Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540

Monday, 26 July 2021 09:54
မကွေးတိုင်ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်း၍ အဆင်ပြေလျက်ရှိကြကြောင်း ရေတွင်းကုန်းကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

Friday, 09 July 2021 12:31
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဆူးပုတ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိနေသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ဆူးပုတ်စိုက်ပျိုးသူများထံမှ သိရသည်။

Tuesday, 06 July 2021 10:11
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးရွာများမှ တောင်သူအချို့သည် ပဲတိုင်ထောင် (ခေါ်) တိုင်ထောင်ပဲသီးနှံကို စိုက်ပျိုးလျက်ရှိရာ ယခုအခါ စားသုံးသူဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

Thursday, 01 July 2021 15:58
ကနေဒါမှ လက်ရှိအပူလှိုင်းသည် Okanagan သစ်သီးသီးနှံများအတွက် အန္တရာယ်များသော အခြေအနေကို ဖြစ်နေသည်ဟုသိရသည်။ အပူနှင့်နေရောင်ခြည်သည် ချိုသောအသီးများဖြစ်စေနိုင်သော်လည်း သီးနှံများပျက်စီးမှုများ ဖြစ်စေနိုင်သည်။ စိုက်ပျိုးသူများအနေဖြင့် ထိုသို့ရေရောင်ခြည်ကောင်းကောင်းရသော နေရာတွင် စိုက်ပျိုးရန်မျှော်လင့်နေကြသည်။

Thursday, 01 July 2021 14:44
အသီးတို့ရဲ့ ဘုရင်လို့ ဒူရင်းသီးကို ဂုဏ်ဖော်ကြတယ်။ အဲဒီအသီးဘုရင် ဒူရင်းသီးတွေထဲမှာမှ မော်ရှန်ဝမ် ဒူရင်းသီးကို စင်ကာပူမှာ သရဖူ ဆောင်းပေးထားကြတယ်။ ဒူရင်းသီး အမျိုးမျိုး ရှိတာမှာ မော်ရှန်ဝမ် ဒူရင်းသီးက ဈေးအကြီးဆုံး ဖြစ်တဲ့အပြင် လိုချင်သလောက် ဝယ်လို့ ရချင်မှ ရမှာ ဖြစ်ပါတယ်။   မော်ရှန်ဝမ် ဒူရင်းသီးက စင်ကာပူမှာ သရဖူမဆောင်းခင်က D24 ဆိုတဲ့ ဒူရင်းသီးက ရေပန်းအစားဆုံးအဖြစ် သရဖူဆောင်းခဲ့ပါတယ်/ တစ်နေ့မှာတော့ လောင်းကစားမြို့တော် မကာအိုမှ လောင်ကစားဘုရင် စတန်လီဟိုက မော်ရှန်ဝမ် ဒူရင်းသီး ၈၈ လုံးကို စင်ကာပူဒေါ်လာ ၄၀၀ ‌ကျော် ပေးဝယ်ပြီး မကာအိုကို လေယာဉ်ဖြင့် အမြန်တင်ပို့စေခဲ့ပါတယ်။ အခုလို စတန်လီဟိုက ဈေးကောင်းပေးပြီး မကာအိုကနေ မှာစားတဲ့အကြောင်းက သတင်းဖြစ်သွားပြီး မော်ရှန်ဝမ် ဒူရင်းသီးကို လူသိများသွားပါတယ်။ အဲဒီနောက်မှာတော့ မော်ရှန်ဝမ်ဒူရင်းသီးဟာ စင်ကာပူမှာ သရဖူဆောင်းထားတဲ့ ဒူရင်းသီးဘုရင် အဖြစ်သို့ ရောက်ရှိသွားခဲ့တာ ယခုအထိ ဖြစ်ပါတယ်။   မော်ရှန်ဝမ် ဒူရင်းသီးရဲ့ ထူးခြားလက္ခဏာတွေမှာ အဓိကအားဖြင့် လေးမျိုး ရှိပါတယ်။   ၁။ ဒူရင်းသီးထိပ်မှာ ကြယ်ပုံသဏ္ဌာန် သိသာထင်ရှားစွာ ပေါ်နေခြင်း ကြယ်ပုံ မြင်သာနေတဲ့နေရာမှာ ဆူးတွေက သေးငယ်နေတာဖို့ ထိပ်ပြောင်တဲ့ ဦးခေါင်းထိပ် လို ဖြစ်နေပါတယ်။     ၂။ အညှာတွင် အညိုရောင် ကွင်း ပေါ်နေခြင်း အညိုရောင် ကွင်းဖြစ်နေတဲ့ နေရာမှာ ဆူးတွေ မရှိဘူး။  ဒူရင်းသီးရဲ့ လတ်ဆတ်မှုကို သိဖို့ အညှာတံကို လက်သည်းနဲ့ ခြစ်ကြည့်ပြီး စစ်ဆေးကြတယ်။ မာမာချာချာရှိပြီး စွတ်စိုနေရင် လတ်ဆတ်တဲ့ အသီးမှည့်လို့ ဆုံးဖြတ်ကြပါတယ်။     ၃။ ပိရမစ်ပုံ ဆူးများ မော်ရှန်ဝမ် ဒူရင်းသီးရဲ့ ဆူးတွေက ပိရမစ်ပုံ (ဝဲဘက်ခြမ်း) ဖြစ်နေကြတယ်။ တခြားဒူရင်းသီးတွေ (ယာဘက်ခြမ်း)ရဲ့ ဆူးတွေက အနည်းငယ်လုံးဝန်းပြီး ဆူးတွေ ကပ်ကပ်သပ်သပ်ဖြင့် စိပ်စိပ်လေး ဖြစ်နေတယ်။ မော်ရှန်ဝမ် ဒူရင်းသီးက ဆူးကြီးပြီး မစိပ်မကြဲ ဖြစ်ပါတယ်။     ၄။ အသားရဲ့ အရောင်က ဝါဝါ စိုစို ဖြစ်နေတယ်။ မော်ရှန်ဝမ် ဒူရင်းသီးရဲ့ အသားက အဝါရောင် မမှိန်ဘူး။ အမွှာကို ပါးစပ်နဲ့ စုပ်စားလိုက်ရင် အစေ့က အလွယ်တကူ ကျွတ်ထွက်သွားတယ်။ အသားတွေချည်း ခံတွင်းထဲ ရောက်သွားတယ်။ အစေ့သေးတာမို့ အသားထူတယ်။ တခြားဒူရင်းသီးတွေထက် အသားပိုများများ ပါတယ်။              စင်ကာပူမှာ မော်ရှန်ဝမ် ဒူရင်းသီး ရာသီပေါ်ဈေးက တစ်ကီလိုကို ၁၂ စင်ကာပူဒေါ်လာ ဝန်းကျင် လက်လီရောင်းဈေး ရှိပါတယ်။ ရောင်းချချိန်မှာ တန်းစီပြီး ဝယ်ယူကြတဲ့အပြင် ရောင်းတဲ့ဆိုင်က တစ်ဦးလျှင် သုံးလုံးအထိသာ အများဆုံးအနေဖြင့် ဝယ်ခွင့်ပြုပါတယ်။         အခြားဒူရင်းသီးမျိုးတွေ ဖြစ်တဲ့  XO, Red Prawn, D101 နဲ့ နန်းကျဘုရင်  D24 တို့ရဲ့ လက်လီရောင်းဈေးက ဒူရင်းသီးတစ်လုံးကို စင်ကာပူဒေါ်လာ ၁၀ မှ ၁၅ အကြားမှာ ရှိပြီး လိုသလောက် ဝယ်ယူနိုင်ပါတယ်။     ဆက်စပ်ဖတ်ရှုရန်   ဒူးရင်းသီး ကောင်းမကောင်း ဘယ်လို ရွေးချယ်ကြသလဲ မှည့်မမှည့်ဘယ်လို သိရမလဲ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပေးလဲ ဘယ်နိုင်ငံတွေမှာ စားသုံးမှု မြင့်မားသလဲ အဖြေများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါတယ်။ ဖော်ပြပါ ခေါင်းစဉ်ကို ထိပါ  ဆူးအပြည့်နဲ့ သစ်သီးဘုရင်  

Tuesday, 29 June 2021 14:06
စားဝတ်နေရေးပြေလည်စေဖို့ တပိုင် တနိုင် တောင်ပို့ ''မှို'' ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။ ယနေ့မှိုတစ်ပိဿာဈေးဟာလည်း၁ သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။ အရေးကြီးတာက နည်းသိဖို့ပါဘဲဖြစ်ပါတယ်။ သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပဲဖြစ်ပါတယ်။

Wednesday, 23 June 2021 15:20
ကသာခရိုင်၊ ကသာမြို့နယ်တွင် စိန်တလုံးသရက်စိုက်ဧက (၆၀၀၀) ကျော်ရှိပြီး ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတဆင့် တရုတ်ဈေးကွက်ကို တင်ပို့နိုင်မှုမရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရသည်ဟု သိရပါတယ်။ တရုတ်ဝယ်လက် မရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်း၊ တနှိုင်း၊ ဖားကန့်နှင့် ဗန်းမောက်မြို့နယ် ဈေးကွက်များကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း သရက်ခြံ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။

Thursday, 17 June 2021 13:34
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်နီဈေးနှုန်း ကာလရှည်ကျဆင်းနေခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းတက်ရန် မျှော်လင့်နေကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူများထံက သိရသည်။

Friday, 05 February 2021 11:16
ခရမ်းချဉ်သီးဆိုတာက အိမ်ရှင်မတွေအတွက် မထူးဆန်းလောက်အောင်ကို နေ့စဉ်ထိတွေ့နေရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။