India



အိန္ဒိယအစိုးရ အရန်ကြက်သွန်နီ သိုလှောင်ရန် တန်ချိန် ၇ သိန်း လျာထား

အိန္ဒိယအစိုးရ အရန်ကြက်သွန်နီ သိုလှောင်ရန် တန်ချိန် ၇ သိန်း လျာထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစိုးရက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အရန်ကြက်သွန်နီ သိုလှောင်ရန် တန်ချိန် ၇ သိန်း လျာထားပါသည်။ 

အိန္ဒိယအစိုးရသည် ကြက်သွန်နီများကို အရန်သိုလှောင်ထားပြီး ကြက်သွန်နီ အသစ်ပေါ်ခါနီးချိန် ကြက်သွန်နီ ပြတ်လပ်စပြူလာသည့်အခါ အရန်ကြက်သွန်နီများကို ထုတ်ရောင်းပေးခြင်းဖြင့် ကြက်သွန်နီ ဈေးမတက်အောင် ထိန်းကျောင်းသည်။ 

ယခုအခါ ကြက်သွန်နီ အသစ်ပေါ်ချိန် ဖြစ်သဖြင့် အစိုးရက ကြက်သွန်နီများ ဝယ်ယူလျက်ရှိရာ တန်ချိန် ၂၅,၀၀၀ ဝယ်ယူပြီးစီးကြောင်း စားသုံးသူရေးရာ အမြဲတမ်း အတွင်းဝန် Rohit Kumar Singh  က ဇန်တဝါရီလ ၁ ရက်တွင် ပြောကြားသည်။

 

ယခင်တကြိမ် ကြက်သွန်နီ ပေါ်ချိန်တွင် တန်ချိန် ၅ သိန်း  ဝယ်ယူခဲ့ပြီး ယခုတကြိမ်တွင် တန်ချိန် ၂ သိန်း ဝယ်ယူမည် ဖြစ်သည်။ 

 

ယခင်ဝယ်ယူထားသည့် ကြက်သွန်နီ တန်ချိန် ၅ သိန်းထဲမှ တန်ချိန် ၃.၀၄ သိန်းကို ယခုကြက်သွန်နီ ပေါ်ချိန် မတိုင်ခင်မှာ ထုတ်ရောင်းပေးခဲ့သည်။ ထိုသို့ ထုတ်ရောင်းပေးခဲ့သဖြင့် ကြက်သွန်နီ ဈေးတက်နေရာမှ ပြန်ကျသွားခဲ့သည်။ 

ထို့ပြင် ဈေးထိုးတက်သည်ကို ထိန်းရန်အတွက် အိန္ဒိယအစိုးရက  ကြက်သွန်နီ ပြည်ပတင်ပို့မှုကို လာမည့် မတ်လ ၃၁ ရက်အထိ ပိတ်ပင်ထားပါသည်။ 

Source business-standard


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 03 January 2024 23:07
Rate this item
(0 votes)