India



အာရှဆန်ဈေးကွက် တပတ်တာ ဈေးနှုန်းအတက်အကျများ

အာရှဆန်ဈေးကွက် တပတ်တာ ဈေးနှုန်းအတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဇန် ၂၆ ၂၀၂၄

 

• ဗီယက်နမ်ဆန် မက်ထရစ်တစ်တန်လျှင် ကန်ဒေါ်လာ ၆၃၀ သို့ ကျဆင်း

• ဘတ်ငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်း အားပျော့သဖြင့် ထိုင်းဆန် ဈေးနှုန်းများ ကျဆင်း

• စပါးအထွက် ကောင်း၊ အရန်ဆန် စံချိန်တင် များပြားနေပါလျက် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်

• အိန္ဒိယပေါင်းဆန် ပြည်တွင်းဈေးကွက်ထဲ အဝင်နည်းခြင်း၊ အာရှနှင့် အာဖရိက ဝယ်လက်များက ပုံမှန်အားဖြင့် အဝယ်လိုက်နေခြင်းတို့ကြောင့် ယခု သီတင်းပတ်မှာ စံချိန်တင် မြင့်တက်

.

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က 525-$535 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $533-$542 သို့ စံချိန်တင် မြင့်တက်သွားသည်။

.

"အစိုးရက အရန်ဆန်အတွက် စပါးတွေ တအားဝယ်နေတော့ ပုဂ္ဂလိက ကုန်သည်တွေ နည်းနည်းပဲ ဝယ်လို့ရတယ်။ ဈေးကွက်ထဲ ဆန်အဝင် နည်းနေတယ်။ အသစ်ပေါ်တဲ့ စပါးတွေက ဆန်စက်တွေမှာပဲ ရှိနေသေးတယ်။ ဒီတော့ ဝယ်ဖို့ ရနိုင်တဲ့ဆန် နည်းနေတယ်"ဟု ကုန်သည်တဦးက ပြောသည်။

.

အိန္ဒိယ၏ ဆန်အထွက်နှုန်းသည် ယခုဘဏ္ဍာနှစ်တွင် ရှစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် ကျဆင်းဖွယ်ရှိသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရက မဲရဖို့အတွက် လာမည့်

ရွေးကောက်ပွဲ မပြီးမချင်း ပြည်တွင်း ဆန်ဈေး မြင့်မတက်အောင် ချုပ်ထိန်းမည် ဖြစ်သဖြင့် ပြည်ပသို့ ဆန်တင်ပို့မှု ဆက်လက်ပိတ်ပင်ထားဖွယ် ရှိသည်။ 

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $653 ရှိခဲ့ရာမှ ယခု ရက်သတ္တပတ်တွင် $630 သို့ ကျဆင်းသည်။

ပြည်တွင်း ဈေးကွက်ထဲ ဆန်သစ်များ ဝင်လာနေသည်။ မဲခေါင် မြစ်ဝကျွန်းပေါ်တွင်လည်း စပါးများ ရိတ်သိမ်းနေကြပြီ။ မတ်လတွင် အများဆုံး ရိတ်သိမ်းမည်။ 

.

 "အဝယ်အေးနေတယ်။ ပြည်ပဝယ်လက်တွေက ဈေးထပ်ကျဦးမှာကို စောင့်နေကြတယ်။ လာမယ့် ဆောင်း-နွေစပါး ရိတ်သိမ်းချိန်မှာ ဆန်တွေ ဈေးကွက်ထဲ ပိုများများ ဝင်လာမယ်လို့  မျှော်မှန်းထားကြတယ်" ဟု ဟိုချီးမင်းစီးတီးမှ ဆန်ကုန်သည်က ပြောကြားသည်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် ယခုအပတ် အနည်းငယ် ဈေးကျသည်။ ခေါ်ဈေး တတန်လျှင် ယခင်အပတ်က $665 ရှိခဲ့ရာမှ ယခု ရက်သတ္တပတ်တွင် $663-$665 သို့ ကျဆင်းသည်။

ဈေးနှုန်း အနည်းငယ်ကျဆင်းသည်မှာ ဘတ်-ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဘတ်ငွေ အားပျော့သောကြောင့် ဖြစ်သည်။ 

သို့သော် အင်ဒိုနီးရှားမှ အမှာစာအသစ် တန်ချိန် ၅ သိန်း ရရှိထားခြင်းက ဈေးမကျအောင် ထိန်းပေးထားလိမ့်မည်။

.

ဘင်္ဂလားဒေ့ရှ်တွင် ဆန်ဈေး ပြီးခဲ့သည့် သီတင်းပတ်က သိသိသာသာ မြင့်တက်လာခဲ့သည်။ စပါးအထွက်လည်း ကောင်းသည်။ အရန်ဆန် လက်ကျန်လည်း စံချိန်တင် များပြားသည်။ သို့ပါလျက် ပြည်တွင်းဆန်ဈေး မြင့်တက်သဖြင့် ဝန်ကြီးချုပ် ရှိတ်ဟာဆင်နာက ဆန်လှောင်လက်များကို ချက်ချင်းအရေးယူရန် အမိန့်စာ ထုတ်ထားသည်။ 

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 26 January 2024 17:41
Rate this item
(0 votes)