Korea
ကိုရီးယား ပဲခေါက်ဆွဲ
ကိုရီးယားအစားအစာကြိုက်နှစ်သက်သူများအတွက် အဆင်ပြေစေမယ့် ကိုရီးယားပဲခေါက်ဆွဲကို ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကိုရီးယား ပဲခေါက်ဆွဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်တဲ့ပစ္စည်းများကတော့ ဂျုံခေါက်ဆွဲအစို၊ ပဲငပိအချိုအနှစ်၊ သကြား၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ကြက်သား၊ ဝက်သား၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပြောင်းဖူးမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် တုံးထားပါ။ ပြီးလျှင် အသားတုံးကို ဆား၊ ဟင်းချက်ဝိုင်၊ ပြောင်းဖူးမှုန့်နဲ့ ရေ အနည်းငယ်တို့ဖြင့် ထည့်ဖျော်ပေးထားပါ။
ပြီးလျှင် အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီများကို အတုံးသေးသေးလေးတွေဖြစ်အောင် တုံးထားပါ။
ပြီးနောက် ဂျုံခေါက်ဆွဲအစိုကို ရေနွေးဖျောထားပါ။ ခေါက်ဆွဲမာလျှင် အနည်းငယ်ပြုတ်ပြီး ရေစစ်ထားပါ။
ပြီးရင်တော့ ဒယ်အိုးတစ်ခုထဲကို ဆီထည့်အပူပေးပြီး ဆီပူလာလျှင် အသားများကို ထည့်ကြော်ပါ။
အသားများကျက်လာလျှင် မုန်လာဥနီနှင့် အာလူးကို ထည့်ကြော်ပါ။ ရေနည်းနည်းထည့်ပါ။
မုန်လာဥနီနှင့် အာလူးအိလာလျှင် ကြက်သွန်နီထည့်ကြော်ပါ။ မိနစ်အနည်းငယ်လောက်နေလျှင် မီးပိတ်ထားလိုက်ပါ။
အခြားအိုးတစ်ခုတွင် ဆီကိုထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ပဲငပိအချိုကို မွှေးလာအောင် ဆီသတ်ပါ။ သကြားနှင့် ခရုဆီထည့်ပါ။ ပြီးလျှင် မီးဖိုပေါ်ကချလိုက်ပါ။
ပြီးလျှင် ဆီသတ်ထားသော ပဲငပိများကို အသားနှင့် အသီးအနှံကြော်ထားတဲ့အထဲထည့်ပါ။
ပဲငပိအိုးထဲကို ရေထည့်ကျင်းပြီး အသီးအနှံ ဒယ်အိုးထဲသို့ လောင်းထည့်ပါ။ မိနစ်အနည်းငယ်လောက်တည်ပြီးလျှင် ဖျော်ထားသော ပြောင်းဖူးအမှုန့့် အရည်များကို လောင်းထည့်ပါ။ ပွက်ပြီး ပျစ်လာလျှင် အပေါ့အငံမြည်း၍ မီးဖိုပေါ်မှချလိုက်ပါ။ link
ပဲခေါက်ဆွဲ စားရန်အတွက် ဂျုံခေါက်ဆွဲကို အရင်ထည့်၊ ပဲအနှစ်ရည်များကို အပေါ်ကထည့်ပြီး နယ်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါသည်။
Read More >>>>> ကိုရီးယားစတိုင်လ် ဘာဘီကျူးအနှစ် ပုစွန်ကင်