Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မေလတွင် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၃၀၀၀ ကျော်တင်ပို့ထား

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၄၃၆၅၅ တန် တင်ပို့ရာမှ

အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၆၄ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

 

ယင်းတင်ပို့မှုတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ တန် ၃၈၀၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၄၃၈၇ တန်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၆၈ တန်ပါဝင်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

 

ဆန်တင်ပို့မှုလျာထားချက်အောင်မြင်ဖို့ဆိုတာ စိုက်ပျိုးသူ တောင်သူတွေပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တောင်သူတွေရဲ့ အခက်အခဲဖြေရှင်းနိုင်ဖို့ လုပ်ကိုင်နေတာတွေရှိသလို ဆန်စပါးကုမဏီတွေရဲ့ အခက်အခဲတွေအတွက်လည်း ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုအခြေအနေသည် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့မှ တင်ပို့မှု စုစုပေါင်းတန်ချိန် သုံးသန်းခန့်အထိ စံချိန်တင် အမြင့်မားဆုံးတင်ပို့နိုင်သည့်အတွက် ယခုဘဏ္ဍာနှစ်တွင်လည်း ယင်းပမာဏအောက် လျော့ကျမသွားရေးအတွက် ကြိုးပမ်းနေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read 1067 times Last modified on Tuesday, 18 September 2018 13:35
Rate this item
(0 votes)