Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဖောင်းပြင်မြို့နယ်တွင် မိုးစပါးမျိုး၊ မျိုးကောင်း၊ မျိုးသန့် ထုတ်ကွက် ၂၀၄ ဧက စိုက်ပျိုးပြီးစီး

ဖောင်းပြင်မြို့နယ်တွင် မိုးစပါးမျိုး၊ မျိုးကောင်း၊ မျိုးသန့် ထုတ်ကွက် ၂၀၄ ဧက စိုက်ပျိုးပြီးစီး Moi.Gov

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် မျိုးကောင်းမျိုးသန့် မိုးစ ပါး RS to CS အစေ့ထုတ်ကွက် ဧက(၃၀၀)ကို စိုက်ပျိုးသွား​မည်ဖြစ်ရာ ယခုအခါ ၂၀၄ ဧက စိုက်ပျိုးပြီးစီးနေပြီး ချင်းတွင်းမြစ် ရေကျဆင်းချိန်တွင် ၉၆ ဧက ကိုဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

ဖောင်းပြင်မြို့နယ်တွင် မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးများရရှိနိုင်ရန် အရည်အသွေးကောင်းမျိုး ဧရာမင်း စပါး၊ အထွက်ကောင်း မျိုးများဖြစ်သော ဆင်းသုခ၊ ရက်(၉၀)စပါးနှင့် ဆင်းဧကရီ- ၃ စပါးမျိုးတို့ကို ၂၀၄ ဧက စိုက်ပျိုး ပြီးဖြစ်ပါသည်။

 

 

ထိုသို့ စိုက်ပျိုးထားရာတွင် မျိုးမသန့်သည့်စပါးမျိုးများ အလွယ်တကူဖယ် ရှားနိုင်ရန်နှင့် ပေါင်းမြက်များ အလွယ်တကူ ရှင်းလင်းနိုင်ရန် အတွက် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

အဆိုပါ မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားရှိရာ ကျေးရွာများသို့ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျေးရွာမှ တောင်သူများနှင့်အတူ ပိုးမွှားရောဂါကျရောက်မှုရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း၊ မျိုးခွဲပယ်ခြင်း၊ စိုက်ပျိုးရေး နည်းစနစ်များကွင်းဆင်းပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read 959 times
Rate this item
(0 votes)