Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် ကြက်သွန်ဖြူကြောင့် ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်ကျဆင်း

တရုတ်နိုင်ငံမှ ကြက်သွန် ဖြူများ ပြည်တွင်းဈေးကွက်သို့ဝင် ရောက်မှုကြောင့် ပြည်တွင်းကြက် သွန်ဖြူဈေးကွက် ထိုးဆင်းလာပြီး ကြက်သွန်စိုက်တောင်သူများ အ ရှုံးပေါ်နေကြောင်း တောင်သူများ နှင့် ပွဲရုံပိုင်ရှင်များက ပြောကြားသည်။

 

‘‘ဈေးကျတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သုံးသပ်ရတာက တော့ တရုတ်ဘက်က ကြက်သွန် တွေ အဝင်များတယ်။ ဒီဘက်မှာ ကလည်း စိုက်တာလည်း များလာ တယ်။ တရုတ်၊ အမေရိကန် စီးပွားရေးပြိုင်တော့ တရုတ်ကြက် သွန်ဖြူတွေက ဥရောပကို သိပ် မသွားတော့ဘူး။ ကြက်သွန်ဆို တာကလည်း တစ်နှစ်ပဲ ခံတဲ့အမျိုးအစားလေ။ အဲဒီတော့ အရှေ့ တောင်အာရှကို ရတဲ့ဈေးနဲ့ သွင်း နေကြတယ်’’ဟု တောင်ကြီးမြို့ရှိ ကြက်သွန်ဖြူအသင်း အဖွဲ့ဝင် ကြက်သွန်ပွဲရုံပိုင်ရှင် ဦးညီညွန့်က ပြောသည်။

 

 

တောင်သူများထံမှ ကြက် သွန်ဖြူ ဝယ်ယူရာတွင် တစ် ပိဿာလျှင် အသေး ကျပ် ၁၅၀ မှ ၁၇၀၊ အကြီး ကျပ် ၆၀၀ မှ ၆၅၀ ဈေးပေးဝယ်ယူကြောင်း ၎င်းက ဆိုသည်။

 

 

လက်ရှိ ကြက်သွန်ဖြူ နယ်ပွဲ ရုံပေါက်ဈေးသည် တစ်ပိဿာ လျှင် အသေး ကျပ် ၂၀၀ မှ အကြီး ကျပ် ၇၀၀ ပေါက်ဈေးရှိနေသည်။

 

 

၂၀၁၇ က ကြက်သွန်ဖြူပေါ် ချိန် ဧပြီတွင် တစ်ပိဿာပေါက် ဈေးသည် အသေး ကျပ် ၅၀၀၊ အကြီး ကျပ် ၇၀၀ မှ တဖြည်းဖြည်းဈေးတက်လာပြီး အသေး ကျပ် ၂,၀၀၀ နှင့် အကြီး ကျပ် ၂,၅၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။ ယင်း နောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာကစတင်၍ ဈေးကျလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ပြီးခဲ့သည့်နှစ် ကြက်သွန်ဖြူပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေး ၁၀ ဆခန့် ကျဆင်းနေသည်။

 

 

‘‘ဒီနှစ်ဈေးက တအားကျနေ တယ်။ ပေါ်စကတည်းက အစိုချိန်မှာကတည်းက တစ်ပိဿာကို ပျမ်းမျှ ၅၀၀၊ ၆၀၀ လောက်ပဲရ တယ်။ အရင်းတောင် မကျေပါ ဘူး။ ကြက်သွန်အထွက်နှုန်းက လည်း လျော့လျော့လာတယ်’’ဟု ကြက်သွန်စိုက်တောင်သူ ဦးမောင်ဝေက ပြောသည်။

 

 

ပြီးခဲ့သည့်နှစ်က ကြက်သွန် ဖြူဈေးကောင်းရသဖြင့် တောင်သူများ ပိုစိုက်လာပြီး ယခုနှစ် တွင် ကြက်သွန်ဖြူဈေးကျသဖြင့် ပိုမိုအရှုံးပေါ်ကြောင်း ၎င်းက ဆို သည်။

 

 

ကြက်သွန်မျိုး ပိဿာ ၁၀၀ စိုက်ပါက စိုက်စရိတ် ကျပ်ခုနစ်သိန်းခွဲမှ ရှစ်သိန်းခန့် ကျသင့်ပြီး မြေအနေအထားပေါ် မူတည်၍ ပိဿာချိန် ၅၀၀ မှ ၈၀၀ ထွက်ရှိ ကြောင်း ကြက်သွန်စိုက်တောင် သူများက ပြောသည်။

 

 

‘‘ကြက်သွန်ဖြူက အရင်က တည်းက ဈေးမကောင်းဘူးဖြစ်နေ တယ်။ အခုတော့ နည်းနည်းပိုဆိုးတာပေါ့။ လုပ်ငန်းရှင်တွေက တော့ တရုတ်ဘက်က လာတဲ့ ကြက်သွန်ဖြူကို အသုံးများတယ်။ အမြွှာသေးတဲ့ ပြည်တွင်းထွက် ကြက်သွန်ဖြူတွေကတော့ ပြည် တွင်းက လူတွေပဲ သုံးကြတယ်။ ကြက်သွန်တွေက တရုတ်ဘက် ကလည်း ဝင်နေတော့ စိုက်တဲ့ တောင်သူတွေကတော့ နစ်နာမှုရှိ တာပေါ့။ အစိုးရကတော့ တရား ဝင်တင်သွင်းခွင့်မပေးဘူး။ ဒါပေ မဲ့ တချို့က ပြည်နယ်သုံး ပါမစ် (ပြည်နယ်အတွင်း လိုအပ်ချက် ကြောင့်) တွေနဲ့ တင်သွင်းပြီး ဒီ ဘက်လာရောင်းကြတာ ရှိတယ်’’ ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင် သီးနှံစိုက် ပျိုးထုတ်လုပ်ရောင်းချသူများအ သင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြော သည်။

 

 

ရန်ကုန် ဘုရင့်နောင် ကုန် စည်ဒိုင်တွင် ပြည်တွင်း ကြက်သွန် ဖြူ ပေါက်ဈေးသည် အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၆၅၀ မှ ၁,၃၀၀ အထိ ရှိသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)