Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540

Tuesday, 03 November 2020 10:32
Onlineမှ ဆီလုပ်ငန်းများကို ၄၃ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Monday, 02 November 2020 07:14
ကိုဗစ်ကပ်ရောဂါကာလ အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်အဝင်အထွက်တွေမှာ လုံခြုံရေးနဲ့ စည်းကမ်းချက်တွေ

Wednesday, 28 October 2020 08:24
Grab သည် နက်စ်လေ၊ ရွိုင်ရယ်-ဒီ၊ မိုင်.ဘေ.စင် "ဇင့်" ၊ အန်နာဗွန် စီ နှင့် G&G အမှတ်တံဆိပ်များနှင့်အတူ

Monday, 26 October 2020 10:57
COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန် ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခု www.myantrade.gov.mm/ အား ယခုရက်ပိုင်းမှစ၍ အကောင်အထည်ဖော်ထုတ်လွှင့်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့(Myantrade)မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။ “ဝက်ဘ်ဆိုက်လွှင့်တင်တာက သတင်းအချက်အလက်တွေကို ကုန်ထုတ်လုပ်တဲ့သူတွေရော၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊တခြားလုပ်ငန်းရှင်တွေရော ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ပြည်သူတွေသိရှိဖို့အတွက်ဖြစ်ပါတယ်’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။အထူးသဖြင့် ကုန်သွယ်မှုနှင့် ဆိုင်သော ဈေးနှုန်း၊သတင်း နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် Link များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းဆိုသည်။ မြန်မာနိုင်ငံ၏ ထူးခြားသောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို သိရှိ လေ့လာလိုသော နိုင်ငံတကာမှ ဝယ်ယူသူများအတွက်မြန်မာ့ပို့ကုန်များနှင့် တင်ပို့သည့် ကုမ္ပဏီများ၏ အဓိကသတင်းအချက်အလက်များကို ဤဝက်ဘ်ဆိုက်တွင်ဖော်ပြထားကြောင်း သိရသည်။ နိုင်ငံတကာမှဝယ်ယူသူများသည်အမြဲ ဆန်းသစ်မွမ်းမံလျက်ရှိသော တင်ပို့သူများ၏ ဒေတာ အချက်အလက်များမှ တဆင့်ပြည်တွင်းရောင်းချသူများကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် e-Commerce Platform တစ်ခုဖြစ်လာမည့် အွန်လိုင်းဈေးတန်း (virtual marketplace)သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် တင်ပို့သူများအား ၎င်းတို့ ၏ ထုတ်ကုန်များကို ပြသနိုင်ရုံသာမကအရောင်းမြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်အသစ်တွင် မြန်မာကုမ္ပဏီများသည် ကုန်သွယ်မှုဆိုင်ရာသတင်း အချက်အလက်များကို ပြည့်ပြည့်စုံစုံ အချိန်နှင့်တစ်ပြေးညီ တစ်စုတစ်ဝေးတည်း ရရှိလေ့လာနိုင်မည် ဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာများ ကန့်သတ်ထားချိန်တွင် ကုမ္ပဏီများသည် အရည်အသွေးပြည့်ဝသော ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းမှတဆင့်ရယူခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ဈေးကွက်ချဲ့ထွင်ရေးကို အလွယ်တကူနှင့် ဘေးကင်းစွာ စီစဉ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။ “ကျွန်မတို့ဝက်ဆိုက်မှာ Market Place ဆိုတာ ထည့်သွင်းဆောင်ရွက်ထားပါတယ်။ရောင်းချင်သူ၊ ဝယ်ချင်သူတွေတွေ့ရင် စိတ်ဝင်စားရင် အချင်းချင်းဆက်သွယ်လို့ရအောင် link လေးနဲ့ ချိတ်ဆက်နိုင်အောင် E-commerce ပလက်ဖောင်းလေးအနေနဲ့လုပ်ထားတာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို လူသိဖို့လိုပါသေးတယ်။ မားကက်တင်းတွေများများဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု ဒေါ်နော်မူတာကပေါက ဆက်ပြောသည်။ ယင်းဝက်ဘ်ဆိုက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade)မှ ပုဂ္ဂိုလ်များထံ တိုက်ရိုက် မေးမြန်းနိုင်မည့် အစီအစဉ်ဖြစ်သည့် “Live Chat” ကိုလည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းဝက်ဘ်ဆိုက်သည် ယခုအချိန်တွင် အားလုံးပြီးပြည့်စုံပြီဟူ၍ မပြောနိုင်သေးကြောင်း၊ ရှေ့ပိုင်းတွင် ပိုမိုကောင်းမွန်စေရန်ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်းဆိုသည်။ (Xinhua)

Monday, 26 October 2020 10:55
ယနေ့ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ရောဂါကြောင့်လူမှုရေး၊ စီးပွားရေးရိုက်ခတ်မှုများ ရှိနေပါသည်။

Monday, 26 October 2020 10:35
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ သာရမဲကျေးရွာတွင် ဓာတုကင်းလွတ်

Monday, 26 October 2020 10:33
Onlineမှ ဆီလုပ်ငန်းများကို ၄၂ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Friday, 23 October 2020 16:21
လတ်တလောကာလသည် တံငါးလုပ်ငန်း သမားများအတွက် နှစ်စဉ် ငါးအပေါများဆုံးရသည့်