ပိုင်ကုန်သည်ကြီးများနှင့် ကုမ္ပဏီကြီးများအနေဖြင့် မိမိလက်ဝယ်ရှိ ဆန်ကို ကုန်စင်အောင် ရောင်းချခြင်းမပြုဘဲ မိမိဒေသအတွက် တာဝန်သိစွာဖြင့် ထိုက်သင့်သော ပမာဏကို အရန်ဆန်အဖြစ် သိမ်းဆည်းထားရှိပေးပါရန် မေတ္တာရပ်ခံထားပါတယ်။

 

ကျေးလက်ဒေသ ဆန်စပါးစိုက်ပျိုးသော တောင်သူလယ်သမားများနှင့် ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် လူစုလူဝေးများ၊ အလှူမင်္ဂလာပွဲများ ပြုလုပ်ခြင်း မလုပ်ရန်နှင့် မိမိတို့ရွာတွင် နိုင်ငံခြားပြန်များရှိပါက ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများ၏ ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြပါရန် ပန်ကြားထားပါတယ်။

 

အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ ငွေကြေးလှူဒါန်းမှုများနှင့် ဆန်အိတ်လှူဒါန်းမှုများကို ပါဝင်အားဖြည့်ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး လိုအပ်လျက်ရှိသော နေရာဒေသများသို့ ပေးပို့ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်အစီအစဉ်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အသင်းချုပ် (ရုံးချုပ်) တွင် လုပ်ငန်းများ စဉ်ဆက်မပြတ်ဖြစ်စေရန် Contingency & Service Continuity Plan ချမှတ်ထားပြီး MRF COVID-19 Response Task Force ကို ဖွဲ့စည်းကာ လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးများနှင့် လူပုဂ္ဂိုလ်အချင်းချင်း ထိတွေ့မှုများကို မပြုလုပ်ဘဲ ဖုန်းနှင့် Online စနစ်၊ Email, Viber, Messenger တို့မှ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာထားပါတယ်-

 

အမှတ် (၂၉)၊ အခန်း (၉၀၁-၉၀၃)၊ UMFCCI (၉) လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း          : ၀၁-၂၃၀၁၁၂၈-၂၉၊ ၀၁-၂၁၈၂၆၆-၆၈
Email      : This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.

                 This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.

Facebook : http://www.facebook.com/myanmarricefederationyangon/

 

MRS

 

MRS 1

 

Home Page Food

 

Zawgyi >>>>> 

 

လက္ရွိ ျပည္တြင္းေစ်းကြက္တြင္ လက္က်န္ဆန္စပါး လုံေလာက္စြာရွိေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ အသိေပးထုတ္ျပန္

 

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ လက္ရွိအေျခအေနတြင္ ျပည္တြင္းေစ်းကြက္၌ လက္က်န္ဆန္စပါး လံုေလာက္စြာရွိေၾကာင္း ယေန႔ မတ္လ ၂၄ မွာ ထပ္မံအသိေပးထုတ္ျပန္ခဲ့ပါတယ္။

 

ျပည္သူလူထုအေနျဖင့္ သတင္းမွားမ်ား၊ ဝါဒျဖန္႔မႈမ်ားကုိ ေရွာင္ၾကဥ္ႏုိင္ပါရန္ႏွင့္ လိုအပ္ပါက အသင္းခ်ဳပ္ႏွင့္ေသာ္လည္းေကာင္း၊ အသင္းခ်ဳပ္၏ ညီေနာင္အသင္းမ်ားႏွင့္ ကုန္စည္ဒုိင္မ်ားကို တုိက္႐ုိက္ဆက္သြယ္ေမးျမန္းရန္ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အသင္းခ်ဳပ္အသင္းဝင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိတို႔ထံတြင္ "ပစၥည္းမွန္၊ ေစ်းမွန္ျဖင့္ ဆန္ဝယ္ယူရရွိႏုိင္သည္" ဆုိသည့္ သတင္းကို လူမႈကြန္ယက္ကေန တတ္ႏုိင္သမွ်တင္ေပးပါရန္ႏွင့္ ဆန္ေရာင္းဝယ္ေနပံုမ်ားကို ေန႔စဥ္ဆုိသလုိ လူမႈကြန္ယက္တြင္ တင္ေပးရန္ႏွင့္ ကုန္စည္ဒိုင္ႏွင့္ ဆန္အေရာင္းဆုိင္မ်ားအားလံုးမွ လႈပ္ရွားမႈတစ္ရပ္အေနျဖင့္ ပါဝင္ေစလုိေၾကာင္း ထုတ္ျပန္ထားပါတယ္။

 

ထုိ႔ျပင္ စက္ပိုင္ကုန္သည္ႀကီးမ်ားႏွင့္ ကုမၸဏီႀကီးမ်ားအေနျဖင့္ မိမိိလက္ဝယ္ရွိ ဆန္ကို ကုန္စင္ေအာင္ ေရာင္းခ်ျခင္းမျပဳဘဲ မိမိေဒသအတြက္ တာဝန္သိစြာျဖင့္ ထုိက္သင့္ေသာ ပမာဏကို အရန္ဆန္အျဖစ္ သိမ္းဆည္းထားရွိေပးပါရန္ ေမတၱာရပ္ခံထားပါတယ္။

 

Candy သၾကားလံုးထုတ္လုပ္ငန္းေပါင္း ၄၀ ခုရွာရန္ႏွိပ္ပါ။

 

ေက်းလက္ေဒသ ဆန္စပါးစိုက္ပ်ိဳးေသာ ေတာင္သူလယ္သမားမ်ားႏွင့္ ေက်းရြာမ်ားတြင္ ေနထုိင္သူမ်ားအေနျဖင့္ လူစုလူေဝးမ်ား၊ အလွဴမဂၤလာပြဲမ်ား ျပဳလုပ္ျခင္း မလုပ္ရန္ႏွင့္ မိမိတို႔ရြာတြင္ ႏိုင္ငံျခားျပန္မ်ားရွိပါက က်န္းမာေရးဌာနႏွင့္ အုပ္ခ်ဳပ္ေရးဌာနမ်ား၏ ညႊန္ၾကားခ်က္အတုိင္း တိက်စြာလုိက္နာေဆာင္ရြက္ၾကပါရန္ ပန္ၾကားထားပါတယ္။

 

အသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ားမွ ေငြေၾကးလွဴဒါန္းမႈမ်ားႏွင့္ ဆန္အိတ္လွဴဒါန္းမႈမ်ားကို ပါဝင္အားျဖည့္ေထာက္ပံ့ေပးရန္ စီစဥ္လ်က္ရွိၿပီး လိုအပ္လ်က္ရွိေသာ ေနရာေဒသမ်ားသို႔ ေပးပို႔ေထာက္ပံ့ေပးႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိၿပီး အေသးစိတ္အစီအစဥ္ကို ထပ္မံေၾကညာေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

 

အသင္းခ်ဳပ္ (႐ံုးခ်ဳပ္) တြင္ လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ျဖစ္ေစရန္ Contingency & Service Continuity Plan ခ်မွတ္ထားၿပီး MRF COVID-19 Response Task Force ကို ဖြဲ႔စည္းကာ လုပ္ငန္းမ်ားကို စီမံေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း၊ အစည္းအေဝးမ်ားႏွင့္ လူပုဂၢိဳလ္အခ်င္းခ်င္း ထိေတြ႔မႈမ်ားကို မျပဳလုပ္ဘဲ ဖုန္းႏွင့္ Online စနစ္၊ Email, Viber, Messenger တို႔မွ လုပ္ငန္းေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း၊ ေအာက္ပါအတိုင္း ဆက္သြယ္ႏုိင္ပါေၾကာင္း ထုတ္ျပန္ေၾကညာထားပါတယ္-

အမွတ္ (၂၉)၊ အခန္း (၉၀၁-၉၀၃)၊ UMFCCI (၉) လႊာ၊ မင္းရဲေက်ာ္စြာလမ္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။


ဖုန္း           : ၀၁-၂၃၀၁၁၂၈-၂၉၊ ၀၁-၂၁၈၂၆၆-၆၈
Email       : This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
                 This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.
Facebook : http://www.facebook.com/myanmarricefederationyangon/

Read times Last modified on Wednesday, 25 March 2020 08:50
Rate this item
(0 votes)