Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံမှ ကောလာဟလ သတင်းများကြောင့် ပြည်တွင်း၌ မတ်ပဲဈေးကျဆင်း

Unicode

အိန္ဒိယနိုင်ငံမှ ကောလာဟလ သတင်းများကြောင့် ပြည်တွင်း၌ မတ်ပဲဈေးကျဆင်း


အိန္ဒိယနိုင်ငံမှ ထွက်ပေါ် နေသော ကောလာဟလ သတင်းများကြောင့် ပြည်တွင်း မတ်ပဲဈေးတစ်တန်လျှင် ကျပ်နှစ်သိန်းခွဲခန့် သို့ ပြန်လည်ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


အိန္ဒိယနိုင်ငံ ပြည်နယ်အစိုး ရအချို့က ပြည်ပမှမတ်ပဲတင် သွင်းခွင့်နှင့်ပတ်သက်၍ ခွင့်ပြုမိန့် ထပ်မံမပေးဆိုသည့် သတင်းပျံ့နှံ့နေခြင်း၊ အိန္ဒိယနိုင်ငံတွင် မတ်ပဲတစ်တန်လျှင် ရူပီး ၈,၉၀၀ မှ ၇,၂၀၀ သို့ကျဆင်းခြင်းကြောင့် မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုကို လျှော့ချသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေး ပြန် လည်ကျဆင်းခြင်း ဖြစ်သည်။

 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ်ဆယ်သိန်းကိုးသောင်း ဈေးဖွင့်သည်။ အောက်တိုဘာတွင် မတ်ပဲတစ်တန် ကျပ်တစ်ဆယ့်သုံး သိန်းလေးသောင်းကျော်အထိ အ မြင့်ဆုံးတက်ခဲ့သည်။

 

‘‘မြန်မာနိုင်ငံရဲ့ ပဲဈေးက အိန္ဒိယနိုင်ငံပေါ်ပဲ မူတည်နေတာ လေ’’ဟု ဦးမင်းကိုဦးက လက်ရှိ ကြုံနေရသည့် ဈေးကွက်အခြေအ နေကို ပြောသည်။

 

Read More >>>>>  ထိပ္တန္းအစားအေသာက္ ဝန္ေဆာင္မႈ ျဖစ္သည့္ GrabFood ကို ရန္ကုန္ၿမိဳ႕တြင္ စတင္မိတ္ဆက္

 

အိန္ဒိယနိုင်ငံတွင် စက်တင် ဘာက မတ်ပဲအသစ်ပေါ်ချိန်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲ အထွက် လျော့နည်းကြောင်း မြန်မာကုန်သည်အချို့က သုံးသပ်သည်။

 

၂၀၁၉ ဇွန်လကစတင်ပြီး အောက်တိုဘာကုန်အတွင်း မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ပြည်ပမှ တင်သွင်းရန် အိန္ဒိယအစိုးရက ခွင့်ပြုထားသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသာ စိုက်ပျိုးသည့် မတ်ပဲကို ခွဲတမ်းပြည့်ချိန်တွင် အိန္ဒိယနိုင်ငံမှ ပြည်နယ် အချို့က တင်သွင်းခွင့်ပြုမိန့်များသူ၏ ကုမ္ပဏီများကို ထပ်မံချထားပေးသည်။

 

ထို့ကြောင့် အောက်တိုဘာ လလယ်ကစတင်ပြီး မြန်မာနိုင်ငံမှ မတ်ပဲကို အိန္ဒိယကုန်သည်များက ဝယ်အားမြှင့်သဖြင့် ၂၀၁၇ သြဂုတ်နောက်ပိုင်း စံချိန်တင်မြင့်တက် ခဲ့သည်။

 

အိန္ဒိယမှ မတ်ပဲဝယ်အား များသော်လည်း ပဲစင်းငုံဝယ်လို အား အနည်းငယ်သာရှိသဖြင့် တစ်တန်လျှင် ကျပ်ရှစ်သိန်းသုံး သောင်းခန့် ဈေးဖွင့်သည်။

 

‘‘တောင်သူတွေကတော့ အ များကြီး မျှော်လင့်နေတယ်။ စစိုက်မယ့်အချိန်မှာ ဈေးကလည်း တောင်သူအကြိုက်ဖြစ်ခဲ့တာကိုး’’ ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအ သင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

 

မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲဈေး နှုန်းသည် နယ်မြို့များတွင် တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲ ဈေးရှိသည်။ တောင်သူများက မတ်ပဲ တစ်တင်း ကျပ်သုံးသောင်းအ ထက် ဈေးရလျှင် စိုက်ပျိုးရန်အ ဆင်ပြေကြောင်း ကျောင်းကုန်းမြို့ နယ်မှ တောင်သူဦးပြူးက ပြောသည်။

 

Food Catagories မ်ားကိုရွာရန္ ဤေနရာတြင္ႏွိပ္ပါ။

 

ရာသီဥတု ဖောက်ပြန်မှု ကြောင့် အိန္ဒိယနိုင်ငံတွင် ပဲလို အပ်ချက်ရှိနေသော်လည်း တင် သွင်းခွင့်မူဝါဒကို ပြောင်းလဲမှု မကြာခဏ ပြုလုပ်သဖြင့် ပြည် တွင်းပဲအသစ်ပေါ်ချိန် ဈေးနှုန်း ခန့်မှန်းရန်ခက်ခဲကြောင်း ဦးမင်း ကိုဦးက ပြောသည်။

 

Source: 7 day new

 

 

 

 

အိႏၵိယႏိုင္ငံမွ ေကာလာဟလ သတင္းမ်ားေၾကာင့္ ျပည္တြင္း၌ မတ္ပဲေဈးက်ဆင္း

 

အိႏၵိယႏိုင္ငံမွ ထြက္ေပၚ ေနေသာ ေကာလာဟလ သတင္းမ်ားေၾကာင့္ ျပည္တြင္း မတ္ပဲေဈးတစ္တန္လွ်င္ က်ပ္ႏွစ္သိန္းခြဲခန႔္ သို႔ ျပန္လည္က်ဆင္းလာေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံႏွင့္ ႏွမ္းကုန္ သည္အသင္း အတြင္းေရးမႉး ဦးမင္းကိုဦးက ေျပာသည္။


အိႏၵိယႏိုင္ငံ ျပည္နယ္အစိုး ရအခ်ိဳ႕က ျပည္ပမွမတ္ပဲတင္ သြင္းခြင့္ႏွင့္ပတ္သက္၍ ခြင့္ျပဳမိန႔္ ထပ္မံမေပးဆိုသည့္ သတင္းပ်ံ႕ႏွံ႔ေနျခင္း၊ အိႏၵိယႏိုင္ငံတြင္ မတ္ပဲတစ္တန္လွ်င္ ႐ူပီး ၈,၉၀၀ မွ ၇,၂၀၀ သို႔က်ဆင္းျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွ ပဲဝယ္ယူမႈကို ေလွ်ာ့ခ်သည္။ ထို႔ေၾကာင့္ ျပည္တြင္းေဈးကြက္တြင္ မတ္ပဲေဈး ျပန္ လည္က်ဆင္းျခင္း ျဖစ္သည္။

 

လက္ရွိ ျပည္တြင္းေဈးကြက္ တြင္ မတ္ပဲတစ္တန္လွ်င္ က်ပ္ဆယ္သိန္းကိုးေသာင္း ေဈးဖြင့္သည္။ ေအာက္တိုဘာတြင္ မတ္ပဲတစ္တန္ က်ပ္တစ္ဆယ့္သုံး သိန္းေလးေသာင္းေက်ာ္အထိ အ ျမင့္ဆုံးတက္ခဲ့သည္။

 

‘‘ျမန္မာႏိုင္ငံရဲ႕ ပဲေဈးက အိႏၵိယႏိုင္ငံေပၚပဲ မူတည္ေနတာ ေလ’’ဟု ဦးမင္းကိုဦးက လက္ရွိ ႀကဳံေနရသည့္ ေဈးကြက္အေျခအ ေနကို ေျပာသည္။

 

Read More >>>>>  ထိပ္တန္းအစားအေသာက္ ဝန္ေဆာင္မႈ ျဖစ္သည့္ GrabFood ကို ရန္ကုန္ၿမိဳ႕တြင္ စတင္မိတ္ဆက္

 

အိႏၵိယႏိုင္ငံတြင္ စက္တင္ ဘာက မတ္ပဲအသစ္ေပၚခ်ိန္တြင္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ပဲ အထြက္ ေလ်ာ့နည္းေၾကာင္း ျမန္မာကုန္သည္အခ်ိဳ႕က သုံးသပ္သည္။

 

၂၀၁၉ ဇြန္လကစတင္ၿပီး ေအာက္တိုဘာကုန္အတြင္း မတ္ပဲတန္ခ်ိန္ တစ္သိန္းခြဲကို ျပည္ပမွ တင္သြင္းရန္ အိႏၵိယအစိုးရက ခြင့္ျပဳထားသည္။ ျမန္မာႏွင့္ အိႏၵိယႏိုင္ငံသာ စိုက္ပ်ိဳးသည့္ မတ္ပဲကို ခြဲတမ္းျပည့္ခ်ိန္တြင္ အိႏၵိယႏိုင္ငံမွ ျပည္နယ္ အခ်ိဳ႕က တင္သြင္းခြင့္ျပဳမိန႔္မ်ားသူ၏ ကုမၸဏီမ်ားကို ထပ္မံခ်ထားေပးသည္။

 

ထို႔ေၾကာင့္ ေအာက္တိုဘာ လလယ္ကစတင္ၿပီး ျမန္မာႏိုင္ငံမွ မတ္ပဲကို အိႏၵိယကုန္သည္မ်ားက ဝယ္အားျမႇင့္သျဖင့္ ၂၀၁၇ ၾသဂုတ္ေနာက္ပိုင္း စံခ်ိန္တင္ျမင့္တက္ ခဲ့သည္။

 

အိႏၵိယမွ မတ္ပဲဝယ္အား မ်ားေသာ္လည္း ပဲစင္းငုံဝယ္လို အား အနည္းငယ္သာရွိသျဖင့္ တစ္တန္လွ်င္ က်ပ္ရွစ္သိန္းသုံး ေသာင္းခန႔္ ေဈးဖြင့္သည္။

 

‘‘ေတာင္သူေတြကေတာ့ အ မ်ားႀကီး ေမွ်ာ္လင့္ေနတယ္။ စစိုက္မယ့္အခ်ိန္မွာ ေဈးကလည္း ေတာင္သူအႀကိဳက္ျဖစ္ခဲ့တာကိုး’’ ဟု လယ္သမားဘဝဖြံ႕ၿဖိဳးေရးအ သင္းဥကၠ႒ ဦးသိန္းေအာင္က ဆိုသည္။

 

မိုးစပါး ရိတ္သိမ္းၿပီးခ်ိန္တြင္ ျပည္တြင္းေဈးကြက္၌ မတ္ပဲေဈး ႏႈန္းသည္ နယ္ၿမိဳ႕မ်ားတြင္ တစ္တင္းလွ်င္ က်ပ္သုံးေသာင္းခြဲ ေဈးရွိသည္။ ေတာင္သူမ်ားက မတ္ပဲ တစ္တင္း က်ပ္သုံးေသာင္းအ ထက္ ေဈးရလွ်င္ စိုက္ပ်ိဳးရန္အ ဆင္ေျပေၾကာင္း ေက်ာင္းကုန္းၿမိဳ႕ နယ္မွ ေတာင္သူဦးျပဴးက ေျပာသည္။

 

Food Catagories မ်ားကိုရွာရန္ ဤေနရာတြင္ႏွိပ္ပါ။

 

ရာသီဥတု ေဖာက္ျပန္မႈ ေၾကာင့္ အိႏၵိယႏိုင္ငံတြင္ ပဲလို အပ္ခ်က္ရွိေနေသာ္လည္း တင္ သြင္းခြင့္မူဝါဒကို ေျပာင္းလဲမႈ မၾကာခဏ ျပဳလုပ္သျဖင့္ ျပည္ တြင္းပဲအသစ္ေပၚခ်ိန္ ေဈးႏႈန္း ခန႔္မွန္းရန္ခက္ခဲေၾကာင္း ဦးမင္း ကိုဦးက ေျပာသည္။

 

Source: 7 day new

Read times Last modified on Wednesday, 05 February 2020 16:16
Rate this item
(0 votes)