Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျင်စန်းကျော့ နယ်စပ်ဂိတ် ရက်ရှည် ပိတ်ထားသဖြင့် ကုန်စိမ်းနှင့်သစ်သီးများ ပျက်စီးဆုံးရှုံး နစ်နာလျက်ရှိ

တရုတ်နိုင်ငံဝင်ပေါက် ကျင်စန်းကျော့ နယ်စပ်ဂိတ် ရက်ရှည်ပိတ်ထားသဖြင့် ကုန်စိမ်းနှင့် သစ်သီးများ  ပျက်စီးဆုံးရှုံးနစ်နာလျက် ရှိကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘို ထံမှ သိရသည်။

 

လတ်တလောတွင်  ဖွင့်လှစ်ထားသည့် ကြူကုတ်ပန်ဆိုင်းသို့ သွားရောက်သည့် ကားခများမှာ မိုင်အကွာအဝေးနှင့် လုံခြုံရေးပိုင်းအရ  ဈေးနှုန်းမြင့်တက်နေသည့်အပြင် ပို့ကုန်အနေဖြင့်  ဂိတ်ပေါက်တစ်ခုတည်း ဖြစ်သောကြောင့် ယင်းဂိတ်တွင် ကားများ ဆက်လက်စုပြုံလျက် ရှိကြောင်း သိရသည်။

 

''ပို့ကုန်အနေနဲ့လည်း ဂိတ်တစ်ပေါက်တည်း ဖြစ်နေတဲ့အတွက် ကြာနေတယ်။ ရက်ကြာတာနဲ့အမျှ ကုန်စိမ်းတွေက ဆုံးရှုံးနစ်နာမှု များသွားမယ်'' ဟု  ဦးစိုင်းမြင့်ဘို ကပြောသည်။

 

လက်ရှိတွင်  ပိတ်မိနေသည့် ကားများကို မဖြေရှင်းနိုင်သေးသည့်အပြင် ယခုလအတွင်း ထွက်ရှိလာမည့် သစ်သီးများ ဝင်ရောက်လာပါကလည်း အခြေအနေ ပိုမိုဆိုးရွားလာနိုင်သဖြင့် သက်ဆိုင်ရာမှ လျင်မြန်စွာပြန်လည် ဖွင့်လှစ်ပေးစေလိုကြောင်း၊ ထို့ပြင် လုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှု များပြားနေသည်မှာ သယ်ယူပို့ဆောင်ရေး လမ်းပိုင်းကြောင့်ဖြစ်နေသည့် အတွက် လမ်းပိုင်းကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရေရှည်အတွက် တောင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ နစ်နာစေသော ဆုံးရှုံးမှု ထပ်မဖြစ်ရစေရန် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ခေတ်စနစ်နှင့်  ပမာဏကြီးမားလာသော ကုန်သွယ်မှုနှင့် ကိုက်ညီစေရေး တည်ဆောက်ပေးရန် လိုအပ်ကြောင်း သိရသည်။

 

ယခင်က ၇ မိုင်ခန့်  သွားလာရသည့် မူဆယ်-ကျင်စန်းကျော့လမ်းကို အသုံးပြုခဲ့ရာမှ ယခုအခါ ၁၅ မိုင်ခန့် သွားလာရသည့် ကြူကုတ်ပန်ဆိုင်းလမ်းကို အသုံးပြု တင်ပို့ရသဖြင့် သစ်သီးဝလံများ ပျက်စီးမှုနှင့် တွေ့ကြုံနေ ရခြင်းဖြစ်ကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)