Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540

Wednesday, 14 October 2020 11:48
လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီတွင်

Wednesday, 14 October 2020 10:35
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်းပြောင်းထွက်ရှိမှုနှုန်းပေါ်

Tuesday, 13 October 2020 11:10
မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများအခြေခံသတ်မှတ်ဈေးနှုန်းအောက် လျော့ကျပါက

Tuesday, 13 October 2020 10:46
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အဓိကစီးပွားရေးအဖြစ် တောင်သူ လုပ်ငန်းလုပ်ကိုင်ကာ

Tuesday, 13 October 2020 10:34
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး

Monday, 12 October 2020 13:42
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးပြင်ဆင်ထားရှိမှု

Monday, 12 October 2020 10:37
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်း ရေးဆွဲရေး(စတုတ္ထအကြိမ်)

Monday, 12 October 2020 10:28
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ဆယ်စုနှစ် တစ်ခုကျော် အကြာ ရွာစဉ်တစ်လျှောက် နယ်လှည့်ရောင်းချနေသည့် Mobile team ငါးရောင်းသူများမှာ လက်ရှိတွင် တစ်ကြိမ် တစ်ခါမှ မကြုံဖူးသေးသည့် ကပ်ဘေးဖြစ်နေသော ကာလတွင်ကန့်သတ်ချက် အချို့ရှိလာသည့်အတွက် ကျေးရွာများတွင် ငါးရောင်းချရာတွင် အခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု ငါးလှည့်လည် ရောင်းချနေသူ တစ်ချို့ထံမှ သိရသည်။   မြိတ်ခရိုင်အတွင်း မြိတ်မြို့နှင့်အလှမ်းကွာဝေးသည့် ပုလော၊ တနင်္သာရီ မြို့နယ်တို့ရှိကျေးရွာများသို့ ဆိုင်ကယ်ဘေးဝဲ/ယာတစ်ဖက်စီတွင် ဖြတ်တောက်ထားသော ငါးဂါလံဝင်ဆံ့သည့် ပုံးလေးလုံးအားချိတ်ဆွဲပြီး နယ်လှည့် Mobile team ငါးရောင်းချနေသော ဈေးသည်များမှာ အရင်းကပါလာသည့်ငါးများ ရောင်းကုန်ခဲ့သော်လည်း ယခုလက်ရှိတွင်နေ့စဉ် နီးပါး ရောင်းမကုန်တာမျိုးရှိလာသောကြောင့် နယ်လှည့်ငါးရောင်းချနေသော ဈေးသည်များအခက်ကြုံ တွေ့နေရသည်။   "ကျွန်တော် ငါးရောင်းလာတဲ့ သက်တမ်းတစ် လျှောက်မှာဒီတစ်ခါကတော့ အဆိုးဆုံးပါပဲ၊ လက်ရှိကြုံတွေ့နေရတာက ကိုဗစ် ၁၉ ရောဂါကြောက်လို့ ရွာတွေကလမ်းကြောင်းတွေ ပိတ်ထားတယ်။ ပေးဝင်တဲ့ရွာရှိသလို ပေးမဝင်တဲ့ရွာတွေလည်း ရှိတယ်။ ပေးမဝင်တဲ့ရွာတွေမှာကျတော့ လမ်းဘေးမှာရောင်းရတယ်၊ ကိုယ်ဖောက်သည်တစ်ချို့ကတော့ လာစောင့်ပြီးဝယ်တယ်။ ဝယ်တဲ့သူကအရင်က ထက်နည်းသွားပါတယ်။ ၁၀ ဉီးမှာ နှစ်ဉီးလောက်ပဲ လာဝယ်ကြတယ်။ အလုပ်သမားတွေမှာလည်း လုပ်ငန်းခွင်ကမရှိ၊ စားဝတ်နေရေးအတွက် ဝယ်စားစရာ ပိုက်ဆံကလည်း မရှိကြဘူး၊ သူတို့မှာလည်း ဒုက္ခရောက်နေပါတယ်။ ကျနော်တို့လည်းရောင်းမကုန်တော့ အခက်တွေ့နေပါတယ်။ အခုကလမ်းဘေးမှာပဲ စောင့်ရောင်းနေရတဲ့ ပုံစံဖြစ်နေတယ်။ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည် ရောင်းချနေတဲ့ ငါးဈေးသည်တွေအနေနဲ့ အခုလိုမျိုး ရောင်းအား ကျဆင်းတဲ့ အဖြစ်မျိုး တစ်ခါမှ မကြုံဖူးသေးတာကြောင့် အဆင်မပြေမှုတွေ အရင်ကထက် ပိုများလာတယ် " ဟုမြိတ်မြို့မှ ငါးလှည့်လည် ရောင်းချနေသူ ဉီးအောင်စိုးဦးက ပြောခဲ့သည်။   မြိတ်မြို့နှင့်ပုလောမြို့နယ်တို့တွင် ကိုဗစ်ရောဂါ ပိုးကူးစက်မှုအချို့ စတင်တွေ့ရှိလာပြီးနောက် ဒေသခံ ပြည်သူတွေ အကြား စိုးရိမ်မှုတွေ မြင့်တက်လာနေတာကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ကန့်သတ်ချက်တွေ ရှိလာပြီးကျေး ရွာအချို့မှာရွာအတွင်းသို့ အဝင်မခံသည့်အတွက် ရွာပြင်တွင်သာ ရောင်းချနေရပြီး ငါးရောင်းသည့်ဈေးသည်များ များပြားလာသောကြောင့် အရင်ကနှစ်ချင်း ရောင်းကုန်သော်လည်း လက်ရှိတွင် တစ်ချင်းသာ ရောင်းကုန်သည့်အတွက် ကျန်နေသည်ငါးများမှာ ဆုံးရှုံးမှုများရှိနေသည်။   " အခုလို နယ်လှည့် ငါးရောင်းချနေတဲ့ သူတွေ အနေနဲ့ အရင်က တစ်ရွာဝင်တစ်ရွာထွက် ရောင်းနေရာက လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာလမှာတစ်ချို့ရွာတွေ့က အဝင်မခံလို့ ငါးရောင်းနေတဲ့ ဈေးသည်တွေမှာ အရှုံးပေါ်နေပါတယ်" ဟု ငါးရောင်းနေသူ ကိုဆန်းလင်းအောင်က ပြောသည်။   မြိတ်၊ ပုလော၊ တနင်္သာရီမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ရွာစဉ်တစ်လျှောက် နယ်လှည့် Mobile team ငါးရောင်းချနေသော ဈေးသည်များမှာ တစ်နေ့လျှင် ဆိုင်ကယ်အစီးပေါင်း(၁၀၀) ကျော်ခန့်သွားရောက် ရောင်းချနေကြသည်လို့ သိရသည်။   ထိုရောင်းချနေသော ငါးများမှာလည်း ရေရှည်ထား၍ မရသည့်အတွက် ရောင်းမကုန်သော ရက်များ၌ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ကိုဗစ် ၁၉ ကာလမှာလည်း မည့်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမသိရသည့်အတွက် နယ်လှည့်ငါးရောင်းချနေသူတို့ အနေဖြင့် စိန်ခေါ်မှု အခက်အခဲများ ကြုံတွေ့နေရသည် လို့ နယ်လှည့်ငါးရောင်းချနေသော ဈေးသည်အချို့ထံမှ သိရသည်။   By Myanmar Food Guide