Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ရဲ့ ထိုးနှက် မှု့ကြောင့် လော့အိန်ဂျလိစ် မှ အစားအစာဖြန့်ချီလုပ်ငန်း ၃ ခု ဖျက်သိမ်းရ

ယခုဆိုရင် မက်ဒေါနယ်ကို အဓိကထား အစားအသောက်ဖြန့်ချီနေတဲ့ အကြီးစား အစားအစာဖြန့်ချီလုပ်ငန်း ၃ ခုပိတ်သိမ်းလိုက်ရပြီး ထိုသို့ပိတ်သိမ်းရခြင်းရဲ့ အကြောင်းအရာမှာ အစားအစာဖြန့်ချီရေးလုပ်ငန်းမှ ဝန်ထမ်းပေါင်း ၁၄၀ ကျော် ကိုရိုနာ ရောဂါပိုးကူးစက်ခံရခြင်းကြောင့်ပင်ဖြစ်ပါတယ်။


Golden State Foods Corp လုပ်ငန်းစု S&S Foods နဲ့ Mission Foods facility စတဲ့ အစားအစာဖြန့်ချီလုပ်ငန်း ၃ ခုဟာ ပထမ စစခြင်း Golden State Foods Corp မှ ကိုဗစ် ဖြစ်ပွားမှု့ ၄၃ ခုဖြစ်ပွားတယ်သိရပြီး S&S Foods မှ ၅၈ ခုဖြစ်ပွားပြီး Mission Foods facility မှ အခု ၄၀ ဖြစ်ပွားတယ်သိရပါတယ်။


ပြီးခဲ့တဲ့ တနင်္လာနေ့က လော့အိမ်ဂျလိစ် က ကျန်းမာရေးမှုးဖြစ်သူ ဘာဘရာ ဖီယာ ပြောကြားချက်ကတော့ အစားအစာဖြန့်ချီသူတွေအနေနဲ့ က သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း ကျန်းမာရေး စောင့်ရှောက်မှု့တွေကို သေချာမယူခဲ့လို့သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန်လက လော့အိမ်ဂျလိစ်မှာ အစားအသောက်ဖြန့်ချီရေး လုပ်ငန်းတွေကို ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး အခု အခါမှာတော့ ပြန်လဲ ပိတ်ခဲ့ရပါတယ်။ကိုဗြစ်ကြောင့် Fastfood ဆိုင်တွေလည်း အထိနာခဲ့သလိုအခုဆို ပင်မ အစားအစာ ဖြန့်ချီရေးလုပ်ငန်းတွေက တဖြည်းဖြည်း အစားအစာရောင်းချ ဖို့ ဝေးသထက်ဝေးလာပါတယ်။


အစားအစာ ဖြန့်ချီရုံတွေမရှိတော့လျှင် လော့အိမ်ဂျလိစ်အနေနဲ့ အစားအစာရှားပါးဈေးမြှင့်တက်မှုတွေ ရေခဲရိုက်အသား ကိုသာဝယ်ယူစားသောက်ရတာတွေကြုံလာရပါတော့မယ်။အခြား အစားအစာ ဖြန့်ချီလုပ်ငန်းများ အနေနဲ့ ထို ၃ ရုံပိတ်ရပြီးမှ နည်းစနစ် နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်အောင်ပိုမိုသတိထားလုပ်ငန်းဆောင်တာများ ကို လုပ်ဆောင်နေတယ်သိရပါတယ်။

 

Source:DailyMail

 

 

 

Additional Info

  • Top Banner: sample-banner
Read times Last modified on Thursday, 30 July 2020 16:08
Rate this item
(0 votes)