Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ ငါးထမင်းနယ်

Unicode <<<


စားလို့အရမ်းကောင်းတဲ့ ငါးထမင်းနယ်


ကလေးများနှင့် လူကြီးများအကြိုက်တွေ့စေမယ့်အပြင် အိမ်တွင်လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ငါးထမင်းနယ်အကြောင်းလေးကို တင်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ရှမ်းဆန်၊ မြေပဲကြော်၊ ငရုတ်ခြောက်တောင့်၊ ငါးရံ့၊ အာလူး၊ ခရမ်းချဉ်သီး၊ ရှမ်းပဲပုတ်ပြား၊ ဆီ၊ ဆား၊ နနွင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ဂျူးမြစ်၊ ဆလပ်ရွက် တို့လိုအပ်ပါမယ်။


Wheat Mills ဂျုံစက်ရုံများ ၅၉ ခုကိုရှာရန်နှိပ်ပါ။


ပထမဆုံး ဆန်ကို အနည်းငယ်ပျော့အောင်ချက်ပြီး အအေးခံထားပါ။


ပြီးလျှင် ငါးကို ဆား၊ နနွင်းအနည်းငယ်၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်ကာ ပြုတ်ပြီး အအေးခံထားပါ။ ငါးအေးပြီဆိုရင် အရေခွံတွေဖယ်ပြီး အသားနွှင်ထားပါ။


ခရမ်းချဉ်သီးကိုလည်း နနွင်းမှုန့်၊ အရောင်တင်အနည်းငယ်ထည့်ပြုတ်ပြီး အခွံတွေ ဖယ်ထုတ်ကာ အနှစ်ရအောင် ချေထားပါ။


အာလူးကိုပြုတ်ပြီး ပါးပါးလှီးထားပါ၊ ရှမ်းပဲပုတ်ကို ကြွပ်အောင်ကင်ပြီးမှုန့် နေအောင်ထောင်းပေး ပါ။


ထမင်းသုပ်နှင့်တွဲဖက်စားသုံးရန်အတွက် မြေပဲကြော် ၊ ငရုတ်ခြောက်တောင့်ကြော်၊ ကြက်သွန်ဖြူဆီချက်တွေ ပြင်ဆင်ထားပါ။ နောက်ထပ်တွဲဖက်စားသုံးရန်အတွက် နံနံပင်၊ ဂျူးမြစ်၊ ဆလပ်ရွက်တွေကို ရေဆေးသန့်စင်ပါ။


အအေးခံထားတဲ့ထမင်းကို ဇလုံကြီးကြီးထဲမှာထည့်ပြီး ၊ ငါးပြုတ် ၊ ခရမ်းချဉ်သီးအနှစ်၊ ပဲပုတ်ထောင်း၊ အာလူးပြုတ်တွေကို ရောထည့်ကာ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး နှံ့အောင်နယ်ပေးပါ။


Read More >>>>>  ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း


ထမင်းသုပ်ပြီးလျှင် ပန်းကန်လုံး အရွယ်လေးတော်လေးထဲထည့်၍ ပုံစံခွက်လေးဖြစ်အောင်လုပ်ပြီးမှ ပန်းကန်ပြားထဲသို့ ထည့်လိုက်ပါ။


ပြီးနောက် ကြက်သွန်ဖြူ ဆီချက်လေးဆမ်းပြီး မြေပဲကြော်၊ ငရုတ်ခြောက်တောင့်ကြော်၊ ဂျူးမြစ်၊ နံနံပင်၊ ဆလတ်ရွက်လေးတွေနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 

Zawgyi<<<

 

စားလုိ႕အရမ္းေကာင္းတဲ့ ငါးထမင္းနယ္

 

ကေလးမ်ားႏွင့္ လူႀကီးမ်ားအႀကိဳက္ေတြ႔ေစမယ့္အျပင္ အိမ္တြင္လြယ္လင့္တကူ လုပ္စားႏိုင္တဲ့ ငါးထမင္းနယ္အေၾကာင္းေလးကို တင္ျပေပးလိုက္ပါတယ္။

 

လိုအပ္သည့္အမယ္မ်ားကေတာ့ ရွမ္းဆန္၊ ေျမပဲေၾကာ္၊ င႐ုတ္ေျခာက္ေတာင့္၊ ငါးရံ႕၊ အာလူး၊ ခရမ္းခ်ဥ္သီး၊ ရွမ္းပဲပုတ္ျပား၊ ဆီ၊ ဆား၊ နႏြင္း၊ ၾကက္သြန္ျဖဴ၊ နံနံပင္၊ ဂ်ဴးျမစ္၊ ဆလပ္ရြက္ တုိ႔လိုအပ္ပါမယ္။

 

Wheat Mills ဂ်ံဳစက္ရံုမ်ား ၅၉ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဆံုး ဆန္ကို အနည္းငယ္ေပ်ာ့ေအာင္ခ်က္ၿပီး အေအးခံထားပါ။

 

ၿပီးလွ်င္ ငါးကို ဆား၊ နႏြင္းအနည္းငယ္၊ ၾကက္သြန္ျဖဴကို ဓါးျပား႐ိုက္ထည့္ကာ ျပဳတ္ၿပီး အေအးခံထားပါ။ ငါးေအးၿပီဆိုရင္ အေရခြံေတြဖယ္ၿပီး အသားႏႊင္ထားပါ။

 

ခရမ္းခ်ဥ္သီးကိုလည္း နႏြင္းမႈန္႔၊ အေရာင္တင္အနည္းငယ္ထည့္ျပဳတ္ၿပီး အခြံေတြ ဖယ္ထုတ္ကာ အႏွစ္ရေအာင္ ေခ်ထားပါ။

 

အာလူးကိုျပဳတ္ၿပီး ပါးပါးလွီးထားပါ၊ ရွမ္းပဲပုတ္ကို ၾကြပ္ေအာင္ကင္ၿပီးမႈန္႔ ေနေအာင္ေထာင္းေပး ပါ။

 

ထမင္းသုပ္ႏွင့္တြဲဖက္စားသံုးရန္အတြက္ ေျမပဲေၾကာ္ ၊ င႐ုတ္ေျခာက္ေတာင့္ေၾကာ္၊ ၾကက္သြန္ျဖဴဆီခ်က္ေတြ ျပင္ဆင္ထားပါ။ ေနာက္ထပ္တြဲဖက္စားသုံးရန္အတြက္ နံနံပင္၊ ဂ်ဴးျမစ္၊ ဆလပ္ရြက္ေတြကို ေရေဆးသန္႔စင္ပါ။

 

အေအးခံထားတဲ့ထမင္းကို ဇလုံႀကီးႀကီးထဲမွာထည့္ၿပီး ၊ ငါးျပဳတ္ ၊ ခရမ္းခ်ဥ္သီးအႏွစ္၊ ပဲပုတ္ေထာင္း၊ အာလူးျပဳတ္ေတြကို ေရာထည့္ကာ ဆား၊ ဟင္းခတ္မႈန္႔တို႔ထည့္ၿပီး ႏွံ႔ေအာင္နယ္ေပးပါ။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ငါးသေလာက္ေပါင္း

 

ထမင္းသုပ္ၿပီးလွ်င္ ပန္းကန္လံုး အရြယ္္ေလးေတာ္ေလးထဲထည့္၍ ပုံစံခြက္ေလးျဖစ္ေအာင္လုပ္ၿပီးမွ ပန္းကန္ျပားထဲသို႔ ထည့္လိုက္ပါ။

 

ၿပီးေနာက္ ၾကက္သြန္ျဖဴ ဆီခ်က္ေလးဆမ္းၿပီး ေျမပဲေၾကာ္၊ င႐ုတ္ေျခာက္ေတာင့္ေၾကာ္၊ ဂ်ဴးျမစ္၊ နံနံပင္၊ ဆလတ္ရြက္ေလးေတြနဲ႔ တြဲဖက္၍ သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times
Rate this item
(0 votes)