Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540

Friday, 16 October 2020 11:36
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုးရီးယားနိုင်ငံ KOICA ၏ ထောက်ပံ့မှုဖြင့်

Friday, 16 October 2020 10:04
ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း

Thursday, 15 October 2020 17:25
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး

Thursday, 15 October 2020 12:26
တရုတ်နှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှုလျော့နည်းနေသည့်အတွက် ပြောင်းဈေးများ အနည်းငယ် ကျဆင်းနေသည်

Thursday, 15 October 2020 10:48
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏

Wednesday, 14 October 2020 13:33
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ

Wednesday, 14 October 2020 12:32
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ဆောင်းသီးနှံကုလားပဲ ဒေသနှင့်ကိုက်ညီမှုရှိမရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့ ဟိုင်တလန်စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည် ဖြစ်သည်။   “ကျွန်တော်တို့ ဒီဆောင်းကုလားပဲကို ဒေသနှင့်ကိုက်ညီမှုရှိ မရှိ စမ်းသပ်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒေသနှင့် ကိုက်ညီမှုရှိရင်တော့ ချင်းပြည်နယ်အတွင်း ဆက်လက်ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒီဆောင်းကုလားပဲမျိုးစေ့ကို ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)ကနေ ပို့ပေးတာပါ၊ အခုစမ်းသပ်တဲ့အနေနှင့် (၀.၅)ဧကလောက် စမ်းသပ် စိုက်ပျိုးဖို့ ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ မြေပြုပြင်တာတွေ လုပ်ပါတယ်၊ နောက်နေ့မှာတော့ စမ်းသပ် စိုက်ပျိုးသွားမှာပါ” ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က ပြောကြားခဲ့သည်။   ထိုဆောင်းသီးနှံကုလားပဲကို ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ပျိုးခြင်းအဖြစ် (၀.၅)ဧက စတင် စမ်းသပ်စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီမှုရှိလျှင် ဒေသခံတောင်သူများထံ ဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမှာ ဖြစ်သည်ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။   By Myanmar Food Guide MDN