Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုလားပဲနဲ့ စားတော်ပဲကို ပြည်ပမှ ယာယီတင်သွင်းရန် ဆိုင်းငံ့ထား

ပြည်ပမှ ကုလားပဲနဲ့ စားတော်ပဲများကို ယာယီတင်သွင်းဖို့ စီစဉ်ထားပေမယ့်လည်း ကုန်စည်ဒိုင်များရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။


ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် မစိုက်ပျိုးနိုင်တာကြောင့် ကုလားပဲနဲ့ စားတော်ပဲများကို ပြည်ပနိုင်ငံများမှ ယာယီတင်သွင်းဖို့ စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။


ဇွန် (၂၆) ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားတော်ပဲ တင်သွင်းခွင့်ပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပဲ၊ နှမ်း အသင်းမှ တာဝန်ရှိသူများ၊ တင်သွင်းလိုတဲ့ ကုန်သည်များ၊ စိုက်ပျိုးတောင်သူများကို ခေါ်ယူကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် လျှောက်လွှာတင်မယ့်ရက်ကိုလည်း (၈) ရက်နေ့လို့ သတ်မှတ်လိုက်ပါတယ်။


ဒါပေမယ့် ကုလားပဲနဲ့ စားတော်ပဲ စိုက်ပျိုးထွက်ရှိတဲ့ ဒေသတွေဖြစ်တဲ့ မုံရွာ၊ ကျောက်ပန်းတောင်း၊ ပခုက္ကူနယ်ရှိ ကုန်စည်ဒိုင်များက အခုလို ပြည်ပမှတင်သွင်းခြင်းဟာ တောင်သူများရဲ့ အကျိုးစီးပွားထိခိုက်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ ပြည်ပမှ ယာယီတင်သွင်းရန် ဆိုင်းငံ့ထားကြောင်းကို အကြံပြုတင်ပြထားခြင်းဖြစ်ပါတယ်။


Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (10.7.2019)


လက်ရှိမှာ စားတော်ပဲကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ပြုထားခြင်း မရှိသေးပေမယ့်လည်း တရုတ်နဲ့ မြဝတီနယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်မှုများရှိနေတာကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်နစ်နာမှုရှိနေကြောင်း ကုန်သည်အချို့က ပြောပါတယ်။


ပြည်တွင်းမှာ နှစ်စဉ် စားတော်ပဲပျမ်းမျှတန်ချိန် နှစ်သောင်းဝန်းကျင် ထွက်ရှိလေ့ရှိပြီး လက်ရှိ ပြည်တွင်းဈေးကွက်မှာ စားတော်ပဲတစ်တန်ကို ခုနစ်သိန်းဝန်းကျင်နဲ့ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။

Source: YCDC

Read times Last modified on Thursday, 11 July 2019 09:34
Rate this item
(1 Vote)