India



အိန္ဒိယတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက် နှစ်ပတ်အတွင်း ဈေးနှုန်း ထက်ဝက်ကျဆင်း

အိန္ဒိယတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက် နှစ်ပတ်အတွင်း ဈေးနှုန်း ထက်ဝက်ကျဆင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ဒီဇင်ဘာလ ၇ ရက်တွင် စတင် တားမြစ်ပြီးနောက် ကြက်သွန်နီ လက်ကားဈေးနှုန်း ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

တားမြစ်ချက်ကြောင့် ချက်ချင်းဈေးကျသွားခဲ့ပြီးနောက် ဝယ်လိုအားက ဈေးနှုန်းကို ယာယီအားဖြင့် တည်ငြိမ်စေမည်ဟု ကုန်သည်များက ခန့်မှန်းထားသည်။

 

ကြက်သွန်နီ အသစ်ပေါ်သည့်ရာသီဖြစ်သဖြင့် ဈေးကွက်ထဲ ကြက်သွန်နီ အသစ်များ ဝင်လာသည်။ 

အချို့တောင်သူများက ဈေးအကျနှင့် ကြုံနေသဖြင့် အနည်းအကျဉ်းသာ ထုတ်ရောင်းကြသည်။

 

ကြက်သွန်နီ ပျမ်းမျှလက်ကားဈေးနှုန်းသည် ပြည်ပတင်ပို့မှု ပိတ်ပင်ခါနီးတွင် တစ်ကီလို ရူပီး ၃၉-၄၀ ရှိခဲ့ရာမှ  ပြည်ပတင်ပို့မှု ပိတ်ပင်ထားချိန်တွင် တစ်ကီလို ၂၀-၂၁ ရုပီးသို့ ထိုးကျသွားသည်။

အိန္ဒိယအစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို လွှတ်ပေးထားသော်လည်း လျော့နည်းစေရန်  အောက်တိုဘာလ ၂၉ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ အနည်းဆုံး ပို့ကုန်စျေးနှုန်း Minimum Export Price (MEP) ကို US$ 800 F.O.B ဟု ချမှတ်ထားခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၇ ရက်တွင် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို လုံးဝ ပိတ်ပင်လိုက်သည်။ 

ကြက်သွန်နီ တင်ပို့မှု တားမြစ်ကြောင်း ကြေညာပြီးနောက် ချက်ချင်း ဈေးကျဆင်းသွားခဲ့သည်။

 

ကြက်သွန်နီ အသစ် အထွက်များသည်။ အစိုးရ ခန့်မှန်းထားသည်ထက် ပိုများသည်။ အရည်အသွေးလည်း ကောင်းသည်။ 

 

“ကျွန်တော်တို့က အရည်အသွေးကောင်းတဲ့ ကြက်သွန်နီ‌ေတွကို ရရှိနေပါတယ်။  မိုးသီးမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လယ်တွေပဲ ကြက်သွန်ခင်းတွေ ပျက်စီးသွားခဲ့ပါတယ်” ဟု ကုန်သည်တဦးက ပြောကြားသည်။ 

 

Source economictimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 21 December 2023 09:38
Rate this item
(0 votes)