Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချရသည့် အတွက် ဆန်ထက် သကြားတင်ပို့မှု ပိုမိုအဆင်ပြေ

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ   တစ်ဆင့်  သကြားတင်ပို့ရာတွင်  လက်ငင်းငွေချေစနစ်ဖြင့်  ရောင်းချရသည့်အတွက် ဆန်တင်ပို့မှုထက်  ပို၍အဆင်ပြေကြောင်း  မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ထံမှ သိရပါတယ်။

 

မြန်မာနိုင်ငံသည်  အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့မှ သကြားများ တင်သွင်းပြီး တရုတ်နိုင်ငံသို့ တစ်ဆင့်ပြန်လည်တင်ပို့ရာတွင်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၂ဝဝ  နီးပါး အကျိုးအမြတ်များ ရှိသည့်အပြင် ဆန်တင်ပို့မှုကဲ့သို့  ဘဏ်အကောင့်မှတစ်ဆင့် ငွေရှင်း ခြင်းမဟုတ်သဖြင့် ပိုမိုအဆင်ပြေမှုရှိကြောင်း  သိရပါတယ်။

 

''ဆန်လုပ်ငန်းက အရင်ကလောက် ကျယ်ကျယ်ပြန့်ပြန့် မသွားတော့ဘူး။ သကြားနဲ့ ဆန်နဲ့ မျှသွားတယ်ပေါ့။ သကြားက လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါ့ပြင် အလေးချိန် အတွက်ကိုလည်း စကားမပြောရဘူး။ နောက်ပြီး  ဟိုကျရင်လည်း သကြားက  လက်ငင်းငွေချေတဲ့ စနစ်ဆိုတော့   သကြားကိုတင်ပို့ဖို့ ပိုပြီးအားသန်နေကြတယ်။ ဆန်အရောင်းကတော့   အကျိုးအမြတ်က အများကြီးမရှိဘူး၊ ပုံမှန်ပဲရှိတယ်'' ဟု  မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ထံမှ သိရပါတယ်။

 

လတ်တလောတွင်  ပဲခူးတိုင်းဒေသကြီး  အနောက်ပိုင်းမှ    ဆန်ကုန်သလောက်နီးပါး ရှိပြီဖြစ်ကာ ရွှေဘိုဘက်မှ ပြည်တွင်းစားသုံးသည့် ဆန်နှင့်   မူဆယ်နယ်စပ်  ကုန်သွယ်ရေး စခန်းသို့ တင်ပို့သည့်   ဆန်ဟူ၍   အမျိုးအစားများ   ထွက်ရှိနေသည့်အပြင်   ဘဏ်အကောင့်ပိတ်ခြင်း ကိစ္စရပ်များလည်း  မကြာခဏရှိနေသောကြောင့်     ဆန်တင်ပို့မှုသည်  သကြားတင်ပို့မှုထက် ပိုမိုခက်ခဲကြောင်း သိရပါတယ်။

 

''ဆန်က လက်ရှိအနေအထားမှာ တွက်ခြေမကိုက်ဘူး။ ဒီကဈေးမြင့်ပြီး နယ်စပ်ဈေးသိပ် မတိုးတာရယ်၊  နောက်ပြီးရောင်းတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကြောင့် ဆန်သမားက သကြားပြောင်းပြီး လုပ်တယ်။ သကြားက အကျိုးအမြတ် အများကြီးရှိတယ်။ ဆန်သွားတဲ့နှုန်းက နည်းနည်း လျော့သွားတယ်''   မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း (ဘုရင့်နောင်) အတွင်းရေးမှူး ထံမှ သိရပါတယ်။

 

ဇူလိုင်ပထမပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ  မူဆယ်ဒေသပေါက်ဈေးမှာ သကြားတစ်တန်လျှင်  ၆၄၈  ဒသမ  ၆၅၆  ယွမ်အထိ ပေါက်ဈေးရှိနေကြောင်း၊   ထိုသို့  ဈေးနှုန်းရှိနေသော်လည်း  တရုတ်နိုင်ငံ၌ သကြား တစ်တန်လျှင်  အမေရိကန်ဒေါ်လာ   ၈၃၇ ဒေါ်လာပေါက်ဈေးရှိသည့်အတွက်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈ဝ ကျော် ဈေးနှုန်းကွာဟချက် ရှိနေ၍ အမြတ်အစွန်း ပိုမိုရရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 11:50
Rate this item
(3 votes)