Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်ဝင် ပဲယဉ်းသီးနှံ ပြည်ပသို့တင်ပို့မှု မြင့်တက်လာ

မြေပြန့်နှင့်တောင်ကုန်းဒေသများ၌ စိုက်ပျိုးမှုများသော ပဲယဉ်းမှာ ကမ္ဘာ့ဈေးကွက် အတွင်း စားသုံးမှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံမှ

ပြည်ပနိုင်ငံများသို့ ပဲယဉ်းတင်ပို့မှု နှစ်စဉ်မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူထံမှ သိရ သည်။

 

အဆိုပါပဲယဉ်းသီးနှံကို မြေပြန့်နှင့် တောင်ကုန်းဒေသများ၌  စိုက်ပျိုးလေ့ရှိပြီး  အစေ့ သက်တမ်းနှင့် ဒေသပေါ် မူတည်၍ အရွယ်အစားနှင့် အရောင်အမျိုးမျိုး ကွဲပြားသည်။ ပဲယဉ်းကို သြဂုတ်၊ စက်တင်ဘာနှင့် အောက် တိုဘာလတို့တွင် စိုက်ပျိုးကြပြီး မတ်၊ ဧပြီ နှင့်  မေလတို့တွင်  ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

 

''၂ဝဝ၆ ခုနှစ်လောက်ကတည်းက ပြည်ပကို   ပဲယဉ်း တင်ပို့လာတာပါ။   အဲဒီအချိန် ကတည်းက  တန်ချိန်  ၁ဝဝဝဝ  ကျော်  တင်ပို့ရတယ်။  ပဲယဉ်းက တခြားသီးနှံတွေနဲ့ ယှဉ်ရင် တင်ပို့မှု ပိုများတယ်။ ကမ္ဘာမှာလည်း  ဈေးကွက် အင်အားကြီးတဲ့  စပိန်၊  ပြင်သစ်နဲ့ အမေရိကန်လိုနိုင်ငံတွေက    အများဆုံး တင်သွင်းတာ တွေ့ရတယ်။  နောက် အာရှ မှာဆိုရင်  စင်ကာပူက တင်သွင်းတာများတယ်'' ဟု ရန်ကုန်မြို့ ဘုရင့်နောင်ဈေးကွက်မှ ပဲကုန်သည် ဦးမြင့်စိုး ကပြောသည်။

 

ပဲယဉ်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊  ကယားပြည်နယ်နှင့်  ရှမ်း ပြည်နယ် (တောင်ပိုင်း) တို့၌  စိုက်ပျိုးမှု များကြောင်း သိရသည်။

 

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ပဲယဉ်းတန်ချိန် ၁၄ဝဝဝ  ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာရှစ်သန်းခန့်၊  ၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်က  တန်ချိန်  ၁၃ဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်၊ ၂ဝ၁၅-၂ဝ၁၆  ဘဏ္ဍာနှစ်က  တန်ချိန် ၁၆ဝဝဝ ကျော်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ခုနစ်သန်းကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က တန်ချိန် ၂၃ဝဝဝ ကျော်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ   ကိုးသန်းကျော်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က တန်ချိန် ၁၃ဝဝဝ ကျော်တင်ပို့မှုမှ အမေရိကန် ဒေါ်လာငါးသန်းကျော်  အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Source: Myawady

 

Read times Last modified on Monday, 24 September 2018 16:33
Rate this item
(1 Vote)