Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အက်ပ်ချုပ်ထိန်းမှုအောက်မှ စားစရာပေးပို့သူများရဲ့ အတိဒုက္ခ

တရုတ်အစိုးရက ပစ္စည်းပို့ လုပ်ငန်းများကို လုပ်သားများ အခြေခံ ကာကွယ်စောင့်ရှောက်မှုများ ရရှိသည်မှာ သေချာအောင် လုပ်ဖို့ ကြပ်မတ်နေသည်။

အငွေ့တထောင်းထောင်း ပူပူလောင်လောင် အသာတစ်နပ်ကို ကတိပြုထားသည့် အချိန်အတိုင်း အချိန်မီ ပို့ပေးရသော တရုတ်အစားအစာ ပေးပို့သူ မော်တော်ဆိုင်ကယ်သမား ကျောင်ကျန်းဟွာသည် သူ့အလုပ်အကိုင်ကို စားစရာမှာသည့် Meituan အက်ပ်မှတစ်ဆင့် ချိတ်ဆက် လုပ်ကိုင်သည်။ သူရမည့် ဝင်ငွေများ၏ တစ်ဝက် ဒဏ်ကြေး ချက်ချင်း ဖြတ်တောက်သည်ကို ကြုံရသည်။

သူပေးပို့သည့် အချိန်သည် နောက်ကျနေသည်ဟု မမှန်မကန် အချိန်မှတ်ပြီး သူရမည့် လုပ်ခကို ဖြတ်ချလိုက်ခြင်း ဖြစ်သည်။
စားစရာပေးပို့သည့် လုပ်ငန်းများသည် သန်းချီသော လုပ်သားများကို အမြတ်ထုတ်နေသည်ဟု သူက ပြောသည်။ ပစ္စည်းပေးပို့သည့် လုပ်ငန်းကဏ္ဍသည် ဆက်လက်စန်းပွင့်နေဆဲ ဖြစ်သည်။

အာဏာပိုင်တို့က Meituan နှင့် Alibaba ၏ Ele.me အပါအဝင် ပစ္စည်းပို့လုပ်ငန်းများကို အခြေခံ ကာကွယ်စောင့်ရှောက်မှုများ ရရှိနေသည်မှာ သေချာအောင် ဆောင်ရွက်ထားဖို့ ကြပ်မတ်နေသည်။ နစ်နာကြေး၊ အာမခံ အစရှိသည့် အချက်များအပြင် ဘေးန္တရာယ်ဖြစ်စေနိုင်သော မောင်းနှင်မှုများဖြင့် မမောင်းရအောင် စီစဉ်ထားခြင်း အစရှိသည်တို့ကို ကျကျနန စီမံပေးထားရမည် ဖြစ်သည်။

သို့သော် မြေပြင်အခြေအနေများမှာ မဆိုစလောက်သာ ပြောင်းလဲကြောင်း AFP သတင်းဌာနကို မော်တော်ဆိုင်ကယ်သမားတို့က ပြောပြကြသည်။

ကျောင်ကျန်းဟွာက "အော်ဒါကို ပေးထားတဲ့အချိန်အတွင်း အရောက်‌ပို့ပေးဖို့ တကယ့်ကို မြန်မြန်မောင်းမှ ရတယ်။ မီးနီတွေ ဖြတ်မောင်းရတယ်။ ဆန့်ကျက်ဘက် ယာဉ်ကြောထဲ ဝင်မောင်းရတယ်" ဟု ပြောပြသည်။
"အရင်က မိနစ် လေးဆယ် ငါးဆယ် အချိန်ပေးတဲ့ခရီးကို အခု မိနစ် ၃၀ ပဲ ကျွန်တော်တို့ကို ပေးတော့တယ်" ဟု သူက ပြောသည်။

ကိုဗစ်လော့ဒေါင်းနှင့် ဆိုင်ထိုင်စား ခွင့်မပြုသည့်အတွက် အိမ်အရောက် မှာစားကြသဖြင့် စားစရာပို့ ဝန်ဆောင်မှု လိုအပ်ချက် လွန်စွာ များပြားနေသည်။ တရုတ်ကျွေးမွေးဧည့်ခံရေးအသင်း China Hospitality Association အတိုအရ စားစရာပို့ကဏ္ဍသည် ယခုအခါ တန်ဖိုးပမာဏ ယွမ် ၆၆၄ ဘီလျံ ရှိသည်။ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလျံနှင့် ညီမျှသည်။

အမြန်ဆုံးပေးပို့ သည့် ဝန်ဆောင်မှုများဖြင့် ဆွဲဆောင်ကြရာ၌ ပေးပို့ရန် ကြာချိန်ကို လျှေ့ချသတ်မှတ်ခြင်းကြောင့် မတော်တဆ ထိခိုက်မှုများ ပိုများလာသည်။

ဘီဂျင်းတွင် Ele.me လုပ်ငန်းမှာ စားစရာပေးပို့စဉ် သေဆုံးခဲ့သူ၏ ကျန်ရစ်သူ မိသားစုကို နစ်နာကြေး အနည်းငယ်သာ ပေးသည့် သတင်း‌ကြောင့် လူအများတို့ စားစရာပေးပို့သူတို့၏ အတိဒုက္ခများကို ဂရုပြုမိခဲ့ကြသည်။ လုပ်ငန်းမှ လုပ်ခကို ဖြတ်တောက်သည့်အခါ မကျေမနပ် အငြင်းပွားလျှင် ချက်ချင်း အလုပ်ဖြုတ်ပစ်သည်။
ကိုဗစ်ကပ်ဘေး ပြင်းထန်နေစဉ်ကာလတွင် စားစရာပို့သည့် ယာဉ်မောင်းများ ဝင်ငွေ တစ်လ ပျမ်းမျှ ယွမ် ၇,၇၀၀ သာ ရရှိကြသည်။

သူတို့ကို အက်ပ်က ထိန်းချုပ်ထားသည်။ သွားရမည့် လမ်းကြောင်း၊ ကြာချိန်တို့ကို အက်ပ်က သတ်မှတ်ပေးသမျှ အတည်ယူရသည်။ အက်ပ်က ပေးပို့ချိန် အချိန်မီ မပို့ပေးဟု ဆုံးဖြတ်ပြီး ဒဏ်ကြေး ဖြတ်တောက်သည်ကို စားစရာပို့သူက သဘောတူရသည်။

စားစရာပို့သူ လျူက ရှင်းပြသည်မှာ ချမှတ်ပေးလိုက်သည့် ပေးပို့ရန်ကြာချိန်တွင် မှာကြားသည့် စားစရာများ ပြင်ဆင်ထုပ်ပိုးသည့် အချိန်ကို ထည့်သွင်းထားသည်။ ထိုကိစ္စသည် စားသောက်ဆိုင်မှ လုပ်ကိုင်ခြင်းဖြစ်ပြီး ပေးပို့သူက ဘာမှ မတတ်နိုင်ချေ။ သို့သော် ဆိုင်ကြောင့် ပေးပို့ချိန် အချိန်မမီလျှင် သူက ဒဏ်ကြေး ဖြတ်ခံရသည်။
"ဆိုင်က ကြာနေတာကို ပို့တဲ့သူက ဒဏ်ကြေးထိတယ်" ဟု သူက ပြောပြသည်။

Meituan အက်ပ်တွင် သုံးစွဲသူဦးရေ ၆၂၈ သန်း ရှိသည်။ သို့ဖြစ်ရာ စားစရာပို့သူတို့ Meituan အက်ပ်ကို မပစ်ပယ်နိုင်ပေ။ Meituan အက်ပ်၏ အယ်လဂိုရီသမ် (ဝါ) လုပ်နည်းစနစ်၏ စဉ်းစားဆုံးဖြတ်ချက်များသည်သာ အတည်ဖြစ်နေဦးမည်။

bangkokpost.com


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

 food delivery အက်ပ် Meituan Waimai သုံးစွဲသူ အများဆုံး

 

 

Read times Last modified on Wednesday, 10 November 2021 14:26
Rate this item
(0 votes)