Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဲစာဈေးတက်ပြီး ဘဲဥ ဥနှုန်းကျဆင်းနေသဖြင့် ဘဲမွေးမြူသူများ တွက်ခြေမလိုက်ဖြစ်နေ

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ နယ်၊ ဖျာပုံမြို့  ဘဲဥဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဘဲဥဈေး

အဆမတန်မြင့်မားနေသော်လည်း ဘဲများ ဥနှုန်းကျဆင်းနေသဖြင့် ဘဲမွေးမြူသူများ တွက်ခြေမကိုက်ဘဲ ၀င်ငွေလျော့နည်းလျက်ရှိကြောင်း သိရပါတယ်။

 

 

 

 

စပါးစိုက်ရာသီမှာ ဘဲတွေကို စပါးခင်းထဲ လွှတ်ကျောင်းမရတော့ ဘဲတွေလုပ်ရှားမှုနည်းပြီး မလန်းတဲ့အတွက် ဥ ဥနှုးကျဆင်းလာတယ်။

 

 

 

 

အသားဈေးနဲ့ ငါး ပုစွန်ဈေးမြင့်တက်လာတာကြောင့် စားသုံးသူတွေက ဘဲဥကို ပိုမိုဝယ်ယူစားသုံးလာသလို ရန်ကုန်ဘက်ကလည်း အ၀ယ်လိုက်နေတဲ့အတွက် ဈေးနှုန်းမြင့်လာတယ်။

 

 

 

 

ဘဲဥတွေကို အ၀ယ်လိုက်နေပေမယ့် ဘဲစာဈေးကြီးပြီး ဘဲဥ ဥနှုန်းကျဆင်းနေလို့ ဘဲမွေးမြူသူတွေတွက်ခြေမကိုက်ဖြစ်နေပါတယ်ဟု ဘဲမွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

 

 

 

ဖျာပုံမြို့ တွင် ယခုရက်ပိုင်းအတွင်း ဘဲဥ၀ယ်ဈေးမှာ အလုံးအကြီးအသေးအလိုက် တစ်လုံးလျှင် ငွေကျပ် ၁၂၅ ကျပ်မှ ၁၃၀ ကျပ်အထိ ၀ယ်ယူနေရပြီး လက်လီဈေးဖြင့် ဘဲဥတစ်လုံးလျှင် ငွေကျပ် ၁၅၀ မှ ၁၆၀ ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

 

 

 Source: Myawady 

 

Read More >>>>> ပြည်ပလိုအပ်ချက်အရ ပုစွန်တိုးချဲ့မွေးမြူရန် ပြည်တွင်းလုပ်ငန်းရှင်များ အရင်းအနှီး အခက်အခဲရှိ

Read times Last modified on Tuesday, 18 September 2018 11:33
Rate this item
(1 Vote)