Food & Livestock
ရေထွက်ကုန်များကို စွန့်ပစ်ရသည်အထိတွေ့ကြုံခဲ့ရတဲ့အတွက် မူဆယ်၌ ကုန်တင်ရန် မန္တလေးမှ ကုန်မပါသည့် ယာဉ်များ သွားရောက်မှုရှိ
ရန်ကုန်မှ မူဆယ်သို့ ကုန်တင်ယာဉ်အတက်ကားမရှိသော်လည်း မူဆယ်၌ ကုန်တင်ရန် မန္တလေးမှ ကုန်မပါသည့်ယာဉ်များသွားရောက်မှုရှိနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးကျင်သိန်း၏ ပြောဆိုချက်အရ သိရသည်။
''မူဆယ်ကို ရန်ကုန်က အတက်ကား တော့မရှိဘူး။ မန္တလေးကတော့ မူဆယ် အဆင်းလမ်းကြောင်းဆိုရင် ကားခကောင်း တော့ တွဲကားတွေက ကုန်မပါဘဲ အလွတ်ပဲသွားကြတယ်''ဟု ဦးကျင်သိန်းကပြောသည်။
အဆိုပါလမ်းကြောင်း၌ ဂုတ်တွင်းတံတားဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့စဉ်က ရေထွက်ကုန်များကို စွန့်ပစ်ရသည်အထိတွေ့ကြုံခဲ့ရပြီး လတ်တလောတွင် ကုန်သည်များကလည်း ပြန်လည်တင်ပို့ရန် စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း သိရသည်။
''နောက်ပိုင်း လမ်းကြောင်းမကောင်းတော့ ကုန်သည်တွေကလည်း မတင်တော့ဘူး။ လမ်းမှာတစ်ခုခုဖြစ်ရင် ကားသမားလည်း တန်ဆာခတောင်းရတာ အခက်အခဲဖြစ်သလို ကုန်သည်လည်း အရင်းအနှီးဆုံးရှုံးတာပေါ့ '' ဟု ဦးကျင်သိန်းကပြောသည်။
Read More >>>>> တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အဝယ်လျော့သွားသည့်အတွက် ငရုတ်ဈေးနှုန်းကျဆင်း
လတ်တလောတွင် မူဆယ်ဘက်မှ အဆင်းကား တစ်ရက်လျှင် အစီးရေ ၂ဝဝ ခန့်ရှိကာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြီးခဲ့သည့်ခြောက်လခန့်ကပင် ကုန်တင်ပို့မှုနည်းပါးလာပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်- မူဆယ် တိုက်ရိုက်သွားသည့်ကား မရှိသလောက် ရှားနေကြောင်း သိရသည်။
''တခြားလိုင်းတွေကလည်း ပုံမှန်ထက် လျော့သွားတယ်။ ဒါပေမဲ့ ပွင့်လင်းရာသီဆိုရင် ပြန်လည်ကောင်းမွန်လာမှာပါ'' ဟု ဦးကျင်သိန်းကပြောသည်။
Source: Myawady