×

Warning

JUser: :_load: Unable to load user with ID: 540

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့် မတ်ပဲ အထွက်နည်းပြီး ၎င်းပဲနှစ်မျိုးစလုံး ဈေးနှုန်းမြင့်တက်နေသည့်အတွက် ပြည်ပမှ ပဲစင်းငုံနှင့် မတ်ပဲများကို တင်သွင်းပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းမည်ဟု သိရသည်။ 

 

အိန္ဒိယအစိုးရသည် ဈေးနှုန်းမြင့်တက်နေသည်ကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းဈေးကွက်တွင် လုံလောက်စွာ ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ ပဲစင်းငုံ တန်ချိန် (၄) သိန်းနှင့် မတ်ပဲ တန်ချိန် (၁) သန်းခန့် တင်သွင်းရန်  စီစဉ်လျက် ရှိသည်။

 

ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းများ မြင့်မားနေသဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် (၄) သိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအသုတ် တင်သွင်းရန် အစီအစဉ် ရေးဆွဲထားသည်။ 

 

Advertisement

Click Here > Grand Winner

 

The Economic Times သတင်းအရ အိန္ဒိယအစိုးရသည် ရိတ်သိမ်းဆဲကာလတွင် ပဲစင်းငုံနှင့် မတ်ပဲတို့ကို ထပ်မံ တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ထုတ်လုပ်မှု နည်းပါးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ထားပြီး ဈေးကစားကြခြင်းကို တားဆီးရန် အစိုးရက သိုလှောင်မှု ပမာဏကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဒီဇင်ဘာလကုန်အထိ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။ 

 

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲနည်းတူ တခြားစိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်သည့် ဂျုံ၊ ဆန်၊ ကြက်သွန်နီ ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

 

Source : Economic Times

Published in Food & Livestock

လာမည့် ထောပတ်သီးရာသီတွင် မြန်မာနိုင်ငံမှ ထောပတ်သီးများကို ဝယ်ယူရန် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် တင်ပို့သွားမည် ဖြစ်ပြီး

Published in Fruits & Vegetables

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အစားအစာပြပွဲ ၂၀၂၃ သို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပါဝင် တက်ရောက်နိုင်ရန်  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဖိတ်ခေါ်ထားသည်။

 

ပြပွဲတွင် အစားအစာထုတ်လုပ်သူများ၊ စက်ပစ္စည်းကိရိယာ ထုတ်လုပ်သူများ၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများ၊ အအေးခန်း သိုလှောင်ရုံလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးလုပ်ငန်း အစပျိုး ဆောင်ရွက်သူများနှင့် လက်လီရောင်းချသူများ စသည့် နိုင်ငံအသီးသီးမှ စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင် ပြသကြမည် ဖြစ်သည်။

 

နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ရှာဖွေနိုင်မည် ဖြစ်ပြီး နိုင်ငံအလိုက် ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ အစိုးရဌာနများအကြား တွေ့ဆုံပွဲများကိုလည်း စီစဉ် ဆောင်ရွက် ထားရှိသည်ဟု ဆိုသည်။

 

ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ခြင်းဖြင့် အစားအစာ ထုတ်လုပ် ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု ကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မိတ်ဖက်နိုင်ငံ ( Partner Country ) အဖြစ် ပါဝင်မည်ဆိုပါက အနည်းဆုံး (၄၀၀) စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်ပြီး Focus Country အဖြစ် ပါဝင်ဆောင်ရွက်မည်ဆိုပါက အနည်းဆုံး (၂၀၀) စတုရန်းမီတာကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်သည်။

 

Partner/Focus Country အဖြစ် ပါဝင်မှုနှုန်းထားများမှာ နေရာသီးသန့်အလွတ် (Bare Space) (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၅၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈% ကျသင့်မည် ဖြစ်ပြီး ပြခန်းဆောင်အကြမ်းထည် ပါဝင်သည့် (Shell Space) အတွက် (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၈၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈ % ကျသင့်မည် ဖြစ်သည်။ 

 

Advertisement

Click Here > Tin Aye (U)

 

ကမ္ဘာ့အစားအစာပြပွဲ (၂၀၂၃) သို့ ပါဝင် တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှု အသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲကျင်းပရေးဆိုင်ရာ ကော်မတီဖြစ်သည့်… 

 

Ministry of Food Processing Industries Government of India 

Mr. Jitendra Kumar. Director

Ph: 011-26496647

Email: This email address is being protected from spambots. You need JavaScript enabled to view it.

 

Invest India National Investment Promotion & Facilitation Agency

Ph: 011-23048155

Email: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး 

 

Sponsorship နှင့် Participating အတွက်…

Mr. Abhinav Singh, Head Food Processing & CIFTI

Ph: +91-9810160351

 

Exhibition Participation အတွက်… 

Mr. Kunal Chaudhary, Deputy Director

Ph: +91-9650282444

Email: This email address is being protected from spambots. You need JavaScript enabled to view it. 

 

Mr. Apoorv Bhatnagar, Deputy Director

Ph: +91-9891444339  

Email: This email address is being protected from spambots. You need JavaScript enabled to view it. သို့ တိုက်ရိုက် စာရင်းပေးပို့နိုင်ကြောင်း သိရသည်။

 

ပါဝင် တက်ရောက်သူများအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/ အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့ကို ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: This email address is being protected from spambots. You need JavaScript enabled to view it.၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁) သို့ မိတ္တူပေးပို့နိုင်သည်ဟု ဆိုသည်။

 

Published in Event & Exhibition

အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့ရှိ Bangalore International Exhibition Centre (BIEC) တွင် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပါဝင် ပြသမည့် ကုန်စည်ပြပွဲကို လာမည့် ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Published in Event & Exhibition

အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငှံနှင့် ကုလားပဲများ

Published in Myanmar

အိန္ဒိယမှ မတ်ပဲ တန်ချိန် တစ်သိန်းခွဲကို မတ်လ ၃၁ရက်နေ့မတိုင်ခင်အထိ ထပ်တိုး တင်သွင်းခွင့်ပြုသည်

Published in India

မြန်မာနိုင်ငံမှမတ်ပဲ တန်ချိန်တစ်သိန်းခွဲထပ်မံဝယ်ယူ ရန် အိန္ဒိယနိုင်ငံ၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး

Published in Myanmar

အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက်နေသည် လို့ မန္တလေး ပွဲစား၊

Published in India

အိန္ဒိယနိုင်ငံမှာ ဝီစကီစီးပွားရေးက အရေးပါတဲ့ စီးပွားရေးကဏ္ဍတစ်ခုဖြစ်သည်။ The Economic Times သတင်းစာအရ အိန္ဒိယမှာ ၂၀၁၈ ခုနှစ်တုန်းက အရက်သုံးစွဲမှုက ၂၁၂.၇ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

Published in Food & Livestock

ပဲပေါ်ရာသီကာလ ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံသို့  ပဲတင်ပို့ရာတွင်  သီးသန့် ကိုတာစနစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်း အတွင်းရေးမှူး  ဦးမင်းကိုဦးထံမှ သိရသည်။

Page 1 of 2

Search Articles