Restaurants
ဒေဝါလီခံရသည့် စားသောက်ဆိုင် လုပ်ငန်းရှင် သန်းကြွယ်သူဌေးဟောင်း အသားအူချောင်း ရောင်းပြီး ဒေါ်လာ ၆.၄ သန်းကြွေးပြန်ဆပ်ရန် သံန္နိဌာန်ချထား
ဒေဝါလီခံရသည့် စားသောက်ဆိုင် လုပ်ငန်းရှင် သန်းကြွယ်သူဌေးဟောင်း အသားအူချောင်း ရောင်းပြီး ဒေါ်လာ ၆.၄ သန်းကြွေးပြန်ဆပ်ရန် သံန္နိဌာန်ချထား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံရှိ သန်းကြွယ်သူဌေးဟောင်း စားသောက်ဆိုင် ဆိုင်ခွဲများ လုပ်ငန်းရှင်တစ္ဦးသည် ဒေဝါလီခံပြီးသည့်နောက် လမ်းပေါ်၌ အသားအူချောင်းများ ကင်ရောင်းနေသော်လည်း အကြွေး ကန်ဒေါ်လာ ၆.၄ သန်းကို ပြန်ဆပ်ရန် သံန္နိဌာန်ချထားသည်။
သူ့ဖြစ်အင်ကို ဆိုရှယ်မီဒီယာပေါ်မှာ သန်းနဲ့ချီပြီး ပျံ့နှံ့သွားခဲ့ပါသည်။ လူတော်တော်များများက အပြုသဘောဆောင်သည့် သူ့သဘောထားကို ချီးကျူးကြပါသည်။
အသက် ၅၂ နှစ် ရှိသူ Tang Jian သည် ဒေဝါလီခံပြီးနောက် သူရင်ဆိုင်နေရသော အကြွေးယွမ်သန်းပေါင်းများစွာကို ပြန်ဆပ်ရန်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဟံကျိုတွင် လမ်းဘေးဈေးသည်ဆိုင်တစ်ခု တည်ထောင်ခြင်းဖြင့် ငွေရှာဖွေနေကြောင်း Qianjiang Evening News က သတင်း ဖော်ပြသည်။
Tang သည် အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အသက် ၃၆ နှစ်တွငစားသောက်ဆိုင်များစွာကို ပိုင်ဆိုင်ခဲ့ပြီး ကြွယ်ဝချမ်းသာသူ ဖြစ်နေခဲ့သည်။
သို့သော် ၂၀၀၅ ခုနှစ်တွင်သူသည် မြေယာရှုခင်းအင်ဂျင်နီယာလုပ်ငန်းကဏ္ဍသို့ ဝင်ရောက်ခဲ့ပြီးသူ၏ ကြွယ်ဝမှုများ ပြောင်းလဲသွားခဲ့သည်။ အဆိုပါလုပ်ငန်းတွင် အရင်းအနှီး များများထည့်လေ ဆုံးရှုံးလေ ဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူသည် သူပိုင်ဆိုင်သည့် စားသောက်ဆိုင်များ၊ အိမ်များနှင့် ကားများကို ရောင်းချခဲ့ရသော်လည်း အကြွေး ကန်ဒေါ်လာ ၆.၄ သန်း ကျန်ရှိနေဆဲဖြစ်သည်။
ထိုအချိန်တွင် သူသည် အသားအူချောင်းရောင်းသည့် အစီအစဉ်ကို စတင်ခဲ့သည်။
သူ ကင်ရောင်းသည့် အသားအူချောင်းတိုင်းတွင် အသားချည်းသာ အပြည့်ထည့်ထားပြီး ကစီဓာတ် လုံးဝမပါဝင်ပါ။
"အပန်းဖြေဥယျာဉ်တွေ ဒါမှမဟုတ် စျေးတွေမှာ ရောင်းတဲ့ အသားအူချောင်းတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ဟာက ပိုစိတ်ချရတယိလို့ ခံစားစေလိမ့်မယ်” ဟု Tang က ပြောသည်။
သူ့ဇာတ်လမ်းက ဘာကြောင့် လူအများကို စိတ်ထိခိုက်ေအာင် ဖြစ်စေတယ်ဆိုတာ သူနားလည်နိုင်ကြောင်း Tang က ပြောကြားသည်။
"ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းဟာ စိန်ခေါ်နေတဲ့ ဘဝတစ်ခုမှာ နေထိုင်နေကြပြီး အခက်အခဲများစွာနဲ့ ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့ ဒါပေမယ့် ဘယ်တော့မှ ရှုံးတဲ့အဖြစ်ကို မရောက်စေရဘူးဆိုတဲ့စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရမယ်" ဟု သူက ပြောကြားသည်။
သူ့အကြွေးကို ဘယ်တော့ ဆပ်နိုင်မည် ဆိုသည်မှာ မသေချာသော်လည်း ဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း သူက ပြောပါသည်။
“အခက်အခဲတွေကို အေးအေးဆေးဆေး ရင်ဆိုင်ဖို့နဲ့ သတ္တိရှိရှိ ရှေ့ကို ဆက်လျှောက်ဖို့ ကျွန်တော်တို့ ဆက်လက်သင်ယူေနရမယ်” ဟု သူက ပြောကြားသည်။
Tang သည် အလုပ်ပြုတ်သွားသူများ၊ ချစ်ခင်ရသူကို လက်လွှတ်ဆုံးရှုံးရသူများကို ခွန်အားရှာဖွေရန်လည်း အားပေးသည်။
“ငါတို့ မွေးဖွားလာစဉ်မှာ ဘာမှမရှိဘူး။ ဘာမှ မရှိတဲ့ အဖြစ်မှ ပြန်စရမှာကို ဘာလို့ကြောက်နေရတာလဲ” ဟု သူက ဆိုသည်။
Source scmp
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U