Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်၌ စပါးဈေးတက်နေသော်လည်း ရန်ကုန်ဈေးကွက်၌ ပုံမှန်အတိုင်းသာရှိနေ

လတ်တလော နယ်မြို့များ၌ စပါးဈေးတက်နေသော်လည်း ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဆန်ဈေးပုံမှန်အတိုင်း သာရှိပြီး  လာမည့်ဇူလိုင်လ နှောင်းပိုင်းမှသာ  နယ်နှင့်  ရန်ကုန်ဆန်ဈေး  တစ်ပြေးညီဖြစ်လာနိုင်ကြောင်း  ဘုရင့်နောင်ကုန်စည် ဒိုင်ဆန်ဈေးကွက်အတွင်း ကုန်သည်တချို့က  သုံးသပ်ထားကြောင်း သိရပါတယ်။
လတ်တလောတွင် ရန်ကုန်ဆန်ဈေးကွက်၌  ၂၅  မတ်ဆန်  တစ်အိတ်လျှင်  ငွေကျပ် ၁၉၆ဝဝ  ဝန်းကျင်သာရှိပြီး နယ်ဘက်တွင် စပါးဈေးမြင့်မားနေကာ  ရန်ကုန်မြို့၌  ဆန်ဈေးအေးနေသည့်အတွက်    ရန်ကုန်မြို့သို့ ကုန်တက်နည်းပါးနေကြောင်း၊ နယ်ဘက်တွင်   ကုန်းလမ်းအဆင်မပြေသေးသည့်  အတွက် ရေလမ်းပြန်လည်ကောင်းမွန်မည့်   အချိန်မှသာ   နယ်နှင့်ရန်ကုန်ဆန်ဈေး တစ်ပြေးညီဖြစ်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

 

''အခုက မိုးစရွာတော့ ကုန်းလမ်းတွေက  ပျက်သွားပြီ။ ကုန်းလမ်းမပေါက်တဲ့အချိန်မှာ လှေနဲ့ကဲ့ပြီးမလာနိုင်တဲ့အတွက် လောလောဆယ် စပါးရှားတဲ့အပိုင်း ဖြစ်သွားတာပေါ့။ စပါးက လှောင်လက်ရဲ့ လက်ထဲမှာပဲ ရှိနေသေးတော့  လှောင်လက်ထဲက  ပြန်ထွက်လာမယ့်အချိန်၊ ရေလမ်းပြန်ပေါက် မယ့်အချိန်ဖြစ်တဲ့    ဇူလိုင်ဒုတိယပတ်၊ တတိယပတ်လောက်ကျမှပဲ နယ်နဲ့ရန်ကုန် ဆန်ဈေး တစ်တန်းထဲပြန်ဖြစ်နိုင်တယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်   (ဘုရင့်နောင်)   မှ ကော်မတီဝင် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ထို့ပြင် ယမန်နှစ်က စပါးဈေးကောင်းမွန်ခဲ့သည့်အတွက် လယ်သမားများလက်ထဲ၌ ယမန်နှစ်များကထက် စပါးများ သိုလှောင် လာနိုင်ပြီး   ယခုနှစ်အတွင်းထွက်ရှိသည့်  စပါး  ၅ဝ  ရာခိုင်နှုန်းမှာ လက်ရှိအချိန်ထိ တောင်သူများလက်ထဲတွင်သာ ရှိနေသေး ကြောင်း သိရပါတယ်။

 

ထို့ပြင်   လတ်တလော   ရာသီဥတု  မကောင်းမွန်သည့်အတွက်   ပင်လယ်ရေကြောင်းမှတင်ပို့သော   သင်္ဘောတင်မည့်  ဆန်များမှာလည်း   အခက်အခဲရှိနေသေးသည့်အတွက်   အရောင်းအဝယ်အေးနေ ကြောင်း သိရပါတယ်။

 

 မြန်မာနိုင်ငံမှ   ဆန်ကို   ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့်   ပြည်ပသို့   တင်ပို့လေ့ရှိပြီး  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  မေ ၂ဝ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၅ သန်း တန်ဖိုးရှိ  ဧည့်မထဆန်၊ ငစိန်ဆန်နှင့် ပေါင်း ဆန်  ၄ဝ၉၅ တန်ကျော် တင်ပို့ခဲ့ကာ ယခု တစ်ပတ်အတွင်း ဥရောပသမဂ္ဂနိုင်ငံများသို့ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:16
Rate this item
(1 Vote)