Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လိပ်မျိုးပြုန်းတီးမှုကို ကာကွယ်ရန် ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် ပင်လယ်လိပ် လွတ်မြောက်ရေးကိရိယာ တပ်ဆင်အသုံးပြုရမည်

လိပ်မျိုးပြုန်းတီးမှုကို ကာကွယ်ရန် ကမ်းဝေးတရွတ်ဆွဲနှင့် ဘုံကျောင်းကျားပိုက်ငါးဖမ်းရေယာဉ်များတွင်

ပင်လယ်လိပ် လွတ်မြောက်ရေးကိရိယာ (Turtle Excluder Device- TED) တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးဖမ်းလိုင်စင်ရယူ၍ ကမ်းဝေးငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ကြသည့် တရွတ်ဆွဲပိုက်ငါးဖမ်းကိရိယာနှင့် ဘုံကျောင်းကျားပိုက်ငါးဖမ်းကိရိယာများအားလုံး TED ကို ၂၀၁၈-၁၉ ငါးဖမ်းရာသီတွင် နောက်ဆုံးထား၍ တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး မတပ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ငါးဖမ်းရေယာဉ်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ သိရပါတယ်။

 

တရွတ်ပိုက်ဆွဲနှင့် ဘုံကျောင်းကျားပိုက်ကိရိယာသုံး ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် TED မတပ်ဆင်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းငါးဖမ်းရေယာဉ်ကို ပထမအကြိမ်တွင် ဒဏ်ကြေးငွေကျပ် ငါးသိန်း၊ ဒုတိယအကြိမ်တွင် ဒဏ်ကြေးငွေနှစ်ဆနှင့် တတိယအကြိမ်တွင် ငါးဖမ်းရေယာဉ်လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိတွင် မေ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ငါးမဖမ်းရကာအဖြစ် သတ်မှတ်ထားပြီး ကမ်းဝေး ငါးဖမ်းရေယာဉ်များအားလုံးကို ငါးဖမ်းခွင့် ၃၀% ခွင့်ပြုထားကာ သြဂုတ် ၁၆ ရက်မှစ၍ ၂၀၁၈-၁၉ ငါးဖမ်းရာသီသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပုစွန်ဆွဲပိုက်လုပ်ငန်းများကြောင့် ပင်လယ်လိပ်များ အသတ်ခံရခြင်းမှ ကာကွယ်ရန် အမေရိကန်ပြည်ထောင်စုက ပုစွန်ဆွဲပိုက်များတွင် TED တပ်ဆင်ရန် တိုက်တွန်းဆောင်ရွက်နေခြင်းဖြစ်ပြီး ငါး၊ ပုစွန်ဖမ်းပိုက်များတွင် TED မတပ်ဆင်မှုကြောင့် လက်ရှိအချိန်ထိ အမေရိကသို့ သဘာဝမှ ဖမ်းဆီးရရှိသည့် ပုစွန်များ တင်ပို့ခွင့်မရှိ ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:11
Rate this item
(4 votes)