Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အီကွေဒေါနိုင်ငံသို့ ဆန်ဈေးကွက်သစ်အဖြစ် ထိုးဖောက်တင်ပို့

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေရာ ဈေးကွက်သစ်အဖြစ်

အီကွေဒေါ နိုင်ငံ သို့ တိုးချဲ့ တင်ပို့နေကြောင်း စီးပါားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရပါတယ်။

 

လက်ရှိတင်ပို့နေတဲ့ ဈေးကွက်များအပြင် အီကွေဒေါနိုင်ငံကို ဈေးကွက်သစ်တစ်ခုအနေနဲ့ တင်ပို့နေတာဖြစ်ပါတယ်။ ငစိန်ဆန်တွေကို တင်ပို့ခဲ့တာပါဟု ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရပါတယ်။

 

အီကွေဒေါနိုင်ငံသို့ ငစိန်ဆန်အမျိုးအစားတန်ချိန် ၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့နိုင်ခြင်း ဖြစ်ပြီး ဂီနီ၊ ဗီယက်နမ်၊ ရုရှား၊ အိုင်ဗရီကို့စ်၊ ဥရောပသမဂ္ဂ၊ စင်ကာပူဈေးကွက်တို့သို့လည်း ဧည့်မထဆန်၊ ငစိန်ဆန်နှင့် ပေါင်းဆန် တို့ကို တင်ပို့လျက်ရှိပါတယ်။

 Read more >>>>> စပါးတင်းတစ်ရာလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ဈေးတက်

နယ်စပ်ကုန်သွယ်ရေးအနေနဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို တင်ပို့နေတာတွေရှိသလို အခုလိုပင်လယ်ရေကြောင်း ကုန်သွယ်ရေးကနေ ကမ္ဘာ့ဈေးကွက်တွေထဲကို တင်ပို့နေတာဖြစ်ပါတယ်။ ဈေးကွက်သစ်တွေဆက်လက်ရှာဖွေသွားမှာပါဟု ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရပါတယ်။

 

ဆန်၊ ဆန်ကွဲနှင့် ဆန်ထွက်ပစ္စည်းများကိ မူဆန် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကို စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:58
Rate this item
(3 votes)