Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်သစ်သီးဝလံဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်းရှင်များကြိုဆို

နယ်စပ်ကုန်သွယ်ရေးတွင် အရောင်း အဝယ်ပြုလုပ်နေသော ကုန်စည်များကို ရန် ကုန်တိုင်းအတွင်း အရောင်းအဝယ်ပြုရန် ဈေး ကွက်ထူထောင်မည့်အပေါ် လုပ်ငန်းရှင်များ အနေဖြင့် ကြိုဆိုကြောင်းသိရသည်။

 

နယ်စပ်ကုန်သွယ်ရေးတွင် အရောင်း အဝယ်ပြုလုပ်နေသော ကုန်စည်များကို ရန်ကုန် တိုင်းဒေသကြီးအတွင်း အရောင်းအဝယ်ပြု၍ ယင်းမှတစ်ဆင့် နယ်စပ်သို့သယ်ယူသည့်ပုံစံ မျိုးဖြစ်အောင် ဈေးကွက်ထူထောင်ရန် ကြိုးပမ်း လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆို ခဲ့သည်။

 

 "သစ်သီးမှမဟုတ်ပါဘူး၊ ကုန်သွယ်စင် တာခေါ်တာပေါ့။ လယ်ယာထွက်ကုန်တွေနဲ့ ပတ်သက်တဲ့ အရောင်းစင်တာခေါ်တဲ့ဟာ မျိုးလုပ်တာဆိုတော့ ကောင်းပါတယ်။ ဒါက ဒေသအလိုက်လည်းရှိသင့်တာပေါ့။ နယ်စပ်က လာဝယ်တယ်၊ မဝယ်ဘူးဆိုတာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုင်တာပေါ့။ ကျွန်တော်တို့က တော့ ဒါမျိုးရှိတာကိုကြိုဆိုတယ်။ ဖွင့်တာက ကောင်းပေမယ့် တရုတ်ဘက်က လာဝယ် မဝယ်ဆိုတာကတော့ ကျွန်တော်တို့လည်းမသိဘူး။

 

မူဆယ်မှာ ဝယ်လို့ရရင် ဝယ်မှာပေါ့။ ဖွင့်တာကတော့ကြိုဆိုရမှာပဲ။ သစ်သီးဝလံ ပဲဖြစ်ဖြစ်၊ လယ်ယာထွက်ကုန်ပဲဖြစ်ဖြစ် စင်တာ တွေပေါ်လာတာက ရောင်းတဲ့သူရော ဝယ်တဲ့ သူပါ အဆင်ပြေတယ်လေ"ဟု စီးပွားရေး လေ့လာသူ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

 

လက်ရှိတွင် မြန်မာ့လယ်ယာထွက်ကုန် များအပါအဝင် ထုတ်ကုန်ပစ္စည်းများကို နယ် စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ယင်းကုန်ပစ္စည်းများအား တရုတ် ဘက်မှ ဝယ်ယူခြင်းရှိမရှိကို အတိအကျမသိရှိ ဘဲ တင်ပို့နေရ၍ ကုန်သိုလှောင်ရန် အခက် အခဲများကြောင့် တောင်သူများဆုံးရှုံးနစ်နာ မှုများမဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

Read More>>> စားသောက်ကုန်ဈေးနှုန်းများ (4.3.2019)

 

 "နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တော့လည်း ကျွန်တော်တို့ အဓိကထားဆွေး နွေးနေပါတယ်။ ထိုင်းနိုင်ငံနဲ့ တရုတ်ပြည်ဘက် ကို နယ်စပ်ကနေ ကုန်စည်တွေ စီးဆင်းနေ တာဖြစ်ပါတယ်။ ဒီစီးဆင်းနေတဲ့ကိစ္စကို နယ် စပ်မှာပဲ ကုန်ရောင်းကုန်ဝယ်လုပ်တာမဟုတ်ဘဲ ရန်ကုန်ဈေးကွက်မှာပဲ အရောင်းအဝယ်ပြု လုပ်နိုင်ဖို့၊ ဈေးကွက်ထူထောင်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဒီမှာအရောင်းအဝယ်လုပ်ပြီးမှ သယ်သွားတဲ့စနစ်ကို ကျွန်တော်တို့လုပ်နိုင် ဖို့ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

 

တင်ပြတောင်းဆို

သီးနှံများကို ဈေးနှုန်းချိန်ညှိ၍ ရောင်းချ နိုင်စေရေးအတွက် သီးနှံသိုလှောင်ရန် အချက် အချာဖြစ်သော မန္တလေးမြို့တွင် သီးနှံသိုလှောင် ရုံတစ်ရုံကို စီစဉ်ဆောင်ရွက်ပေးရန်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံတော်သို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ရွှေလီကုန်သွယ်ရေးဝင်ပေါက်၌ ရောင်းချလျက်ရှိသည့် သစ်သီးဝလံဈေးကွက်သို့ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း (ဲနျွှဥ) မှ ဈေးကွက်စစ်တမ်းကောက်ယူထားချက်အရ ဖရဲ၊ သခွားမွှေးဈေးနှုန်းမှာ ရက်သတ္တပတ် အတွင်း အရှုံးအမြတ် ၃၉ ရာခိုင်နှုန်း ကွာခြားမှုရှိနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

Source: MM Time

Read times Last modified on Wednesday, 06 March 2019 11:04
Rate this item
(1 Vote)