Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွေးမြူရေးတောင်သူများအတွက် ကျွဲ၊ နွား သယ်ဆောင်ရေး သတင်းကောင်း

မွေးမြူရေးတောင်သူများအတွက် ကျွဲ၊ နွား သယ်ဆောင်ရေး သတင်းကောင်း Myanmar Digital News

မွေးမြူရေးတောင်သူများအနေဖြင့် သက်ဆိုင်ရာထောက်ခံချက်ပါလျှင် မိမိတို့မွေးမြူထားသော ကျွဲ၊ နွားများကို တစ်ကြိမ်လျှင် (၅)ကောင်နှုန်းဖြင့် တိုင်းအတွင်း သယ်ယူခွင့်ရှိပြီး တောင်သူများထံက မည်သူမျှ ငွေကြေးတောင်းပိုင်ခွင့်မရှိကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

 

ကျွဲ၊ နွားများကို အကြောင်းကိစ္စအမျိုးမျိုးကြောင့် သယ်ယူသွားလာလိုလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ပိုင်ဆိုင်ကြောင်း ထောက်ခံချက်ဖြင့် မြိုနယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးထံ သယ်ဆောင်ခွင့်လျှောက်ထားရပြီး မြို့နယ်အတွင်း၊ မြို့နယ်ကျော်(ခရိုင်အတွင်း)၊ ခရိုင်ကျော်(တိုင်းအတွင်း)နှင့် တိုင်းကျော်သယ်ဆောင်ခွင့်များကို တာဝန်ရှိသူများက စစ်ဆေးခွင့်ပြုပေးလျက်ရှိသည်။

 

“သယ်ဆောင်တဲ့အခါမှာ ဘယ်သူမှ ပိုက်ဆံတောင်းပိုင်ခွင့် မရှိပါဘူး။ တောင်သူတွေအနေနဲ့ နီးစပ်ရာ မွေးမြူရေးနဲ့ ကုသရေးဦးစီးမှူးတွေထံ တိုက်ရိုက်မေးပြီးတော့ စနစ်တကျ သယ်ဆောင်သွားမယ်ဆိုရင် တောင်းတဲ့ရမ်းတဲ့ကိစ္စတွေ လျော့သွားမှာဖြစ်ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက ပြောသည်။

 

တရားမဝင် သယ်ဆောင်လျှင် အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအရ ရဲအရေးပိုင်အမှုဖြစ်သည့်အတွက် ရဲတပ်ဖွဲ့က တရားစွဲဆိုကြောင်း၊ ဌာနအနေဖြင့် တိုင်းအတွင်းကို သယ်ဆောင်ခကောက်ခံခြင်းမရှိဘဲ PC 1 ကာကွယ်ဆေးထိုးနှံခ တစ်ကောင် ၅၀ ကျပ်၊ PC 3 တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးပြီးကြောင်း ထောက်ခံချက်ခ ၁၀၀၀ ကျပ်တို့ကိုသာ ကောက်ခံကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

 

တိုင်းကျော်သယ်လိုလျှင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)သို့ ထောက်ခံချက်ဖြင့် အဆင့်ဆင့်တင်ပြရပြီး မွေးမြူရေးခြံပြောင်း၊ သားသတ်လုပ်ငန်းနှင့် ကုန်သွယ်မှုတို့အတွက် သယ်ဆောင်ခွင့်ပြုနေကြောင်း၊ တိုင်းကျော်သယ်လျှင် ကာကွယ်ဆေးထိုးနှံခ၊ တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်ခတို့အပြင် တိုင်းအစိုးရက ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅၀၀၀ ကောက်ခံကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးထံက သိရှိရသည်။

 

By Myanmar Food Guide

 

Myanmar Digital News

Read times
Rate this item
(0 votes)